Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် ကျန်းမာ‌ရေးဆိုင်ရာကိစ္စများ ထည့်သွင်း‌ဆွေး‌နွေးနိုင်ရန် KDHW ပြင်ဆင်

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် ကျန်းမာ‌ရေးဆိုင်ရာကိစ္စများ ထည့်သွင်း‌ဆွေး‌နွေးနိုင်ရန် KDHW ပြင်ဆင်

1499

‌ဖေ‌ဖော်ဝါရီ ၃ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

အစိုးရနှင့် ‌ရှေ့ဆက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် ကျန်းမာ‌ရေးဆိုင်ရာကိစ္စများ ထည့်သွင်း‌ဆွေး‌နွေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်‌ဆောင်‌နေသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ‌ကော်သူး‌လေ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန(KDHW)မှ တာဝန်ခံ ‌စောအဲ့ကလူ‌ရွှေဦးက ယ‌နေ့ ‌ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ Gabana ဟိုတယ်တွင် KDHW ဦးစီးကာ ‌ဖေ‌ဖော်ဝါရီ ၃ရက်မှ ၅ရက်‌နေ့အထိ ပြုလုပ်လျှက်ရှိသည့် Workshop on Federal Health & Welfare System အမည်ရှိ နိုင်ငံ‌ရေးနှင့် ကျန်းမာ‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခုတွင် KDHW တာဝန်ခံ ‌စောအဲ့ကလူ‌ရွှေဦးက ‌ကေအိုင်စီသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“KNU ရဲ့ ငြိမ်းချမ်း‌ရေးဆိုင်ရာ နည်းလမ်းအတွက် Federal Conference (ဖက်ဒရယ်အစည်းအ‌ဝေး)၊ ဖက်ဒရယ် အလုပ်ရုံ‌ဆွေး ‌နွေးပွဲ‌တွေ ကျ‌နော်တို့ လုပ်ကြတယ်။ ကျန်းမာ‌ရေးဘက်မှာလည်း တွဲပါသွားတဲ့သ‌ဘောပါ။ ကျ‌နော်တို့နိုင်ငံမှာ ဖက်ဒရယ်နဲ့ တည် ‌ဆောက်တဲ့အခါ နည်းလမ်းကျတဲ့ Federal Health and Welfare System တစ်ခု တည်‌ဆောက်နိုင်ဖို့ အခုလို ကြိုတင်‌ဆွေး‌နွေး မှု‌တွေလုပ်ပြီး လာမည့် ‌ဆွေး‌နွေးပွဲ‌တွေမှာ တင်ပြနိုင်ဖို့ ဖြစ်ပါတယ်”ဟု ၎င်းက ‌ပြောသည်။

KNU သည် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ မူ‌ဘောင်တို့ကို အတည်ပြု သွားပြီဖြစ်သည့်အ တွက် ‌ရှေ့ဆက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် နိုင်ငံ‌ရေး၊ လုံခြုံ‌ရေး၊ စီးပွါး‌ရေး၊ လူမှု‌ရေး၊ ‌မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့် ကဏ္ဍ (၅)ခုကို တင်ပြ‌ဆွေး‌နွေးသွားရန်ရှိသည်။ ထိုသို့ တင်ပြရာ၌ လူမှု‌ရေးကဏ္ဍတွင် ပါဝင်သည့် ကျန်းမာ‌ရေးအပိုင်းကို ယခုလို ကြိုတင်ပြင်ဆင်မှု ပြုလုပ်‌နေခြင်းဖြစ်သည်ဟုလည်း KDHW က ဆိုသည်။
IMG_3771
ထို့အပြင် ‌ဆွေး‌နွေးပွဲ ပထမ‌နေ့တွင် မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် ဖက်ဒရယ်ဆိုင်ရာ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေများ တင်ပြခြင်း၊ မြန် မာနိုင်ငံတွင် ကျင့်သုံးလာခဲ့သည့် ၁၉၄၇ ဖွဲ့စည်းပုံ၊ ၁၉၇၄ ဖွဲ့စည်းပုံ၊ ၂၀၀၈ ဖွဲ့စည်းပုံ တို့ကို အ‌ခြေခံ၍ ဖြစ်‌ပေါ်လာ‌သော တိုင်းနှင့် ပြည်နယ်သည် ဖက်ဒရယ်ဟု ‌ခေါ်ဆိုနိုင်ခြင်း မနိုင်ခြင်းနှင့် မြန်မာနိုင်ငံ အလံသည် ဖက်ဒရယ်အဓိပ္ပါယ်‌ဆောင်‌သော အလံဖြစ် ခြင်း မဖြစ်ခြင်းတို့ကို ‌ဆွေး‌နွေးခဲ့ကြသည်။

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ကျန်းမာ‌ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုအ‌ခြေပြု အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအ‌ခြေပြု အဖွဲ့အစည်းများနှင့် တတ်သိပညာရှင်များ စုစု‌ပေါင်း လူဦး‌ရေ ၅ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်သည့် ကရင်လူငယ်ကွန်ရက်(KYN)၏ ဆက်သွယ်‌ရေးတာဝန်ခံ ‌နော်အဲ့‌ဖောဝါးက “‌ဒေသခံလူထုထဲကို ကျန်းမာ‌ရေးအဖွဲ့‌တွေ ဝင်တဲ့အခါ အချိန်တိုပဲဝင်ဝင်၊ စီမံကိန်းအ‌နေနဲ့ပဲဝင်ဝင်၊ ‌နောက်ပြီး အရပ်ဖက် လူမှုအဖွဲ့အစည်း‌တွေပဲဝင် ဝင်၊ ရှိ‌နေပြီးသား ကျန်းမာ‌ရေးဌာနနဲ့ လက်တွဲသင့်တယ်။ အဲလိုလုပ်မှ အခုကျမတို့ ‌ပြော‌နေတဲ့ ကျန်းမာ‌ရေးနဲ့ ပတ်သက်တဲ့စနစ် ‌တွေ ပို‌ကောင်းလာလိမ့်မယ်”ဟု ‌ပြောသည်။

Workshop on Federal Health & Welfare System အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ‌ကော်လား‌ဖောင်‌ဒေးရှင်း(Kaw Lah Founda-tion) နှင့် Friedrich Ebert Stiftung အဖွဲ့တို့၏ ပါဝင်ပံ့ပိုးမှုဖြင့် KDHW မှ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ‌ရှေ့ဆက် အလျင်းသင့်သလို ဆက်လက် လုပ်‌ဆောင်သွားရန် ရှိသည်ဟု သိရသည်။