Home သတင်း ဘုရားသုံးဆူမြို့ ဓမ္မ‌ဟေဝန် ဘက‌ကျောင်း၌ ဆရာ၊ ဆရာမများအား ‌ထောက်ပံ့‌ငွေ‌ပေးရန် အခက်အခဲကြုံ

ဘုရားသုံးဆူမြို့ ဓမ္မ‌ဟေဝန် ဘက‌ကျောင်း၌ ဆရာ၊ ဆရာမများအား ‌ထောက်ပံ့‌ငွေ‌ပေးရန် အခက်အခဲကြုံ

2517

‌ဖေ‌ဖော်ဝါရီ ၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ရှိ ဓမ္မ‌ဟေဝန်ဘုန်း‌တော်ကြီး သင်ပညာ‌ရေး‌ကျောင်းသည် ပုံမှန် ရံပုံ‌ငွေမရှိ ‌သော‌ကြောင့် ဆရာ၊ ဆရာမများအား လစဉ် လစာ‌ထောက်ပံ့‌ငွေ ‌ပေးရန် အခက်အခဲကြုံ‌တွေ့‌နေရသည်ဟု စာသင်‌ကျောင်းတာဝန်ခံ ဦးဇင်းဝါယမိန္ဒက ဇန်နဝါရီ ၂၉ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ မိန့်ကြားသည်။

“‌စေတနာနဲ့ စာသင်ကြား‌ပေး‌နေတဲ့ ဆရာ၊ ဆရာမ‌တွေကို လစဉ်‌ထောက်ပံ့‌ငွေ‌ပေးဖို့က အခက်အခဲ အကြီးမား ဆုံးနဲ့ ရင်ဆိုင်‌ဖြေရှင်း‌ပေး‌နေရတဲ့ အဓိက ပြဿနာပါပဲ။ ‌ကျောင်းသူ‌ကျောင်းသား‌တွေအတွက် အစားအ‌သောက် အဝတ်အထည်‌တွေက မြို့‌ပေါ်က အလှူရှင်‌တွေနဲ့ ထိုင်းနိုင်ငံက အလူရှင်‌တွေ လာပြီး ‌ထောက်ပံ့‌ပေး‌နေလို့ အခုထိ ရပ်တည်နိုင်တယ်”ဟု ဦးဇင်းဝါယမိန္ဒက မိန့်ကြားသည်။

ဆရာ ဆရာမ လစဉ် ‌ထောက်ပံ့‌ကြေးကို ကရင်ပြည်နယ် ဘုန်း‌တော်ကြီးသင်ပညာ‌ရေး‌ကျောင်း (ဘက)‌ကျောင်းအဖွဲ့က ‌ထောက်ပံ့မှု‌ပေးထားပြီး ‌ကျောင်းလည်ပတ်မှုအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်နှစ်တစ်ကြိမ် လာ‌ရောက်‌ထောက်ပံ့‌ပေးမှုရှိ‌သော်လည်း ‌ကျောင်းသား ဦး‌ရေများပြား‌သော‌ကြောင့် လုံ‌လောက်မှုမရှိ‌ကြောင်းလည်း ၎င်းက ဆက်လက်မိန့်ကြားသည်။

ထို့အပြင် ဓမ္မ‌ဟေဝန်ဘုန်း‌တော်ကြီးသင် ပညာ‌ရေး‌ကျောင်းနှင့် လာ‌ရောက်တွဲဘက်ထား‌သော ၎င်း‌ဒေသရှိ ကိုယ်ထူကိုယ်ထ မူလတန်း‌ကျောင်း ၃၇ ‌ကျောင်းမှ ‌ကျောင်းဆရာ၊ ဆရာမများကို တစ်လလျှင် ဘတ်‌ငွေ ၂၀၀ဝ မှ ၃၅၀ဝ အထိ ပုံမှန်‌ထောက်ပံ့‌ပေး‌နေရပြီး ဘုရားသုံးဆူ အထက်‌ကျောင်းတွင် ပညာသင်ကြား‌နေ‌သော နဝမတန်းနှင့် ဒသမတန်း ‌ကျောင်းသူ‌ကျောင်းသား ၁၀ဝခန့်ကိုလည်း သီးသန့်‌ထောက်ပံ့‌ပေးထားရ‌သေးသည်ဟု သိရသည်။

ယင်း‌ကျောင်း၏ မူလတန်းပြ ဆရာမ နန်းခင်မိုးက “ဒီ‌ကျောင်းမှာ စာသင်လာတာ ၁၇နှစ်ရှိပါပြီ။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်က တရားဝင် မူလွန်‌ကျောင်း ကျတယ်‌ပေါ့။ မူလွန်‌ကျောင်းဆို‌ပေမဲ့ ဒီမှာက ၈တန်းအထိ သင်‌ပေး တယ်။ ‌ကျောင်းမှာ လိုအပ်ချက်မှန်သမျှကို ဆရာ‌တော်ကပဲ ‌ထောက်ပံ့‌ပေးတယ်။ အခက်အခဲအားလုံးကိုလည်း ဆရာ‌တော်ကပဲ ‌ဖြေရှင်း‌ပေးမယ်လို့ ‌မျှော်လင့်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဓမ္မ‌ဟေဝန် ဘုန်း‌တော်ကြီးသင် ပညာ‌ရေး‌ကျောင်းတွင် ယခုနှစ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၌ ‌ရေး၊ သံဖြူဇရပ်၊ ကြာအင်းဆိပ်ကြီးနှင့် ဝင်း‌ရေးမြို့နယ်တို့်မှ လာ‌ရောက် ပညာသင်ယူကြ‌သော ‌ကျောင်းသူ‌ကျောင်းသား ၅၀ဝ ‌ကျော်နှင့် ဆရာ ဆရာမ ၂၄ဦး ရှိသည်။ စာသင်‌ကျောင်းအတွက် စာ‌ရေး ကိရိယာ၊ အားကစားပစ္စည်းနှင့် ရုံးအသုံးအ‌ဆောင်ပစ္စည်းများကို ကရင်အမျိုးသားအစည်း(KNU)ဒူးပလာယာခရိုင်၏ ကရင်ပညာ‌ရေးဌာနက နှစ်စဉ် လာ‌ရောက်‌ထောက်ပံ့‌ပေးထားသည်ဟု ‌ကျောင်းတာဝန်ရှိသူများက ‌ပြောသည်။

ဓမ္မ‌ဟေဝန် ဓမ္မ‌ဟေဝန် ဘုန်းကြီး‌ကျောင်းကို ၁၉၉၂ ခုနှစ်တွင် လက်ရှိ ‌ကျောင်းထိုင် ဆရာ‌တော် ဦးဉာ‌ဏောဘာသက စတင်တည်‌ထောင်ခဲ့ပြီး ရဟန်း၊ သံဃာ‌တော်များကို ပရိယတ္တိစာ‌ပေ သင်းကြားခြင်းနှင့် ဘုန်း‌တော်ကြီးသင် ပညာ‌ရေး‌ကျောင်းဖွင့်လှစ်သင်ကြား‌ပေးမှုတို့ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ၁၉၉၃ခုနှစ်၌ တရားဝင် ခွင့်ပြုချက်ရရှိခဲ့သည်။