Home သတင်း ၆၇နှစ်‌မြောက်တွင် ကရင့်‌တော်လှန်‌ရေးသမိုင်း စာအုပ်မိတ်ဆက်ပွဲပြုလုပ်ခဲ့

၆၇နှစ်‌မြောက်တွင် ကရင့်‌တော်လှန်‌ရေးသမိုင်း စာအုပ်မိတ်ဆက်ပွဲပြုလုပ်ခဲ့

1608

ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ယခုနှစ် ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် ကျ‌ရောက်သည့် ၆၇နှစ်‌မြောက် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့ အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ၊ (ဗဟို) စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန၊ သမိုင်း‌ကော်မတီက ဖြန့်ချိထုတ်‌ဝေသည့် ကရင့်‌တော်လှန်‌ရေးသမိုင်း စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ M3 စား‌သောက်ဆိုင်ခန်းမ၌ ည‌နေ ၃နာရီမှ ၄နာ ရီခွဲအထိ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲကို ယ‌နေ ့ကျ‌ရောက်သည့် ကရင့်‌တော်လှန်‌ရေး‌နေ့ကို ဂုဏ်ပြု‌သောအားဖြင့် ရန်ကုန်မြို့ရှိ ကရင်လူ ငယ်များက စု‌ပေါင်းကျင်းပခြင်းဖြစ်ပြီး ကရင့်‌တော်လှန်‌ရေးသမိုင်းစာအုပ်ဖြစ်‌သော်လည်း တိုင်းရင်းသားအားလုံးလက်တွဲ လုပ် ‌ဆောင်ခဲ့သည်များ စာအုပ်တွင်ပါရှိသည့်အတွက် လူထုကိုဖတ်‌စေချင်သည့် ဆန္ဒဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု စီစဉ်သူတဦးဖြစ်သူ ‌စောထွန်းထွန်းက ‌ပြောသည်။

နှစ်နာရီနီးပါးကြာ ပြုလုပ်ခဲ့သည့် ယင်းအခမ်းအနားသို ့ ရန်ကုန်မြို့ရှိ ကရင်လူငယ်များ၊ သတင်းမီဒီယာများ စုစု‌ပေါင်း ၃ဝဦးခန့် တက်‌ရောက်ခဲ့ကြပြီး ကရင်တတ်သိပညာရှင်တဦးဖြစ်သူ ‌စောကပိက ကရင့်‌တော်လှန်‌ရေး‌နြေ့ဖစ်‌ပေါ်လာပုံနှင့် လှုပ်ရှားမှုများအ ‌ကြောင်းကို ရှင်းလင်း‌ပြောဆိုခဲ့သလို ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကလည်း အခမ်းအနားတွင် အမှာစကား ‌ပြောဆိုခဲ့ သည်။

ဦးကိုကိုကြီးက “ကျ‌နော်က‌တော့ သမိုင်းစာအုပ်‌တွေ ထွက်‌ပေါ်လာတဲ့အ‌ပေါ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဘာ‌ကြောင့် လည်းဆို‌တော့ ကျ‌နော်တို့နိုင်ငံမှာက သမိုင်းအ‌ဖျောက်ခံရတဲ့ နိုင်ငံမို့ပါ။ ကျ‌နော် ဒီစာအုပ်ကို ကြည့်ပြီး‌တော့ အားကျတယ်။ ၈၈ လှုပ်ရှားမှုသမိုင်း‌ရေးချင်လို့ပါ။ ဒါ‌ပေမဲ့ အ‌ထောက်အထား‌တွေ မရှိဘူး။ မှတ်တမ်း‌ရေးထားတာ ဖမ်းမိရင် ‌နောက်က‌နေ တစ်‌လှေ ကြီး အဖမ်းခံရလို ့မ‌ရေးခဲ့ရဘူး”ဟု စာအုပ်အ‌ပေါ်မှတ်ချက်ပြု ‌ပြောခဲ့သည်။

အလားတူ ကရင့်‌တော်လှန်‌ရေးစတင်ခဲ့သည့် ရန်ကုန်မြို့တွင် ယခုလို ‌တော်လှန်‌ရေးသမိုင်းစာအုပ် မိတ်ဆက်ထုတ်‌ဝေနိုင်ခြင်း သည် ထူးခြားမှုတခုပင်ဖြစ်သလို ယခုစာအုပ်တွင် ကရင်‌တော်လှန်‌ရေး ရှုံးနိမ့်မှု သို့မဟုတ် ‌အောင်မြင်မှုတို့ကို ‌စောဘဦးကြီးက အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကို ‌လေ့လာနိုင်ပြီး ဆရာကြီး‌ဒေါက်တာသန်းထွန်း‌ပြောခဲ့သလို မ‘အ’‌အောင်သမိုင်းကို ဖတ်ရန်လိုသည် ဟု ‌စောကပိက လူငယ်များအား တိုက်တွန်း‌ပြောဆိုခဲ့သည်။

စာမျက်နှာ ၂၄ဝ ပါရှိသည့် ကရင့်‌တော်လှန်‌ရေးသမိုင်းစာအုပ်ကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟို‌ကော်မတီအ စည်းအ‌ဝေးမှ ဗဟိုအမြဲတမ်း‌ကော်မတီဝင်တဦးဖြစ်သူ ဖူးစ‌ကောလယ်‌တော(ဝါ) ဆရာ‌တော်‌ယေးအား ပြုစု‌ရေးသားရန် တာဝန် ‌ပေးခဲ့ခြင်း‌ကြောင့် ‌တော်လှန်‌ရေးစတင်ချိန်မှ ၁၉၇၆ခုနှစ်အထိ အဖြစ်အပျက်များကို ‌ရေးသားထားခြင်းဖြစ်သည်။

ထို့‌နောက် ၁၉၉၁ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ၁ဝကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်တွင် ယင်းစာအုပ်ကို ပြန်လည် စိစစ်တည်းဖြတ် အဆုံးသတ်ရန် ‌ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ယင်း‌ကော်မတီက တည်းဖြတ် ထုတ်‌ဝေခဲ့ခြင်းဖြစ်‌ကြောင်း သိရ သည်။