Home သတင်း အမျိုးသား လွတ်‌မြောက်‌ရေးအတွက် ကဏ္ဍ‌ပေါင်းစုံ ကြိုးပမ်းကြရန် KNDO စစ်ဦးစီးချုပ်‌ပြောကြား

အမျိုးသား လွတ်‌မြောက်‌ရေးအတွက် ကဏ္ဍ‌ပေါင်းစုံ ကြိုးပမ်းကြရန် KNDO စစ်ဦးစီးချုပ်‌ပြောကြား

2538

ဇူလိုင် ၁၇ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသားထုတစ်ရပ်လုံး လွတ်‌မြောက်‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ‌သော တိုင်းပြည်ရရှိ‌ရေးအတွက် ကဏ္ဍ‌ပေါင်းစုံမှ ကြိုး ပမ်းလုပ်‌ဆောင်သွားရန် ဇူလိုင် ၁၆ရက်‌နေ့က ကျ‌ရောက်‌သော (၆၉)နှစ်‌မြောက် ကရင်အမျိုးသား ကာကွယ်‌ရေးတပ်မ‌တော်-KNDO ‌နေ့တွင် ၎င်း၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်‌စောနယ်ဒါးဘိုမြက ‌ပြောကြားလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တွဲဘက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲနှင့် ဗဟို‌ကော်မတီအချို့၊ KNDO တပ်ဗိုလ်၊ တပ်မှူးများနှင့် ‌ဒေသခံလူထုများ အပါအဝင် စုစု‌ပေါင်း (၅၀၀)‌ကျော် တက်‌ရောက်ခဲ့ကြပြီး KNU တပ်မဟာ(၇)ရှိ ၎င်းတို့ဋ္ဌာနချုပ် တွင် ပြုလုပ်ကျင်းပခဲ့‌သော ၆၉နှစ်‌မြောက် (KNDO)‌နေ့ အခမ်းအနားတွင် ဗိုလ်မှူးချုပ်‌စောနယ်ဒါးမြက ထိုသို့ ‌ပြောကြားခဲ့ခြင်းဖြစ် သည်။

“‌ခေါင်း‌ဆောင်ကြီး‌စောဘဦးကြီးက ‌ပြောတယ်။ ကျ‌နော်တို့ဟာ အသိအမှတ်ပြုခြင်းခံရတဲ့ တိုင်းပြည်တစ်ပြည်ရှိဖို့ စည်းလုံးညီ ညွတ်မှုဖြင့် ပူး‌ပေါင်းလုပ်‌ဆောင်ရမယ်။ စည်းလုံးမှုဖြင့် ပူး‌ပေါင်းလုပ်‌ဆောင်မှုမရှိရင် တစ်‌နေ့ဝါးမျိုခြင်းခံရဖို့ပဲ ရှိတယ်။ ဒါ‌ကြောင့် အမျိုးသားလွတ်‌မြောက်‌ရေးဟာ ကျ‌နော်တို့ရဲ့ တာဝန်ဖြစ်တယ်။ ကိုယ့်ကဏ္ဍနဲ့ ကိုယ်နဲ့ စည်းစည်းလုံးလုံးနဲ့ ကျ‌နော်တို့ ပူး‌ပေါင်း လုပ်‌ဆောင်ရမယ်။ တစ်စိတ်တည်း တစ်ဝမ်းတည်း ပူး‌ပေါင်းလုပ်‌ဆောင်ကြမယ်။ စိတ်ရှည်သီးခံမှုနဲ့ လုပ်‌ဆောင်သွားရမယ်”ဟု သူက ‌ပြောကြားသည်။

၎င်းအပြင် လက်ရှိ ကွဲပြား‌နေ‌သော ကရင်လက်နက်ကိုင်အဖွဲ့များကို တစ်ခုတည်း‌သော တပ်မ‌တော်တစ်ရပ် ဖြစ်‌ပေါ်လာရန် ကန ဦး ညှိနှိုင်းလုပ်‌ဆောင်သွားမည်ဖြစ်ကာ ဂုဏ်သိက္ခာရှိပြီး မိမိ၏တိုင်းပြည်နှင့်ပြည်သူကို ‌စောင့်‌ရှောက်သွားမည့် တပ်မ‌တော်အ‌နေ ဖြင့် တည်ရှိ‌နေရမည်ဟုလည်း ဗိုလ်မှူးချုပ်‌စောနယ်ဒါးဘိုမြက ဆက်‌ပြောသည်။
13718041_720129044794411_1878788025_o
ထို‌နေ့ အခမ်းအနားတွင် KNDO ‌နေ့ ဖြစ်‌ပေါ်လာရခြင်း၊ ဖွဲ့စည်းရခြင်း သမိုင်း‌ကြောင်း‌နောက်ခံများ၊ လက်ရှိ ငြိမ်းချမ်း‌ရေးနှင့် နိုင်ငံ ‌ရေးဖြစ်စဉ်များကို တက်‌ရောက်လာသည့် တပ်မှူးတပ်သားများနှင့် လူထုပရိဿတ်များအား သက်ဆိုင်ရာ‌ခေါင်း‌ဆောင်များက ရှင်းလင်း‌ပြောကြားခဲ့သည်။

အခမ်းအနားသို့ တက်‌ရောက်ခဲ့သူ ‌စောမုဒိုစိုးက “‌ခေါင်း‌ဆောင်‌တွေရဲ့အား‌ပေးလမ်းညွှန်စကား‌တွေ ကြားရ‌တော့ ကျ‌နော်အရမ်း ကို ဝမ်းသာအားရမိပါတယ်။ တကယ်လို့ ကရင်လက်နက်ကိုင် နှစ်ဖွဲ့သုံးဖွဲ့ ပြန်စုစည်းနိုင်မယ်ဆိုရင် ကျ‌နော်တို့ ကရင်လူငယ်‌တွေ ကရင်လူမျိုး‌တွေ ပြန်စုစည်းတာဟာ ကျ‌နော်တို့ ကရင်လူမျိုးအားလုံးအတွက် အ‌ကောင်းဆုံးပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၁၉၄၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့တွင် KNUကို စတင်ဖွဲ့စည်းခဲ့ပြီး‌နောက် ကရင်အမျိုးသားများ၏ ‌တောင်းဆိုချက်များကို ဖဆ ပလ အစိုးရမှ အကြမ်းဖက်နှိမ်နင်းခဲ့ခြင်း‌ကြောင့် ကရင်အမျိုးသားများကို ကာကွယ်ရန် ထိုနှစ်၊ ဇူလိုင်လ ၁၆ရက်‌နေ့တွင် KNDO ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ကျ‌ရောက်သည့် KNDO ‌နေ့ကို KNU ၏ ခရိုင်၊ တပ်မဟာ (၇)ခုရှိ KNDO တပ်ရင်း အသီးသီးတွင်လည်း ပြုလုပ်ကျင်းပခဲ့ သည်။ ပြီးခဲ့သည့် ၆၈နှစ်‌မြောက် KNDO ‌နေ့ကို ဗဟိုအဆင့်အဖြစ် KNU တပ်မဟာ(၆)နယ်‌မြေ၊ ဒူးပလာယာခရိုင်ရှိ အူးက‌ရေ့ခီး ၌ ကျင်းပခဲ့သည်။