Home သတင်း ၂၁ ရာစု ပင်လုံညီလာခံ မူ‌ဘောင်ကို အားလုံးသ‌ဘောတူထားရန်လိုဟု UNFC ‌ပြောဆို

၂၁ ရာစု ပင်လုံညီလာခံ မူ‌ဘောင်ကို အားလုံးသ‌ဘောတူထားရန်လိုဟု UNFC ‌ပြောဆို

1767

ဇူလိုင် ၁၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ (၂၁ ရာစုပင်လုံ) ‌ဆွေး‌နွေးပွဲမူ‌ဘောင် (Famework)ကို အားလုံး လက်ခံထား ရန် လိုသည်ဟု ရန်ကုန်မြို့၊ နတ်‌မောက်လမ်းရှိ Chatrium Hotel ၌ ဇူလိုင် ၁၈ရက်‌နေ ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ (UNFC)နိုင်ငံ‌ရေးဆိုင်ရာ ညှိနှိုင်း‌ဆွေး ‌နွေး‌ရေးကိုယ်စားလှယ်အဖွဲ့‌ခေါင်း‌ဆောင် ခူးဦးရယ်က ‌ပြောသည်။

“ဩဂုတ်လ မကုန်ခင် ညီလာခံကျင်းပဖြစ်ခဲ့မယ်ဆိုရင် Framework က အားလုံးလက်ခံသ‌ဘောတူနိုင်တဲ့ Frame-work (‌ဆွေး‌နွေးပွဲ မူ‌ဘောင်) ဖြစ်ဖို ့လိုပါတယ်။ အဲ့ဒါ‌ကြောင့် မူ‌ဘောင်ပြန်သုံးသပ်တဲ့အခါ အားလုံး သာတူညီမျှ ပါဝင်လာခြင်းမရှိရင်၊ အားလုံးလက်ခံသ‌ဘောတူထားတဲ့ မူ‌ဘောင်ဖြစ်မလာဘူးဆိုရင်၊ ညီလာခံကို ကျင်းပတဲ့အခါမှာ ကျ‌နော်တို ့ကိုယ်စားလှယ် ပုံစံအ‌နေအထားနဲ့ ပတ်သက်လို ့ညှိနှိုင်း‌ဆွေး‌နွေးအ‌ဖြေရှာတဲ့အခါမှာ အခက်အခဲ‌တွေနဲ ့ ကြုံ‌တွေ့ရနိုင်တယ်။ အဲ့ကိစ္စကို မ‌နေ ့က နိုင်‌တော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့‌တွေ့တဲ့အခါမှာ ကျ‌နော်တို ့စိုးရိမ်မှု‌တွေကို ထည့်သွင်းတင်ပြပါတယ်”ဟု ခူးဦးရယ်က ‌ပြောသည်။

ထို ့အပြင် UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦး‌ဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ နှင့် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည် ဦး‌ဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့တို ့ ဇူလိုင် ၁၇ ရက်‌နေ ့ည‌နေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန (NRPC)၌ အလွတ် သ‌ဘော ‌တွေ့ဆုံခဲ့ပြီး ၂၁ ရာစုပင်လုံညီလာခံသို ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံး တက်‌ရောက်နိုင် ‌ရေး နှစ်ဖက် ဆက်ညှိနှိုင်းလုပ်‌ဆောင်သွားမည် နှစ်ဖက်တာဝန်ရှိသူများက ‌ပြောသည်။

လက်ရှိတွင် ဩဂုတ်လအတွင်း ပြုလုပ်မည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ (၂၁ ရာစု ပင်လုံ) အတွက် ‌ဆွေး‌နွေးပွဲ မူ‌ဘောင်များ ပြန်လည်သုံးသပ်ခြင်း ‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ အသီးသီး သို ့အစိုးရက ဖိတ်စာများ ‌ပေးပို ့ထား‌ကြောင်း UNFC က ‌ပြောသည်။

UNFC နိုင်ငံ‌ရေးဆိုင်ရာ ညှိနှိုင်း‌ဆွေး‌နွေး‌ရေး ကိုယ်စားလှယ်အဖွဲ့အ‌နေဖြင့် ပုံစံတခုတည်း‌အောက်တွင် အားလုံး ပါဝင်နိုင်‌ရေးအတွက် ကြိုးစား‌ဆောင်ရွက်သွားမည်ဖြစ်သလို မတူကွဲပြားမှုဖြင့် သွားမည်ဆိုပါက မည်သို ့ဖြစ်လာ မည်ကို ‌စောင့်ကြည့်သွားရမည်ဖြစ်သည်ဟု ခူးဦးရယ်က ဆက်‌ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက ပြုလုပ်ခဲ့သည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံသို ့အစိုးရ၊ လွှတ်‌တော်တို့မှ ကိုယ်စားလှယ် ၁၅ဝဦး၊ အစိုးရ တပ်မ‌တော်မှ ကိုယ်စားလှယ် ၁၅ဝဦး၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၈ဖွဲ့မှ ကိုယ်စားလှယ် ၁၅ဝဦးနှင့် နိုင်ငံ‌ရေးပါတီများမှ ကိုယ်စားလှယ် ၁၅ဝဦး၊ အခြားဖိတ်ကြား သင့်သည့် တိုင်းရင်းသား‌ခေါင်း‌ဆောင်များနှင့် တတ်သိပညာရှင် ကိုယ်စားလှယ် ၁၀ဝဦးတို့ဖြင့် စတင် ကျင်းပခဲ့သည်။ လာမည့် ၂၁ရာစုပင်လုံညီလာခံတွင်မှု ကိုယ်စားလှယ်အ‌ရေအတွက် အပါအဝင် ‌ဆွေး‌နွေးပွဲ မူ‌ဘောင် ပြန်သုံးသပ် မည်ဖြစ်ရာ အ‌ပြောင်းအလဲရှိနိုင်‌ကြောင်း ‌ဝေဖန်မှုများလည်း ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များအ‌နေဖြင့် လာမည့် ၂၁ ရာစုပင်လုံညီလာခံတွင် အဖွဲ့အားလုံး ပါဝင်‌ရေးအတွက် မည်သို ့တက်‌ရောက်သွားမည်ကို ယခုလကုန်ပိုင်းတွင် ကချင်ပြည်နယ် မိုင်ဂျာယန်တွင် တိုင်းရင်း သားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ၏ မျက်နှာစုံညီ အစည်းအ‌ဝေး ပြုလုပ်ကာ ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။