Home သတင်း ကရင်ပြည်နယ် လိုင်စင်မဲ့ယာဉ်ဖမ်းမှု ပြန်စဉ်းစားရန် ကရင်အဖွဲ့အစည်းများ ‌တောင်းဆို

ကရင်ပြည်နယ် လိုင်စင်မဲ့ယာဉ်ဖမ်းမှု ပြန်စဉ်းစားရန် ကရင်အဖွဲ့အစည်းများ ‌တောင်းဆို

1797

‌ဖေ‌ဖော်ဝါရီ ၃ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အ‌ခြေအ‌နေသည် အခြားပြည်နယ်၊ တိုင်း‌ဒေသကြီးများနှင့် မတူညီသည့်အတွက် လက်ရှိ ပြည်နယ်အတွင်း လိုင်စင်မဲ့‌မော်‌တော်ယာဉ်များ ဖမ်းဆီး‌နေသည့်ကိစ္စကို အစိုးရအ‌နေဖြင့် ပြန်လည်စဉ်းစားရန် လိုအပ်သည်ဟု ကရင်ပြည်နယ်ရှိ ကရင်အဖွဲ့အစည်းများက ‌ဖေ‌ဖော်ဝါရီလ ၂ရက်‌နေ့တွင် ‌တောင်းဆိုလိုက်သည်။

ကရင်ပြည်နယ်ရှိ နိုင်ငံ‌ရေးပါတီများ၊ ကရင့်လက်နက်ကိုင်အဖွဲ့စည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဘာသာ‌ရေး‌ခေါင်း ‌ဆောင်များနှင့် ‌ဒေသခံ ရပ်မိရပ်ဖများ စုစု‌ပေါင်း ၄၀‌ကျော် စု‌ပေါင်းကာ ‌ဖေ‌ဖော်ဝါရီ ၂ရက်‌နေ့က ဖားအံမြို့ သု‌မေဓာရာမ ကြား ‌တောရ ဘုန်းကြီး‌ကျောင်းတွင် ပြုလုပ်သည့် လူထု‌တွေ့ဆုံပွဲတွင် ‌တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ယင်း‌တွေ့ဆုံပွဲ တက်‌ရောက်သူ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီမှ နန်း‌စေအွာက “လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတို့က လက်မှတ် ထိုးပြီးတဲ့အချိန် ဖြစ်တယ်။ ပြီး‌တော့ ပြည်သူလူထု‌တွေနဲ့ ယုံကြည်မှု တည်‌ဆောက်‌နေချိန်ပဲ ရှိ‌သေးတယ်။ တစ်ဖက်က ဖမ်းဆီး မယ်၊ သိမ်းဆည်းမယ် အ‌ရေးယူ‌ဆောင်ရွက်မယ်ဆိုရင် တချို့က တမျိုးမြင်မယ်။ ဒါ‌ကြောင့် ‌ဒေသခံရဲ့သ‌ဘောကို ပြန်စဉ်းစား သင့်တယ်လို့ ကျမ ယူဆတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌တွေ့ဆုံပွဲသို့ တက်‌ရောက်သည့် ကိုယ်စားလှယ်များ၏ အဆိုပါ ‌တောင်းဆိုချက်များနှင့် တင်ပြချက်များကို ကရင်ပြည် နယ်ဝန်ကြီးချုပ်၊ ပြည်‌ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနများထံ ထပ်မံ တင်ပြသွားမည် ဖြစ်သည်ဟု သိရသည်။
12647879_948338165281624_1433892328_n
ကရင်ပြည်နယ်အတွင်း ယာဉ်များ ဖမ်းဆီးပါက ငြိမ်းချမ်းစရှိ‌နေသည့် ပြည်နယ်၏‌ဒေသတည်ငြိမ်ဖွံ့ဖြိုး‌ရေးကို အဟန့်အတား ဖြစ် ‌စေနိုင်သည့်အပြင် ‌ဒေသဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများစွာ ရှိ‌နေ‌သော‌ကြောင့် မလိုလားအပ်‌သော ပဋိပက္ခများလည်း ဖြစ်‌ပေါ်လာနိုင်သည်ဟု ‌တွေ့ဆုံပွဲ တက်‌ရောက်သူများက သုံးသပ်‌ပြောဆို‌နေကြသည်။

“ကားဖမ်းမဲ့ကိစ္စက ကျ‌နော်တို့ တိုင်းရင်းသားနဲ့ နယ်လုံ ဦး‌အောင်လွင်နဲ့ သွား‌တွေ့တဲ့အခါမှ သူက ဘယ်လို‌ပြောမလဲ။ ဘယ်အဖွဲ့ အစည်းပဲဖြစ်ဖြစ် ဖမ်းမှာပဲ။ ကျ‌နော်တို့ ဘယ်လိုတင်ပြတင်ပြ အဆင်မ‌ပြေဘူး။ နိုင်ငံ‌တော် အခွန်ဘတ်ဂျက်‌တွေ ထိခိုက်တယ် ‌ပြောတယ်။ ကျ‌နော်တို့ပြည်နယ်က ဖွံ့ဖြိုးစ ပြည်နယ်ဖြစ်တဲ့အတွက် မဖမ်းလို့ မရဘူးလား ‌မေး‌တော့ မရဘူး ‌ပြောတယ်”ဟု နယ် ခြား‌စောင့်တပ် တပ်နယ်(၃)မှ စီးပွား‌ရေးတာဝန်ခံ ဗိုလ်မှူးသိန်း‌ဇော်မင်းက နယ်စပ်‌ရေးရာဝန်ကြီးနှင့် သွား‌ရောက်‌တွေ့ဆုံခဲ့သည့် အ‌ခြေအ‌နေကို ၎င်း‌တွေ့ဆုံပွဲတွင် ‌ပြောပြခဲ့သည်။

လိုင်စင်မဲ့ယာဉ်များကို ‌ဖေ‌ဖော်ဝါရီ ၂ရက်‌နေ့မှစ၍ ဖမ်းဆီးမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ‌ပြောဆိုထား‌သော်လည်း လက်ရှိ ဖားအံမြို့တွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးခြင်းမဟုတ်ဘဲ ဆိုင်ကယ်‌မောင်းသူများ ဦးထုပ်‌ဆောင်း မ‌ဆောင်းနှင့် ဆိုင်ကယ်‌နောက်ကြည့်မှန် ရှိမရှိ စသည်တို့ကိုသာ တားဆီးစစ်‌ဆေးကာ ဒဏ်‌ငွေရိုက်ခြင်းသာရှိသည်ဟု ဖားအံမြို့ခံများက ‌ပြော ဆိုသည်။