Home တွေ့ဆုံမေးမြန်းခန်း မယ်လ‌ဆေးရုံတာဝန်ခံ ‌စောလယ့်ဒို့‌ဂေနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

မယ်လ‌ဆေးရုံတာဝန်ခံ ‌စောလယ့်ဒို့‌ဂေနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

2065

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ အုန်းဖျန်နှင့် မယ်လဒုက္ခသည်စခန်းတွင် ဇူလိုင်လဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် ‌ဆေးရုံဝန်ထမ်းများ အလုပ်မဆင်းဘဲ ဆန္ဒထုတ်‌ဖော်ခဲ့မှုကို သက်ဆိုင်ရာ Aide Medicale Internationale (AMI) ဌာနချုပ်မှ တာဝန်ရှိသူများက လာ‌ရောက် ညှိနှိုင်း‌ဖြေရှင်း‌ပေးမှု‌ကြောင့် ‌ပြေလည်သွားပြီး ဇူလိုင်လ ၁၅ရက်‌နေ့တွင် ပုံမှန် အလုပ်ပြန်ဆင်းကြ‌တော့မည်ဟု စခန်း နှစ်ခုရှိ ‌ဆေးရုံတာဝန်ရှိသူများက ထုတ်‌ဖော်‌ပြောဆိုသည်။

အဆိုပါကိစ္စ မည်ကဲ့သို့ ညှိနှိုင်း‌ဖြေရှင်း ‌ပြေလည်သွားသည်၊ ‌ဆေးရုံဝန်ထမ်းများ၏ မည်သည့်အတွက် ဆန္ဒထုတ်‌ဖော်ခဲ့ရသည့် အ‌ခြေခံ အ‌ကြောင်းရင်းနှင့် အ‌ခြေအ‌နေများကို မယ်လဒုက္ခသည်စခန်း၏ ‌ဆေးရုံတာဝန်ခံ ‌စောလယ့်ဒို့‌ဂေအား ဇူလိုင်လ ၁၄ရက် ‌နေ့မနက်က ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းထားခဲ့သည်။

‌မေး။ ။မယ်လဒုက္ခသည်စခန်းမှာ ဖြစ်ပွားခဲ့တဲ့ ‌ဆေးဝန်ထမ်း‌တွေရဲ့ ဆန္ဒထုတ်‌ဖော်မှုဖြစ်ပွားတဲ့ကိစ္စက ညှိနှိုင်းမှု ‌ပြေလည်သွားပြီ လို့ သိရတယ်။ ဘယ်လို ‌ပြေလည်သွားသလဲ ရှင်းပြ‌ပေးပါ။
ပြီးခဲ့တဲ့ Monday မှာ ပြင်သစ်က AMI ဌာနချုပ်မှာ‌နေတဲ့ ဆရာမကြီး Sophie က ‌ဆေးဝန်ထမ်း‌တွေနဲ့ လာ‌တွေ့တယ်။ သူမက လာရှင်းပြတဲ့အခါ အခုလို ‌ပြောပါတယ်။ သူမ ‌ရောက်လာမှ ‌ဆေးဝန်ထမ်း‌တွေရဲ့ ခံစားချက်၊ သ‌ဘောထား‌တွေကို သိရတယ်။ ‌ဆေးဝန်ထမ်း‌တွေကို စဉ်းစားနားလည်‌ပေးဖို့သင့်တယ်။ ဒုက္ခသည်‌ဆေးဝန်ထမ်း‌တွေကလည်း အ‌ရေးကြီးတဲ့အတွက် စဉ်းစား‌ပေး သင့်ပါတယ်။ ဒါ‌ကြောင့်မို့ ဒီတစ်ကြိမ် ဖြစ်စဉ်မှာ ကျမတို့က ရှင်းရှင်းလင်းလင်းမလုပ်တဲ့အတွက် အခုလို ဖြစ်ရတာပါ။ ဒါက သူတို့ ရဲ့ အားနည်းချက်ကို သူမ ဝန်ခံလိုက်တာပါ။ ‌တောင်းဆိုချက်‌တွေအ‌ပေါ်မှာ ကျမတို့ကလည်း စဉ်းစား‌ပေးသင့်ပါတယ်။ ဒါ‌ကြောင့် မို့ သူမက ကျ‌နော်တို့အတွက် လုပ်‌ဆောင်‌ပေးမယ်လို့ ‌ပြောတယ်။ ဒါ‌ကြောင့် လာမယ့် ‌သောကြာ(ဇူလိုင် ၁၅ရက်)‌နေ့မှာ ကျ‌နော် တို့ ‌ဆေးဝန်ထမ်း‌တွေအားလုံး ပုံမှန် အလုပ်ပြန်ဆင်း‌တော့မှာဖြစ်ပါတယ်။

‌မေး။ ။ စခန်းထဲက ‌ဆေးဝန်ထမ်း စတင်ဆန္ဒဖြစ်‌ပေါ်လာရတဲ့ အ‌ကြောင်းအရင်းကို ရှင်းပြပါ။
ဘာ‌ကြောင့် ကျ‌နော်တို့ရဲ့ဆန္ဒကို ထုတ်‌ဖော်ရသလဲဆိုရင် ကျ‌နော်တို့ရဲ့ခံစားချက် ဒီလိုရှိပါတယ်။ အထက်မှာရှိတဲ့သူ‌တွေက အလုပ်လုပ်တာ ထင်သာမြင်သာမှုမရှိတဲ့အတွက် ကျ‌နော်တို့ ဒုက္ခသည်ထဲကဝန်ထမ်း‌တွေကို ခွဲခြားဆက်ဆံတယ်။ တန်းတူအ ခွင့်အ‌ရေး မရဘူး။ အထင်‌သေး (နှိမ်ချ) ခံရတယ်လို့ ခံစားရတဲ့အတွက် အခုလို ဆန္ဒပြခဲ့တာပါ။ သူတို့ ထင်ဟပ်မြင်သာမှု ရှိ ‌အောင် မလုပ်တာရယ်၊ ပွင့်ပွင့်လင်းလင်း တင်ပြမှု မရှိတာ‌တွေ‌ကြောင့်ပါပဲ။ သူတို့လုပ်မယ့်အလုပ်ကို ကျ‌နော်တို့ကို ရှင်းရှင်းလင်း လင်း မ‌ပြောပြဘူး။ အများအားဖြင့် သူတို့ လျှို့ဝှက်ထားတယ်။ လုပ်‌ဖော်ကိုင်ဖက်အချင်းချင်း ရှင်းရှင်းလင်းလင်း မ‌ဖော်ပြတဲ့အ တွက်‌ကြောင့် ဖြစ်တယ်။

‌မေး။ ။ အခြား ဒုက္ခသည်စခန်း‌တွေမှာ အ‌ခြေအ‌နေက ဘယ်လိုအ‌ခြေအ‌နေရှိပါလဲ။
ကျ‌နော်သိရသ‌လောက် အုန်းဖျန်က ကျ‌နော်တို့နဲ့ ခံစားချက်၊ သ‌ဘောထား အတူတူပဲလို့ သိရတယ်။
DSCN5794
‌မေး။ ။ ဒုက္ခသည်ကျန်းမာ‌ရေးလုပ်သား‌တွေက AMI ဆီမှာ အချက် ဘယ်နှစ်ချက်ကို ‌တောင်းဆိုခဲ့ပါသလဲ။
ကျ‌နော်တို့ ‌တောင်းဆိုတာက ခုန ကျ‌နော်‌ပြောပြသလိုမျိုးပဲ ဖြစ်‌စေချင်တာ‌တွေက ကျ‌နော်တို့ကို ရှင်းရှင်းလင်းလင်း ပြန်လာရှင်း ပြ‌ပေးဖို့ လိုချင်တယ်။ ကျ‌နော်တို့ ‌ငွေ‌ကြေးကို လိုချင်တာမဟုတ်ဘူး။ ကျ‌နော်တို့ မှန်မှန်ကန်ကန်ပဲ လိုချင်တယ်။ သူတို့ တစ်ခုခု လုပ်‌တော့မယ်ဆိုရင် ဝန်ထမ်း‌တွေရဲ့‌ရှေ့မှာ ရှင်းရှင်းလင်းလင်းရှင်းပြဖို့ ကျ‌နော်တို့ လိုချင်တယ်။

‌မေး။ ။ ဒီကိစ္စကို နှစ်ဘက်ညှိနှိုင်းမှု အ‌ခြေအ‌နေ‌တွေက ဘယ်လုိုရှိလဲ။
Monday (ဇူလိုင် ၄)မှာ တစ်ကြိမ် လာ‌ရောက်‌ဖြေရှင်းသွားတယ်။ ‌သောကြာ‌နေ့(ဇူလိုင် ၈)တုန်းက‌တော့ လာ‌ဖြေရှင်းတာ မဟုတ် ဘူး။ ကျ‌နော်တို့ ‌ဆေးဝန်ထမ်း‌တွေ အစည်အ‌ဝေးလုပ်မယ်ကြားလို့ အ‌ခြေအ‌နေကို လာ‌လေ့လာတာပဲဖြစ်တယ်။ တကယ်တမ်း လာ‌ရောက်‌ဖြေရှင်းတာ တနလင်္ာ‌နေ့မှာ ဗဟို(‌အေအမ်အိုင်)က ဆရာမ Sophie (Ms. Sophie Benoliel) တစ်ခါလာ‌တွေ့ပြီး ‌ဖြေ ရှင်းတာပဲ။ ဗဟိုက လာတဲ့ ဆရာမက‌တော့ အ‌ခြေအ‌နေအားလုံးကို ‌ပေးသိတယ်။ ပြီး‌တော့ အဂင်္ါ‌နေ့ တစ်ခါ ထပ်‌တွေ့ပြန်တယ်။

‌မေး။ ။ ‌ဆေးဝန်ထမ်း‌တွေက ဒီလုို ဆန္ဒထုတ်‌ဖော်မှု‌တွေဖြစ်တဲ့အတွက် လူနာ‌တွေအ‌ပေါ် ဘယ်လို သက်‌ရောက်မှု‌တွေရှိခဲ့သလဲ။ ‌ဆေးဝန်ထမ်း‌တွေ အလုုပ်မဆင်းတဲ့ ကာလအ‌တောအတွင်းမှာ ‌ဆေးရုုံကိုု ဘယ်လုိုလည်ပတ်ကြသလဲ။
ကျ‌နော်တို့ အလုပ်ရပ်နားတဲ့အချိန်မှာ သူတို့ AMI ကလည်း အစီအစဉ်ရှိပါတယ်။ ဒုက္ခသည် ကျန်းမာ‌ရေးဝန်ထမ်း‌တွေ မရှိတဲ့အ တွက် မဲ‌ဆောက်က ‌ဆေးဝန်ထမ်း‌တွေကို လာခိုင်းတယ်။ လာကူညီ‌စေတယ်။ လူနာ‌တွေကို လာကြည့်ရှု‌စောင့်‌ရှောက်‌စေတယ်။
ဒါ‌ပေမယ့် လူနာ‌တွေဘက်ကကြည့်ရင် နစ်နာတာ ‌တော်‌တော်‌လေး ရှိပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ သူတို့ ဒုက္ခသည်စခန်း ကျန်းမာ‌ရေးလုပ်သား‌တွေကို မ‌တွေ့‌တော့တဲ့အတွက် ထပ်ပြီး မလာပြ‌တော့တာ‌တွေ ရှိပါတယ်။

‌မေး။ ။ မယ်လဒုက္ခသည်စခန်းမှာ ကျန်းမာ‌ရေးလုပ်သား ဦး‌ရေ ဘယ်‌လောက်ရှိလဲ။ ပြီး‌တော့ ‌ဆေးရုံအတွက် AMI ဘက်က ဘယ်လို ‌ထောက်ပံ့ကူညီ‌တွေ‌ပေးသလဲ။
‌ဆေးဝန်ထမ်းအားလုံးက ၃၃ဝဦးရှိပါတယ်။ AMI က ကျန်းမာ‌ရေးနဲ့ ကာကွယ်‌ရေးအပိုင်းမှာ တာဝန်ယူတာ‌ပေါ့‌နော်။ အပြည့်အဝ၊ အလုံအ‌လောက်ပဲ ကူညီ‌ထောက်ပံ့‌ပေးပါတယ်။

‌မေး။ ။ ဒုက္ခသည်စခန်း‌တွေမှာ ကျန်းမာ‌ရေးအကူအညီ‌ပေး‌နေတဲ့ AMIက ဒီလကုန်ရင် နား‌တော့မယ်။ ‌နောက်လဆုိုရင် အကူအ ညီ‌ပေးတဲ့ အသစ်တစ်ဖွဲ့လာမယ်ဆိုတဲ့အ‌ပေါ်မှာ ‌နောက်‌နောင် ဒီလို အ‌ခြေအ‌နေမျိုး မဖြစ်‌အောင် ‌ဆေးဝန်ထမ်းတာဝန်ရှိသူတစ်ဦး အ‌နေနဲ့ ဘာ‌ပြောချင်သလဲ။
အသစ်ထပ်လာမယ့်အဖွဲ့ကို ကျ‌နော်ဒီလိုပဲ ‌ပြောချင်ပါတယ်။ သူတို့ဝင်လာတဲ့အခါ သူတို့ရဲ့ စည်းမျဉ်း၊ စည်းကမ်း‌တွေ ဘယ်လိုရှိ လဲ။ သူတို့ လုပ်ငန်းပိုင်းဆိုင်ရာ ဘယ်လိုရှိလဲ။ ဝင်လာစမှာ လုပ်‌ဖော်ကိုင်ဖက် အားလုံး‌ရှေ့‌မှောက်မှာ တင်ပြ‌စေချင်တယ်။

‌မေး ။ ။ ‌နောက်ဆုံးအ‌နေနဲ့ ဒီအ‌ကြောင်းအရာကို အ‌ခြေခံပြီး ဘာများ ထပ်ဖြည့်စွက် ‌ပြောချင်ပါသလဲ။
ဒီကိစ္စဖြစ်လာတဲ့အ‌ပေါ်မှာ တစ်ချို့က ကျ‌နော်တို့‌ဆေးဝန်ထမ်း‌တွေ ပိုက်ဆံလိုချင်လို့ ဆန္ဒထုတ်‌ဖော်တာဖြစ်တယ်လို့ ထင်မြင် ယူဆကြတာ ရှိတယ်။ ကျ‌နော်တို့ လူနာ‌တွေကို မကြည့်(မငဲ့ညှာ)‌တော့ဘူး။ ပြည်သူ‌တွေကို မကြည့်‌တော့ဘူးလုို့ ထင်ကြတယ်။ အဲဒီလိုလည်း ကျ‌နော်တို့ မလုပ်ပါဘူး။ ဒါ‌ကြောင့်မို့ ကျ‌နော် ဒီလို‌ပြောချင်ပါတယ်။ ဒီကိစ္စဖြစ်တာက ကျ‌နော်တို့လူနာကို ကျ‌နော် တို့ ချန်ထားခဲ့တာ မဟုတ်ဘူး။ ကျ‌နော်တို့ရဲ့ ပြည်သူ‌တွေကို မကြည့်တာလည်း မဟုတ်ပါဘူး။ ကျ‌နော်တို့ လူနာနဲ့ ပြည်သူ‌တွေအ တွက်ကိုလည်း စဉ်းစားပါတယ်။ ကျ‌နော်တို့ ဒီလိုခံရတဲ့အတွက် ဒီလိုဖြစ်တာပါဆိုတာကို ကျ‌နော်တို့ရဲ့ ပြည်သူ‌တွေကို နားလည် ‌စေချင်တယ်။