KIC News
သျှမ်းနှင့် ကရင်လက်နက်ကိုင် ခေါင်းဆောင်အချို့ သမ္မတ ဦးသိန်းစိန်နှင့် သွားရောက်တွေ့ဆုံ
ဩဂုတ် ၃ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
သျှမ်း(ရှမ်း)ပြည် ပြန်လည်ထူထောင်ရေးကောင်စီ-RCSS နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU အပါအဝင် အခြားကရင်လက် နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သမ္မတဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ နေပြည်တော်၌ အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။
မနက် ၉နာရီမှ နေ့လည် ၁၁နာရီအထိ နှစ်နာရီကြာ တွေ့ဆုံမှုတွင် လာမည့်...
အသည်းကွဲချည်ဖြူ
ကဒေါင်ဆွေ
ဒါဟာ အတ္တလား..... လောဘလားတော့ ကျမ မပြောတတ်ဘူး။ ဒီလူတွေကို ကျမ ညီတူညီမျှ ချစ်တယ်။
ဒီလူတွေရဲ့ ရင်ခွင် ... ဒီလူတွေရဲ့ လက်ပေါ်မှာ မှေးစက်ခိုနားရတာကို ကျမ မက်မောတယ်။
လသာတဲ့ညတွေမှာ ဒီလူတွေရဲ့ သီချင်းသံလေးထဲ ကျမ မျောပါရင်း ဗိုင်းငင်ခံရတာကိုပဲ သာယာကြည်နူးမိတယ်။
ကျမရဲ့ခန္ဓာ ကျမရဲ့ ပိုင်ဆိုင်မှု...
သိက္ခာတော်ရဆရာ ဒေါက်တာဆိုင်မွန်ကွယ်လွန်
ဩဂုတ် ၂ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်တွင် နှစ်ခြင်းခရစ်ယာန်သာသနာရေး လုပ်ငန်းများကို ဆောင်ရွက်နေသူ သိက္ခာတော်ရဆရာကြီး ဒေါက်တာ ဆိုင်မွန်သည် အသည်းကင်ဆာဝေဒနာဖြင့် ဩဂုတ်လ ၂ရက်နေ့၊ ထိုင်းစံတော်ချိန် မနက် ၄း၂ဝနာရီတွင် ကွယ်လွန်သွားခဲ့ပြီး ဈာ ပနအခမ်းအနားကို ဩဂုတ်လ ၅ရက်(ဗုဒ္ဓဟူး)နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၁ရက်နေ့ညတွင်...
အစိုးရအဖွဲ့ဝင်များ ပါဝင်သည့် ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖားအံမြို့၌ ကျင်းပပြီးစီး
ဇူလိုင် ၃၁ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ဖက်ဒရယ် ပြည်ထောင်စုစနစ်ဆိုင်ရာ အခြေခံသဘောတရားများကို တိုင်းရင်းသားများအကြား အမြင်ဖလှယ် ဆွေးနွေးနိုင်ရန် ရည်ရွယ်ပြီး ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၁)ရပ်ကွက်ရှိ သုမေဓာရာမ ကြားတော ရဘုန်းတော်ကြီးကျောင်းခန်းမ၌ ဇူလိုင်လ ၂၇ရက်မှ ၂၉ရက်နေ့အထိ ပြုလုပ်ပြီးစီးသွားခဲ့သည်။
သုံးရက်တာ ပြုလုပ်ခဲ့သည့် ၎င်းဖယ်ဒရယ်စနစ်ဆိုင်ရာ...
မယ်ရာမိုစခန်းတွင် ဒုက္ခသည်နေအိမ် ၃ဝခန့် ရေနစ်မြှုပ်နေ
ဇူလိုင် ၃၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်အတွင်းရှိ မယ်ရာမိုဒုက္ခသည်စခန်းတွင် ဇူလိုင်လ ၂၆ရက်နေ့မှစ၍ မိုးရွာသွန်းပြီး ချောင်းရေ မြင့် တက်လာသဖြင့် စခန်းတွင်း မြေနိမ့်ပိုင်းရှိ ရပ်ကွက်အချို့မှ လူနေအိမ်ခြေ ၃ဝခန့် ရေနစ်မြှုပ်နေကြောင်း စခန်းကော်မတီက ကေ အိုင်စီသို့ ပြောဆိုသည်။
မယ်ရာမိုစခန်း လူမှုရေးတာဝန်ခံ စောယွာဘောက...
ဒဏ္ဍာရီ -၃- ပုဒ်
(မန်းကိုကို)
(၁)
ဧည့်ခန်းကျယ်ကြီးတစ်ခုထဲ အလှဆင်ထားတဲ့ တောကောင်အရေခွံတွေ အစီအရီ ရှိနေကြတယ်။ အဲဒီကြားထဲက ကျားခေါင်းအ ရေခွံကြီးဆီကနေ ခန့်ငြားတဲ့အသံတစ်သံ ထွက်လာတယ်။
“ငါအသက်ရှင်စဉ်က ဘယ်ကျားကိုမှ ဗိုလ်မထားခဲ့သလို ဘယ်သားကောင်ကမှလည်း ငါ့လက်က ပြေးမလွှတ်ခဲ့ဘူးကွ .....”။
ဝင့်ကြွားတဲ့ သူ့ရဲ့အသံဟာ လက်ရှိဘဝကို မေ့နေသလားလို့တောင် ထင်မှတ်ရတယ်။ ဘေးနားက ဘဝတူ တောကောင်အရေခွံ အများစုကတော့...
NCA တွင် NCCT အဖွဲ့ဝင်များ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး မူအတိုင်း SD ဆက်သွားမည်
ဇူလိုင် ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့-NCCT အဖွဲ့ဝင်များ အားလုံး ပါဝင်နိုင်ရေးမူအတိုင်းသာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့-SD က ဆက်လက် ဆွေးနွေးသွားမည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း များ၏...
အယ်ဒီတာ့ အာဘော်
ညီနောင်ချင်းချင်း ညီညွှတ် ယိုင်းပင်းဖို့ဆိုလျှင်...
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်းကို အတည်ပြုနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေးအဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (EAOs SD) နှင့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) တို့ အကျေအလည် ဆွေးနွေးခဲ့အပြီး SD က တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များအကြား...
တိုင်းပြည်အာဇာနည် နှင့် အမျိုးသားအာဇာနည် (၁)
၂၀၁၅ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့သည် မြန်မာနိုင်ငံ၏ (၆၈)နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားလူမျိုး အာဇာနည်များ ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးတွင် လုပ်ကြံခြင်းခံရသည့်နေ့ကို အစွဲပြု၍ အာဇာနည်နေ့ဟု သတ်မှတ်လာခဲ့သည်။ စစ်အစိုးရအုပ်ချုပ်ရေးကာလ အာဇာနည်နေ့ အခမ်းအနားကို ကန့်သတ်ပိတ်ပင်မှုများရှိခဲ့ရာမှ ယမန်နှစ်မှ စ၍ အာဇာနည်နေ့ အခမ်းအနားကို တိုင်းနှင့်...
တိုင်းရင်းသားနယ်မြေများတွင် NLD ကို ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဟု UNA ပြောဆို
ဇူလိုင် ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
လာမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားနယ်မြေများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လာရောက်ယှဉ်ပြိုင်ပါက စည်း လုံးညီညွတ်သော တိုင်းရင်သားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) အနေဖြင့် ပြန်လည်ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ဇူလိုင်လ ၂၇ရက်မှ ၂၉ရက်နေ့အထိ ပြုလုပ်သည့် UNA နှင့်...














