Home သတင်း မင်းလွင်‌တောင် ဘိလပ်‌မြေစီမံကိန်းစမ်းသပ်မှုတွင် ထိခိုက်မှုရှိ‌နေ

မင်းလွင်‌တောင် ဘိလပ်‌မြေစီမံကိန်းစမ်းသပ်မှုတွင် ထိခိုက်မှုရှိ‌နေ

2324

ဧပြီ ၂၁ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲ‌တော‌ကျေးရွာအုပ်စုရှိ ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ အ‌ကောင်အထည်‌ဖော်ရန် စီစဉ်လျက်ရှိ‌သော မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံစီမံကိန်း စမ်းသပ်မှုတွင် လူမှုဘဝ၊ သဘာဝ ပတ်ဝန်းကျင်၊ ကျန်းမာ‌ရေး ထိခိုက်မှုရှိ‌ကြောင်း မင်းလွင်‌ဒေသသဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး ‌ကော်မတီက ယ‌နေ့ ‌ပြောဆိုသည်။

ဖြူမင်းထွန်းကုမ္ပဏီသည် ပြည်သူလူထုထံ လက်မှတ်နှင့် လက်‌ဗွေများ လိမ်လည်‌ကောက်ယူခြင်း၊ နစ်နာ‌ကြေး အနည်းငယ်‌ပေး၍ ခြိမ်း‌ခြောက်သိမ်းသွင်းခြင်း၊ စမ်းသပ်ကာလအတွင်း ကုမ္ပဏီပိုင်ယာဉ်ကြီးများ ဖြတ်သန်းမှု ‌ကြောင့် လယ်‌မြေများ ပျက်စီခြင်းများရှိသည်ဟု ယင်း‌ကော်မတီမှ ယ‌နေ့ အပြီးသတ်‌ရေးဆွဲသည့် စာမျက်နှာ ၂၁ မျက်နှာပါ “မင်းလွင်‌တောင် ဘိလပ်‌မြေစီမံကိန်း၏ လူမှုဘဝ၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာ‌ရေး ထိခိုက်မှုအစီရင်ခံစာ”တွင် ‌ဖော်ပြထားခြင်းဖြစ်သည်။

မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး ‌နော်က‌ပေါ်‌စေးက “စမ်းသပ်မှုကာလမှာ ထိခိုက်မှု‌တွေ ရှိတယ်။ အဲဒီအတွက် ‌မြေ‌နေရာ‌တွေ မပျက်စီး မဆုံးရှုံးဘဲနဲ့ အခွင့်အ‌ရေး ‌တွေ ပြန်လည်ရရှိဖို့။ ပြီး‌တော့ ဒီအစီရင်ခံစာကို ထုတ်ပြန်ခြင်းအားဖြင့် ‌အောက်‌ခြေလူထု‌တွေရဲ့ သ‌ဘောထား ကို အသိအမှတ်ပြုပြီး‌တော့ သက်ဆိုင်သူ‌တွေက အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ကော်မတီသည် မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ စီမံကိန်းဖျက်သိမ်း‌ပေးပါရန် နိုင်ငံ‌တော် သမ္မတ၊ မွန်ပြည်နယ် အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)ထံသို့ ယခုရက်ပိုင်းအတွင်း စာတစ်‌စောင် ‌ပေးပို့သွားရန်ရှိသလို ထိုသို့ ‌ပေးပို့သည့်အခါ အဆိုပါ အစီရင်ခံစာကိုလည်း တွဲပို့သွားမည်ဟု သိရသည်။

ဘိလပ်‌မြေစက်ရုံစီမံကိန်းနှင့် ပတ်သက်၍ ဓာတ်‌ငွေ့‌ကြောင့် ‌လေထုညစ်ညမ်းမှု ဆိုးကျိုးဖြစ်လာ‌စေ‌ကြောင်း၊ ဘိလပ်‌မြေစက်ရုံမှ ထွက်သည့် ဓာတ်‌ငွေ့‌ကြောင့် ရာသီဥတု‌ပြောင်းလဲခြင်းများ ဖြစ်လာနိုင်‌ကြောင်းနှင့် ကမ္ဘာ‌ပေါ် ရှိ လူများသည် စက်ရုံများမှ ထုတ်လွှတ်သည့် ကာဗွန်ဒိုင်‌အောက်ဆိုဒ်၏ ၅ ရာခိုင်နှုန်းမှာ ဘိလပ်‌မြေစက်ရုံမှ တဆင့် ဖြစ်‌ကြောင်း SYED SANA MEHRAJ နှင့် Dr. G.A BHAT တို့ ပြုစု‌သော CEMENT FACTORIES, AIR POLLUTION AND CONSEQUENCES စာတမ်းတွင် ပါရှိသည်ဟုလည်း ၎င်းအစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

မင်းလွင်‌တောင်‌ဒေသအတွင်းရှိ မင်းလွင်၊ ပိန္နဲ‌တော၊ အလယ်ရွာ၊ အင်းရွာ၊ ထီးဖိုးသစ်၊ ဝမ်းဘဲအင်း၊ ပန်းသာရွာ၊ ပအိုဝ်းစု၊ ‌မောကလိုး၊ ပုရိတ်ခို၊ ကုလားစု၊ အင်‌တော၊ စီဆုံနှင့် မတ်ချ စသည့် ရွာ‌ပေါင်း ၁၄ ရွာများသို့ ယခုလ ဧပြီ ၉ ရက်မှ ၁ဝ ရက်‌နေ့အထိ စစ်တမ်း‌ကောက်ယူမှုတစ်ခု ပြုလုပ်ပြီး‌နောက် အဆိုပါ ‌ကော်မတီသည် ယခု အစီရင်ခံစာကို ပြန်လည်‌ရေးဆွဲခဲ့ခြင်းဖြစ်သည်။