Home သတင်း ကွမ်း‌တောကြီးရွာ အဂင်္လီကန်ဘုရား‌ကျောင်းဝင်းအတွင်း ‌စေတီတည်မှု ‌မေတ္တာတရားဖြင့် ‌ဖြေရှင်းသွားမည်

ကွမ်း‌တောကြီးရွာ အဂင်္လီကန်ဘုရား‌ကျောင်းဝင်းအတွင်း ‌စေတီတည်မှု ‌မေတ္တာတရားဖြင့် ‌ဖြေရှင်းသွားမည်

2340

ဧပြီ ၂၄ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်း‌တောကြီး‌ကျေးရွာရှိ အဂင်္လီကန် ခရစ်ယာန်သာသနာပိုင် ဘုရား ‌ကျောင်းဝင်းအတွင်း ဧပြီ ၂၃ရက်‌နေ့က မြိုင်ကြီးငူဆရာ‌တော်၏ တပြည့်သား‌မြေးများဟု ယူဆရသူများက ဝင်‌ရောက် ‌စေတီတည်မှုကို ဘာသာ‌ပေါင်းစုံလက်တွဲပြီး ‌မေတ္တာတရားဖြင့် ‌ဖြေရှင်းသွားမည်ဟု ကရင်အမျိုး သား အစည်းအရုံး(KNU) ပြည်ထဲ‌ရေးနှင့်သာသနာ‌ရေးဌာန တာဝန်ခံ ပဒို‌စောအားတိုးက ‌ပြောသည်။

“ဒီကိစ္စဖြစ်လာတာ အများကြီး ‌တွေး‌ခေါ်စဉ်းစားစရာ‌တွေ ဖြစ်လာတယ်။ မဖြစ်သင့်တဲ့ ကိစ္စ‌တွေ ဖြစ်တယ်။ ဘာသာ‌ရေး‌ကြောင့် ကျ‌နော်တို့ ကရင်လူမျိုး‌တွေ သမိုင်းမှာ အကျည်းတန်မဖြစ်‌စေရဘူး။ KNU အ‌နေနဲ့ သက်ဆိုင်ရာ အစိုးရ‌တွေကို လိုအပ်သလို အ‌ရေးယူ‌ဆောင်ရွက်‌ပေးဖို့ စာ‌ရေးမယ်။ ‌နောက်တစ်ခုက သက်ဆိုင်ရာ DKBA ‌တွေကို အသိ‌ပေးအ‌ကြောင်းကြားမယ်။ ဘာသာ‌ပေါင်း စုံနဲ့လက်တွဲပြီး ‌မေတ္တာတရားနဲ့ ‌ပြေလည်‌အောင် ‌ဖြေရှင်းမယ်”ဟု ပဒို ‌စောအားတိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စေတီဝင်‌ရောက်တည်သည့် အဆိုပါ အဖွဲ့သည် လူဦး‌ရေ ၃၀ဝ ‌ကျော် ပါဝင်ပြီး အုတ်၊ သဲ၊ ‌ကျောက်၊ ဘိလပ်‌မြေ၊ ဘိလပ်‌မြေ‌ဖျော်စက်၊ ‌လော်စပီကာအသံချဲ့စက်များဖြင့် ဘုရား‌ကျောင်းဝင်းအတွင်းသို့ ဧပြီ ၂၃ရက်‌နေ့၊ နံနက် ၉နာရီက စတင်လုပ်‌ဆောင်‌နေခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသင်္ာရီတိုင်း‌ဒေသကြီးတို့၏ အဂင်္လီကန် သာသနာဂိုဏ်းအုပ်ဆရာ‌တော်ဖြစ်သည့် ‌စောစတိုင်လိုက “အဲလိုဖြစ်လာ‌တော့ ကျ‌နော်တို့ ဘာမှ မတတ်နိုင်ဘူး။ သူတို့ စိတ်ချမ်းသာသလို လုပ်ပါ‌စေ။ ဝင်မပတ်သက်ဖို့ အသင်းသူ အသင်းသား‌တွေကို ကျ‌နော်‌ပြောပြထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ‌စေတီတည်ခြင်းကို ရပ်တံ့‌ပေးရန် ယင်း‌ကျေးရွာရှိ အဂင်္လီကန် အသင်းသူအသင်းသားများက ဆရာ‌တော်ကြီးနှင့်ဆရာ‌တော်များအား ‌မေတ္တာရပ်ခံသည့်အ‌နေဖြင့် ဘုရား‌ကျောင်းဝင်းအတွင်းတွင် ဆိုင်းဘုတ် ၄ ခု စိုက်ထူထား‌ကြောင်း ‌ဒေသခံရွာသားများက ဆိုသည်။

ထို့အပြင် အဆိုပါကိစ္စအ‌ပေါ် ပြည်နယ်နှင့်မြို့နယ် သံဃနာယက ဆရာ‌တော်များက မြိုင်ကြီးငူ ဆရာ‌တော် နှင့်တကွ သာသနာ‌ရေးဝန်ကြီးဌာန ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာများသို့ ဧပြီလ ၉ ရက်‌နေ့က စာ‌ပေး ပို့ထားသလို အသင်းသူအသင်းသားများအ‌နေဖြင့်လည်း ခရစ်ယာန်သာသနာနှင့် အစိုးရ အာဏာပိုင်များထံ ‌မေတ္တာရပ်ခံစာများ အသီးသီး‌ပေးပို့ထား‌ကြောင်း သိရသည်။

ကွမ်း‌တောကြီး‌ကျေးရွာတွင် ဗုဒ္ဓဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များ ‌ရော‌နှော‌နေထိုင်ကြပြီး ခရစ်ယာန်အသင်းသားအိမ်‌ထောင်စု ၃ဝ ‌ကျော်ရှိသည်။ ယခု‌စေတီဝင်‌ရောက်တည်ထားသည့် အဂင်္လီကန် သာသနာပိုင်ဘုရား‌ကျောင်းဝင်းသည် အကျယ်အဝန်း ၁ ဧက‌ကျော်ခန့်ရှိပြီး သက်တမ်း အနှစ် ၆ဝ ရှိ‌ကြောင်း သိရသည်။

ကရင်ပြည်နယ်ရှိ ခရစ်ယာန်ဘုရား‌ကျောင်းဝင်းအတွင်း ‌စေတီတည်ခြင်းကိစ္စများအ‌ပေါ် ကရင်ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များ လက်တွဲ‌ဖြေရှင်းရန် ရည်ရွယ်၍ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များနှင့် ကရင်အမျိုးသား စည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီတို့သည် ဧပြီ ၆ ရက်‌နေ့က ဖားအံမြို့တွင် ‌တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့‌သေးသည်။