KIC News
ကရင်မဲဆန္ဒရှင်များ မဲစာရင်းတွေ ဗမာတိုင်းရင်းသားနံပါတ်များ ပါဝင်နေ
နိုဝင်ဘာ ၈ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ဖားအံမြိ့နယ်၊ အမှတ် ၅ရပ်ကွက်ရှိ မဲရုံအမှတ်(၂)တွင် ဒေသခံ ကရင်တိုင်းရင်းသားများ၏ မဲသက်သေခံကဒ်ပြား၌ ဗမာတိုင်းရင်း သားနံပါတ်များ ပါဝင်နေခြင်းကြောင့် နားမလည်ကြဘဲ မဲဆန္ဒရှင် ၈၀၀ကျော်မှာ ဗမာတိုင်းရင်းသားမဲပုံးများကို မဲထည့်လိုက်ကြ သည်ဟု KSCN မှ စောစိန်ထွေးက ပြောသည်။
"ကျနော် မဲသွားထည့်တော့...
မဲရုံတွင် တိုးကြိတ်နေရမှုကြောင့် မဲပေးခွင့် ဆုံးရှုံးနိုင်
နိုဝင်ဘာ ၈ရက်၊ ၂၀၁၅ခုနှစ်။ မနက် ၁ဝနာရီ (စောမြဦးသာ)
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာ၌ မဲရုံတစ်ခုတည်းတွင် ရပ်ကွက်ပေါင်းများစွာမှ မဲဆန္ဒရှင်များ လာရောက်မဲပေးရသည့် အတွက် တိုးကြိတ်နေရသည့်သူများနှင့် သက်ကြီးရွယ်အို မဲဆန္ဒရှင်များမှာ နေအိမ်ပြန်သွားကြသည်ဟု သိရသည်။
မဲထည့်ပြီးသူ ခလယ်ရွာသား စောကိုးတုက "မဲထည့်တာ တော်တော် ကြပ်တည်းတယ်။ တိုးနေရတာပေါ့။ ရပ်ကွက်က...
ကရင်တိုင်းရင်းသားဖြစ်ပြီး ရေးရာမဲပေးခွင့်မရသူများရှိ
နိုဝင်ဘာ ၈ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
ယနေ့ ပြုလုပ်နေသည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲရုံတွင် ကရင်တိုင်းရင်းသားရေးရာအတွက် မဲပုံးမရှိသဖြင့် ကရင်မဲဆန္ဒ ရှင်တချို့ ကရင့်ရေးရာမဲပေးခွင့်မရ ဖြစ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ နွယ်နီ (၁၂)လမ်းတွင် နေထိုင်သူ စောလားကပေါ်က ကေအိုင်စီသို့ ပြောသည်။
“အခု ကရင်တိုင်းရင်းသားမဲကို ပေးခွင့်မရဘူး။...
ရွေးကောက်ပွဲလုံခြုံရေး တာဝန်ယူသွားရမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကရင်ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးထွန်းဦးနှင့် တွေ့ဆုံမေးမြန်းခြင်း
"လူထုအုံကြွမှုအဆင့်ထိ ဖြစ်လာရင်တော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ခွဲကနေပြီးတော့ သူတို့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။"
မေး - ရွေးကောက်ပွဲအတွက် ကရင်တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ အထူးရဲတပ်ဖွဲ့တွေထားမယ်ဆိုတော့ တစ်မြို့နယ်ချင်းစီမှာ ဘယ်နှစ်ဦးစီ တာဝန်ပေးသွားဖို့ရှိပါသလဲ။ ဒီအတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဲရုံတစ်ရုံကို အထူးရဲတစ်ယောက်စီ ခန့်အပ်ထားပြီးဖြစ်တယ်။ ကျနော်တို့ ကရင် တစ်ပြည်နယ်လုံး...
ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ မိတ်ဆက်ဖလှယ်
နို်ဝင်ဘာလ ၇ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့-KWEG က ၎င်းတို့စုစည်းရရှိထားသည့် ပြည်နယ်အတွင်း ဆောင်ရွက်မည့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ ပါဝင်သောစာအုပ်ကို နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ နှင့် စောင့်ကြည့်လေ့လာသွားမည့် အရပ်ဖက်အဖွဲ့အစည်းများအား မိတ်ဆက်ဖလှယ်သည့်ပွဲကို ဖားအံမြို့ရှိ HOTEL GABANA ၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။
အဆိုပါစာအုပ်...
၂၀၁၅ရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်တွင် မဲရုံအများဆုံး မဖွင့်နိုင်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စု ၃၈စုအနက် မဲပေးခွင့်ဆုံးရှုံးသူ ကျုံခဝန်ကျေးရွာအုပ်စု...
"ကရင်အမျိုးသားတွေအနေနဲ့ ကရင်ပါတီကို မဲထည့်ချင်တဲ့သူတွေလည်း ရှိတာပဲ။ နိုင်ငံသားတစ်ယောက်အနေနဲ့ အများကြီးကို အခွင့်အရေး ဆုံးရှုံးတာပေါ့။"
ကေအိုင်စီ - ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ ရွေးကောက်ပွဲကော်မရှင်စာရင်းအရ မဲရုံမဖွင့်လှစ်နိုင်တဲ့ကျေးရွာအုပ်စု (၃၈)စုထဲမှာ ကျုံခဝန်ကျေးရွာအုပ်စု အပါအဝင်ဖြစ်တယ်။ ဘာကြောင့် မဲရုံမဖွင့်လှစ်ပေးနိုင်တာလို့ သိရသလဲ။
သူတို့(မြို့နယ်ရွေးကောက်ပွဲကော်မရှင်)ပြောတာက လုံခြုံရေးအရလို့တော့ ပြောပါတယ်။ ဒါပေမဲ့ မဲရုံဖွင့်လှစ်ပေးတဲ့ တခြားကျေးရွာအုပ်စု အနီးစပ်ဆုံးပြောရရင်...
KNU နိုင်ငံခြားရေးရာဋ္ဌာနက နော်ဝေးနိုင်ငံ၌ ကိုယ်စားလှယ် (၂)ဦး ခန့်အပ်
နိုဝင်ဘာလ ၅ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) နိုင်ငံခြားရေးရာဋ္ဌာနက နော်ဝေးနိုင်ငံတွင် နေထိုင်သည့် ကရင်တိုင်းရင်းသား (၂)ဦး ကို နော်ဝေးနိုင်ငံ ကိုယ်စားပြု ကေအဲန်ယူ ကိုယ်စားလှယ်များအဖြစ် ခန့်အပ်လိုက်ကြောင်း အောက်တိုဘာလ ၃၁ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
ကေအဲန်ယူအနေဖြင့် ယခင်ကတည်းက ပြည်ပနိုင်ငံများတွင် ကေအဲန်ယူကိုယ်စားလှယ်...
ရွေးကောက်ပွဲနေ့၌ ကြီးမားသည့် ပဋိပက္ခမဖြစ်နိုင်ဟု ပြည်နယ်ဒုရဲမှူးကြီးပြောဆို
နိုဝင်ဘာ ၅ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ယခုလ ၈ရက်နေ့တွင် ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲနေ့၌ ကရင်ပြည်နယ်အတွင်း ကြီးမားသည့် ပဋိပက္ခများ ဖြစ်မ လာနိုင်ကြောင်း ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးထွန်းဦးက အောက်တိုဘာလ ၃၁ရက်နေ့တွင် ကေအိုင်စီသို့ ပြောဆိုခဲ့ သည်။
၎င်းက “ပဋိပက္ခက ကျနော်တို့ ကရင်ပြည်နယ်မှာ...
တိုင်းရင်းသားအားလုံး NCA လက်မှတ်ရေးထိုးရန် ကရင်ပြည်သူနှင့် နိုင်ငံရေးပါတီအချို့လိုလား
နိုဝင်ဘာ ၅ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
လက်ရှိ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့တို့အကြား ပြုလုပ်နေသည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA)တွင် တိုင်းရင်းသားအား လုံး ပါဝင်လက်မှတ်ရေးထိုးရန် လိုလားကြောင်း နိုဝင်ဘာလ ၃ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့၌ ပြုလုပ်သည့် NCA လက် မှတ်ရေးထိုးမှု ထောက်ခံကြိုဆိုပွဲ အခမ်းအနားတွင် မြဝတီမြို့နယ်ရှိ...















