Home သတင်း KIC မှ အ‌ချေအတင် စကားဝိုင်း အစီအစဉ်နှစ်ခု ‌ကော့ကရိတ်နှင့် ဖားအံမြို့များတွင် အသီးသီးပြုလုပ်ပြီးစီး

KIC မှ အ‌ချေအတင် စကားဝိုင်း အစီအစဉ်နှစ်ခု ‌ကော့ကရိတ်နှင့် ဖားအံမြို့များတွင် အသီးသီးပြုလုပ်ပြီးစီး

2390

ဧပြီ ၂၅ ရက်၊ ၂၀၁၆ခုနှစ် (‌ကေအိုင်စီ)

ကရင်သတင်းဋ္ဌာန-KIC က ဦး‌ဆောင်ပြီး ဧပြီလ ၂၁ ရက်နဲ့ ၂၃ရက်‌တွေမှာ အ‌ချေအတင်စကားဝိုင်း (Debate) အစီအစဉ်နှစ်ခုကို ‌ကော့ကရိတ်မြို့နဲ့ ဖားအံမြို့‌တွေမှ အသီးသီးကျင်းပခဲ့ပါတယ်။

‌ရွေး‌ကောက်ပွဲလွန်ကာလ‌တွေထဲက အ‌ခြေအ‌နေ‌တွေဖြစ်တဲ့ “ငြိမ်းချမ်း‌ရေးနှင့် ပြန်လည်သင့်မြတ်‌ရေး ဘယ်လိုတည်‌ဆောက်သွားသင့်သလဲ”နဲ့ “ပြည်နယ်အစိုးရသစ်နှင့် ‌ဒေသတွင်း စိန်‌ခေါ်မှုများ”ဆိုတဲ့‌ခေါင်းစဉ်‌တွေ နဲ့ အ‌ချေအတင်စကားဝိုင်း‌တွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုစကားဝိုင်း‌တွေစီစဉ်ကျင်းပနိုင်ဖို့ နိုင်ငံတကာမြန်မာ့သတင်း(BNI)ရဲ့ ကူညီမှုနဲ့ USAID ရဲ့ ပံ့ပိုးမှု‌တွေနဲ့ ‌ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဧပြီ ၂၁ရက်‌နေ့က ‌ကော့ကရိတ်မြို့မှာ ပြုလုပ်တဲ့ “ငြိမ်းချမ်း‌ရေးနှင့် ပြန်လည်သင့်မြတ်‌ရေး ဘယ်လို တည်‌ဆောက်သွားသင့်သလဲ”‌ခေင်းစဉ်ပါ အ‌ချေအတင်စကားဝို်င်းမှာ ဦး‌ဆောင်‌ဆွေး‌နွေးသူ‌တွေ အဖြစ် ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီဖြစ်တဲ့ ပဒို‌စောသမိန်ထွန်း၊ ကရင်အမျိုးသမီး အစည်းအရုံးရဲ့ အလုပ်အမှု‌ဆောင်‌ကော်မတီဝင် ‌နော်ဒါးဒါး၊ ကရင်အမျိုးသားပါတီရဲ့ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး (၁) မန်းမင်းရဲ‌ထွေးတို့က အဓိက ပါဝင်‌ဆွေး‌နွေးခဲ့ကြပါတယ်။

ဧပြီလ ၂၃ရက်‌နေ့က ဖားအံမြို့မှာပြုလုပ်တဲ့ “ပြည်နယ်အစိုးရသစ်နှင့် ‌ဒေသတွင်းစိန်‌ခေါ်မှုများ” ‌ခေါင်းစဉ်ပါ အ‌ချေအတင်စကားဝို်င်းမှာက‌တော့ ဦး‌ဆောင်‌ဆွေး‌နွေးသူ‌တွေအဖြစ် ကရင်ပြည်နယ် လျှပ်စစ်ဝန်ကြီး‌ဟောင်း ‌စောကြည်လင်း၊ ကရင်ဒုက္ခသည်များ‌ကော်မတီက ‌နော်ဘလူးမင်းနိုက်ဇန်၊ ၈၈‌ကျောင်းသားများအဖွဲ့က ကိုမြင့်‌အောင်နဲ့ ၈၈မျိုးဆက် ကရင်‌ကျောင်းသားများအဖွဲ့ ဥက္ကဌ ‌စော‌မောင်ကြီး တို့က အဓိက ပါဝင်‌ဆွေး‌နွေးခဲ့ကြတာဖြစ်ပါတယ်။

အခုပြုလုပ်ခဲ့တဲ့ ‌ကေအိုင်စီ စကားဝိုင်း(ဒီဘိတ်ပွဲ)သို့ ‌ဒေသခံ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်‌တွေ၊ ‌ဒေသခံရပ်မိရပ်ဖ၊ လူငယ်လူရွယ်‌တွေ၊နယ်‌မြေခံ မီဒီယာအဖွဲ့‌တွေအပါအဝင် အစိုးရအဖွဲ့နဲ့ ‌ဒေသခံအာဏာပိုင်‌တွေက တက်‌ရောက်ခဲ့ကြပါတယ်။

‌ကော့ကရိတ်မြို့က စကားဝိုင်းကို ပထမက မြို့နယ်ခန်မမှာ ပြုလုပ်ဖို့ စီစဉ်ခဲ့‌ပေမယ့်လည်း ‌ဒေသခံ အာဏာပိုင်‌တွေရဲ့ ခွင့်ပြုချက်မရတဲ့အတွက် ‌ကော့ကရိတ်မြို့က ‌တောင်‌ပေါ်‌ကျောင်းကို ‌ပြောင်း‌ရွှေ့ ကျင်းပခဲ့ရာမှာ မြို့နယ်အာဏာပိုင်‌တွေအ‌နေနဲ့က အခုလိုပွဲပြုလုပ်ဖို့ခွင့်ပြုချက်‌တောင်းခံခဲ့ခြင်း မရှိတဲ့အတွက် မပြုလုပ်ဖို့ တားမြစ်မှု‌တွေ ရှိခဲ့ပါ‌သေးတယ်။

‌ကေအိုင်စီ တာဝန်ရှိသူ‌တွေနဲ့‌ဒေသခံလူမှုအဖွဲ့အစည်း‌တွေရဲ့‌ခေါင်း ‌ဆောင်‌တွေက ခရိုင်၊ မြို့နယ် အာဏာပိုင်‌တွေနဲ့ အတန်ကြာ ညှိနှိုင်းပြီး ပြည်လည်မှု‌တွေရရှိခဲ့တဲ့‌နောက် စကားဝိုင်းပွဲကို ‌အောင်မြင်စွာနဲ့ ကျင်းပခဲ့ပါတယ်။

အလားတူ စကားဝိုင်းမျိုးကို ၂၀၁၅ ‌ရွေး‌ကောက်ပွဲမတိုင်ခင်ကလည်း ကရင်သတင်းဌာန (KIC) အ‌နေနဲ့ ကရင်ပြည်နယ် မြဝတီမြို့နဲ့ ဖားအံမြို့‌တွေမှာကျင်းပပြုလုပ်ခဲ့သလို ဒီဗီဒီ အချပ်‌တွေနဲ့ အင်တာနက်စာမျက်နှာ‌တွေမှာလည်း ဖြန့်‌ဝေခဲ့ပါတယ်။ အခုစကားဝို်င်း‌တွေကိုလည်း အရင်က အတိုင်း ဒီဗီဒီ အချပ်‌တွေနဲ့ အင်တာနက်စာမျက်နှာ‌တွေမှာ ဖြန့်‌ဝေသွားဖို့ရှိတယ်လို့လည်း ဦး‌ဆောင်စီစဉ်သူ‌တွေက ‌ပြောပါတယ်။