KIC News
စစ်ဘေးရှောင်ချိန် ရွာသားများပိုင်ဆိုင်ရာပစ္စည်းများ ပျောက်ဆုံးမှုရှိနေ
ဩဂုတ် ၆ရက်၊ ၂၀၁၅ခုနှစ်။ (ကေအိုင်စီ)
ပြီးခဲ့သည့် ဇူလိုင်လဆန်းက ဖြစ်ပွားခဲ့သော အစိုးရတပ်မတော်နှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့နှင့် ဒီမိုကရေစီအ ကျိုးပြုတပ်မတော်(DKBA)တို့အကြား တိုက်ပွဲများကြောင့် ရှောင်တိမ်းနေရသည့် ကော့ကရိတ်မြို့နယ်ရှိ ကောင်းမှုကျေးရွာသား များမှာ ၎င်းတို့၏ ပိုင်ဆိုင်ရာ ပစ္စည်းဥစ္စာများ ပျောက်ဆုံးမှုများရှိခဲ့ကြောင်း ပြောဆိုသည်။
အဆိုပါတိုက်ပွဲကြောင့် ဇူလိုင်လ ၂ရက်နေ့မှစ၍ ဩဂုတ်လဆန်းအထိ...
တအာင်း၊ ရခိုင့်တပ်နှင့် ကိုးကန့်တပ်ဖွဲ့တို့ အပစ်ခတ်ရပ်စဲရန် ပြုလုပ်လိုကြောင်း အစိုးရကို ကမ်းလှမ်း
ဩဂုတ် ၆ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်-NCA ကို လက်မှတ်ရေးထိုးနိုင်ရေးအပြင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံး ပြုလုပ်နိုင်ရန်အတွက် အစိုးရတပ်နှင့် တိုက်ခိုက်နေရဆဲဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃)ဖွဲ့က တပြိုင်နက်တည်း အပစ်အခတ်ရပ်စဲရေး ပြုလုပ်လိုကြောင်း ဩဂုတ်လ ၅ရက်နေ့က အစိုးရထံ ကမ်းလှမ်းလိုက်သည်။
အစိုးရတပ်နှင့် တိုက်ပွဲများ မကြာခဏ...
ဂက်စ်အိုးတင် ကားတစ်စီး တိမ်းမှောက်၍ ပေါက်ကွဲမီးလောင် ၃ဦးဒဏ်ရာရ
ဩဂုတ် ၅ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
မြဝတီမှ ကော့ကရိတ်သို့ ပြန်ဆင်းမည့် ဂက်စ်အိုးအပြည့် တင်ဆောင်လာသည့် YGN 6D-2777 နံပါတ်ပါ ဆယ့်နှစ်ဘီးကားတစ် စီးသည် ယနေ့မွန်းလွှဲ ၃နာရီ ၄၅မိနစ်အချိန်တွင် အာရှအဝေးပြေးလမ်းမ ၇မိုင်တိုင်အရောက်၌ တိမ်းမှောက်မှုဖြစ်ပွား၍ ပေါက်ကွဲ မီးလောင်သွားခဲ့ရာ ယာဉ်မောင်းသူ အပါအဝင် ၃ဦး...
ထိုင်းပြည်သူများက ရေဘေးသင့်မြန်မာများအတွက် ကျပ် ၇၅သန်းတန်ဘိုးရှိ ကယ်ဆယ်ရေးပစ္စည်း ကူညီ
ဩဂုတ် ၅ရက်၊ ၂၀၁၅ခုနှစ်။ (ကေအိုင်စီ)
လတ်တလော ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ ရေကြီးမှုဒဏ်ကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှ ထိုင်းပြည်သူများက ငွေကျပ် ၇၅သန်းတန်ဘိုးရှိ ကယ်ဆယ်ရေးပစ္စည်းများကို ယနေ့ ဩဂုတ် ၅ရက်နေ့၊ မွန်းလွဲပိုင်း တွင် မဲဆောက်မြို့မှတဆင့် ကရင်ပြည်နယ်ဘက်ခြမ်းရှိ မြဝတီမြို့သို့ သွားရောက်လှူဒါန်းခဲ့ကြသည်။
ထိုင်းနိုင်ငံ၊...
ကေအေစီ လူထုတွေ့ဆုံမှုမှ ကရင်မျိုးနွယ်စု ၇စုရှိဟု ကနဦး ရလဒ်ပေါ်ထွက်
ဩဂုတ် ၅ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
ကရင်မျိုးနွယ်စု အမည်မှန် တရားဝင် ခေါ်ဆိုသုံးစွဲနိုင်ရေးအတွက် ရည်ရွယ်ပြီး ကရင်လူမျိုးအများစု နေထိုင်သည့်ဒေသများ၌ ကရင့်ရေးရာကော်မတီက ဦးဆောင်ကာ လူထုတွေ့ဆုံပွဲများပြုလုပ်ခဲ့ရာတွင် ကရင်မျိုးနွယ် စုကြီး ၇စုရှိသည်ဟု ကနဦးရလဒ် ပေါ်ထွက်လာကြောင်း ကော်မတီအတွင်းရေးမှူး စောကျော်စွာက ဩဂုတ်လ ၄ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
“အခုမျိုးနွယ်စု...
ကော့ကရိတ်-မြဝတီလမ်းသစ်တွင် ရေဘေးသင့်သူများအတွက် အလှူငွေ ကောက်ခံ
ဩဂုတ် ၄ရက်၊ ၂၀၁၅ခုနှစ်။ (ကေအိုင်စီ)
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရေဘေးသင့်ပြည်သူများကို အကူအညီပေးရန် မြဝတီမြို့ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့၊ နယ်ခြားစောင့် တပ်နှင့် နယ်မြေခံ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)တို့ ပူးပေါင်းကာ ကော့ကရိတ်-မြဝတီအဝေးပြေး လမ်းမသစ်တနေရာတွင် ဩဂုတ်လ ၄ရက်နေ့မှစ၍ နံနက် ၆နာရီမှ ညနေ ၆နာရီအထိ အလှူငွေများ ကောက်ခံလျှက်ရှိသည်။
အလှူငွေကောက်ခံမှု...
နယ်စပ်အခြေစိုက် အရေးပေါ်အကူအညီပေးရေးအဖွဲ့က ရေဘေးကူညီရန် ပြင်ဆင်ထား
ဩဂုတ် ၄ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကျန်းမာရေးအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် အရေးပေါ် အကူအညီပေးရေးနှင့် ကယ် ဆယ်ရေးအဖွဲ့ (Emergency Assistant and Relief Team -EART)က မြန်မာနိုင်ငံနေရာ အနှံ့အပြားရှိ ရေဘေးသင့်ပြည်သူ များအတွက် ကူညီပေးနိုင်ရန် စီစဉ်ထားသည်ဟု...
ထာဝရငြိမ်းချမ်းရေးသို့ တစ်ခုတည်းသောလမ်းကြောင်း
ဂါမဏိ
(ဩဂုတ် ၃ရက်၊ ၂၀၁၅)
တိုင်းပြည်တစ်ပြည်မှာ အစိုးရနဲ့ အစိုးရဆန့်ကျင်သူများအကြား ပြည်တွင်းစစ်ဖြစ်တာကို ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အဓိကအား ဖြင့် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းညှိနှိုင်းရတာဖြစ်ပေမဲ့ နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့ပြဿနာတွေကို ဖြေရှင်းရတာလဲ။ အင်မတန် အရေးပါတဲ့ ကိစ္စကြီးဖြစ်ပါတယ်။
တစ်ဖက်က အပြတ်အသတ်နိုင်သွားလို့ ရှုံးတဲ့တပ်တွေလက်နက်ချပြီး စစ်ပွဲပြီးဆုံး ငြိမ်းချမ်းသွားတာမျိုးကို ဗီယက်နမ်(၁၉၇၅)၊...
အစိုးရထံ လက်နက်ချမည့်သတင်း ဝါဒဖြန့်မှုဟု ဗိုလ်ဆန်းအောင်ပြောဆို
ဩဂုတ် ၃ရက်၊ ၂၀၁၅ခုနှစ်။ (ကေအိုင်စီ)
အမိန့်နာခံမှုမရှိဟုဆိုကာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)အဖွဲ့မှ ဒုတိယအကြိမ် ထုတ်ပယ်ခံရသည့် ဗိုလ် မှူးကြီးစောဆန်းအောင်က မြန်မာအာဏာရှင်စစ်အစိုးရထံသို့ လက်နက်ချမည်ဆိုသည့် လတ်တလောထွက်ပေါ်နေသော သတင်း များမှာ အခြေအမြစ်မရှိသော ဝါဒဖြန့်မှုတစ်ရပ်သာဖြစ်ကြောင်း ကာယကံရှင်က ယနေ့ ပြောဆိုလိုက်သည်။
ဗိုလ်မှူးကြီးစောဆန်းအောင်က “အခု သူတို့ဘက်က ဝါဒဖြန့်နေတယ် ကျနော်လက်နက်ချမယ်ဆိုပြီး...
မြန်မာနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် ထိုင်းရောက်မြန်မာများကူညီ
ဩဂုတ် ၃ရက်၊ ၂၀၁၅ခုနှစ်။ (ကေအိုင်စီ)
မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများက အကူအညီပေးရေးအတွက် ယနေ့ ဩဂုတ်လ ၃ရက်နေ့မှစတင်ကာ ကယ်ဆယ်ရေးအကူပစ္စည်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကျောင်းကြီးမြန်မာဘုန်း တော်ကြီးကျောင်းတွင် စတင် စုဆောင်းနေပြီး ရက်ပိုင်းအတွင်း ရေဘေးသင့်အရပ်များသို့ အမြန်ဆုံး ပေးပို့သွားမည်ဟု သိရ...















