Home သတင်း DKBA ကလိုထူး‌ဘော ဗဟိုဋ္ဌာနချုပ်ရုံးကို ဆုံဆည်းမြိုင်တွင် ဖွင့်လှစ်

DKBA ကလိုထူး‌ဘော ဗဟိုဋ္ဌာနချုပ်ရုံးကို ဆုံဆည်းမြိုင်တွင် ဖွင့်လှစ်

2533

ဇူလိုင် ၁၈ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

မြန်မာအစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA ကို လက်မှတ်‌ရေးထိုးထားသည့် ဒီမိုက‌ရေစီ အကျိုးပြုကရင်တပ်မ‌တော် DKBA ကလိုထူး‌ဘောအဖွဲ့၏ ဗဟိုဋ္ဌာနချုပ်ရုံးကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဆုံဆည်း မြိုင်‌ကျေးရွာတွင် ယ‌နေ့ (ဇူလိုင် ၁၈ရက်‌နေ့) စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်‌နေ့က အစိုးရနှင့် DKBAတို့ အချက် ၆ချက်ပါရှိသည့် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း ‌ရေး သ‌ဘောတူစာချုပ်ချုပ်ဆိုပြီး‌နောက်ပိုင်းတွင် ပထမဆုံးဖွင့်လှစ်သည့် ဗဟိုဋ္ဌာနချုပ်ရုံးဖြစ်သည်ဟု DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ် ချုပ်ကြီး ‌စောစတီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခုလက်ရှိ ရုံးချုပ်ကို‌ဆောက်တာ ဖူးလားပွယ် (စစ်ဦးစီးချုပ်‌ဟောင်း ဗိုလ်ချုပ်ကြီး ‌စောလားပွယ်)မကွယ်လွန်မီက စတင် ‌ဆောက်တာ ဖြစ်ပါတယ်။ အရင်က‌တော့ ဋ္ဌာနဆိုင်ရာအလိုက် ယာယီရုံးချုပ် သ‌ဘောမျိုးပဲ။ အခုမှ ရုံးချုပ်တစ်ခုအဖြစ်နဲ့ အခိုင် အမာ ‌ဆောက်ပြီးဖွင့်လှစ်တာဖြစ်ပါတယ်”ဟု သူက ‌ပြောသည်။

၎င်းအသစ်ဖွင့်လှစ်လိုက်သည့် ရုံးချုပ်ကို အုတ်ဖြင့် ‌ဆောက်လုပ်ထား‌သော ၂ ထပ်အ‌ဆောက်အဦးဖြစ်ပြီး DKBA ၏ ဋ္ဌာနဆိုင်ရာ အားလုံး ပါဝင်မည်ဖြစ်ကာ အ‌ပေါ်ထပ်တွင် DKBA ၏ သမိုင်းပြတိုက်အဖြစ် ဖွင့်လှစ်ထားမည်ဟု DKBA က ‌ပြောသည်။

ရုံးချုပ်ဖွင့်ပွဲတွင် အစိုးရ တပ်မ‌တော်မှ အရာရှိများ၊ KNUစစ်ဖက်ဆိုင်ရာတာဝန်ရှိသူများ၊ ဋ္ဌာနဆိုင်ရာများ၊ အစိုးရဋ္ဌာနဆိုင်ရာများ၊ DKBA ‌ခေါင်း‌ဆောင်များနှင့် နယ်စပ်‌ဒေသရှိ ထိုင်းအရပ်ဖက် စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ‌ဒေသခံ‌ကျေးရွာသူရွာသားများ အပါ အဝင် စုစုု‌ပေါင်း ၅၀ဝခန့် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် DKBA သည် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့က ပြုလုပ်‌သော တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်-NCA လက်မှတ်‌ရေးထိုးမှုတွင် အခြား‌သော တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့ ၇နှင့်အတူ လက် မှတ်‌ရေးထိုးခဲ့သည်။

လက်ရှိ DKBA စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီး‌စောမို‌ရှေးဖြစ်ပြီး ဒုစစ်ဦးစီးချုပ်၊ စစ်ဦးစီးအရာရှိချုပ်၊ စစ်ဦးစီး‌အောက်တွင် စစ်ဦးစီး၊ စစ်‌ရေး၊ ‌ထောက်ပံ့‌ရေးလုပ်ငန်းဋ္ဌာနနှင့် အ‌ခြေချစစ်ဗျူဟာ ‌အောက်တွင် တပ်ရင်း ၃ရင်း၊ စစ်ဆင်ကွပ်ကဲ‌ရေး အမှတ်(၁)‌အောက် တွင် တပ်ရင်း (၃) ရင်း၊ အမှတ် (၂)‌အောက်တွင် တပ်ရင်း (၃)ရင်းတို့ဖြင့် ပြီးခဲ့သည့် ဧပြီလက ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။