Home သတင်း သတ္တမအကြိမ်‌မြောက် ကရင်နိုင်ငံ‌ရေးပါတီ ၅ ပါတီ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ သ‌ဘောထား ၃ ချက်ထုတ်ပြန်

သတ္တမအကြိမ်‌မြောက် ကရင်နိုင်ငံ‌ရေးပါတီ ၅ ပါတီ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ သ‌ဘောထား ၃ ချက်ထုတ်ပြန်

1688

ဇူလိုင် ၁၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်နိုင်ငံ‌ရေးပါတီ ၅ ပါတီတို့သည် ကရင်ပြည်နယ်၊ ဖားအံမြို့၊ ခွဲက‌ဘောင်ဂါးဒင်းတွင် ဇူလိုင် ၁၆ ရက်မှ ၁၇ ရက်‌နေ့အထိ သတ္တမအကြိမ်‌မြောက် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြပြီး ‌တွေ့ဆုံပွဲအပြီးတွင် သ‌ဘောထားထုတ်ပြန်ချက် ၃ ချက်ကို ထုတ်ပြန်‌ကြေညာခဲ့သည်။

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ(၂၁ ရာစုပင်လုံ)သို့ ကရင်နိုင်ငံ‌ရေးပါတီကိုယ်စားလှယ်များအား တက်‌ရောက် ခွင့်ပြု‌ရေး၊ ကရင်နိုင်ငံ‌ရေးပါတီကြီး တစ်ပါတီ‌ပေါ်‌ပေါက်‌ရေးအတွက် အ‌ခြေခံမူဝါဒ သ‌ဘောတူညီမှုရရှိခဲ့ခြင်းနှင့် မြန်မာထိုင်းနယ်စပ်၌ တရားမဝင်‌မော်‌တော်ယာဉ် တင်သွင်းမှုကို ပိတ်ပင်ကာ ပြည်နယ်အတွင်း ‌ရောက်ရှိပြီး ‌သော ယာဉ်များကို အ‌ရေးယူဖမ်းဆီးခြင်းမပြုရန်နှင့် သင့်‌တော်သည့် အခွန်နှုန်းထားတစ်ခုဖြင့် တရားဝင် လိုင်စင်များထုတ်‌ပေးရန် စသည့် အချက်တို့ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)ဥက္ကဌ ‌စောခင်‌မောင်မြင့်က “‌တွေ့ဆုံပွဲမှာ ကျ‌နော်တို့ ပြည်သူ‌တွေ ရင်ဆိုင်‌နေရတဲ့ လိုင်စင်မဲ့ကား ဖမ်းဆီးခံရတဲ့ ကိစ္စ၊ ပြီး‌တော့ ‌ရေရှည်အတွက် နိုင်ငံ‌ရေး ပြဿနာတို့နဲ့ ကရင်လူထုဆန္ဒဖြစ်တဲ့ တစ်ခုတည်း‌သော ကရင်နိုင်ငံ‌ရေးပါတီ‌ပေါ်ထွန်းလာဖို့ ကိစ္စ‌တွေကို ‌ဆွေး‌နွေးဖြစ်ကြ ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်နိုင်ငံ‌ရေးပါတီ ၅ ပါတီသည် တခုတည်း‌သော ကရင်နိုင်ငံ‌ရေးပါတီ ပြန်လည်စု‌ပေါင်းဖွဲ့စည်းရန် ကရင်လူထု ‌တောင်းဆိုချက်အရ ‌တွေ့ဆုံပွဲကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအထိ စုစု‌ပေါင်း ၇ကြိမ် ရှိခဲ့ပြီးဖြစ်ကာ ‌ပေါင်းစည်း‌ရေးအတွက် အ‌ခြေခံမူဝါဒ‌ရေးဆွဲပြီး ‌ဆောင်ရွက်လျှက်ရှိ‌ကြောင်းလည်း သိရသည်။

‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် အထူးပုဂ္ဂိုလ်အဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေး ဌာန တာဝန်ခံ ပဒို‌စောအားတိုးနှင့် ဒူးပလာယာခရိုင်ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်းတို့လည်း တက်‌ရောက်ခဲ့ကြပြီး ‌ဆွေး‌နွေးပွဲနှင့်ပတ်သက်၍ ‌နောင်လာမည့် ကရင်အမျိုးသားအ‌ရေး ကိစ္စရပ်များအတွက် အလွန်အားရ‌ကျေနပ်မိ‌ကြောင်း ပဒို‌စောအားတိုးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“‌နောင်တချိန် ကျ‌နော်တို့လူမျိုးများအတွက် အာမခံချက်ရှိတဲ့ အ‌ခြေအ‌နေ‌ရောက်ဖို့အတွက် ‌ရှေ့လုပ်ငန်းစဉ်‌တွေ ရှိတာ‌တွေ့ရတဲ့အတွက်‌ကြောင့် KNU အ‌နေနဲ့လည်း ပါတီနဲ့ ပူ‌ပေါင်းပြီး‌တော့ ကရင်အမျိုးသားများအတွက် အကျိုးပြုလုပ်‌ဆောင်သွားကြမယ်လို့‌တော့ ဒီအစည်း‌ဝေးမှာ မှတ်တမ်းတင်ထားပါတယ်”ဟု ၎င်းက ‌ပြောသည်။

ပါတီ‌ပေါင်းစည်း‌ရေအတွက် ကရင်နိုင်ငံ‌ရေးပါတီ ၅ခုဖြစ်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ပြည်သူ့ပါတီ(KPP)၊ ကရင်အမျိုးသားပါတီ(KNP)၊ ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (KSDDP)နှင့် ကရင်ဒီမိုကရက်တစ်ပါတီ(KDP)တို့သည် လာမည့် နိုဝင်ဘာလ ၁၃ ရက်‌နေ့တွင် ထပ်မံ‌တွေ့ဆုံရန်ရှိ‌ကြောင်း သိရသည်။