KIC News
လေးမြို့နယ် စာယဉ်များစုပေါင်းကာ ကရင်စာသင် ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်းပေး
အောက်တိုဘာ ၁၈ ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာဖောင်
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးနှင့် ထန်းတပင်မြို့နယ် ကရင်စာပေနှင့်ယဉ် ကျေးမှုကော်မတီများ စုပေါင်းကာ ကျောင်းချိန်ပြင်ပ ကရင်စာသင် ဆရာ/ဆရာမများအတွက် မွမ်းမံသင်တန်း ကို အောက်တိုဘာ ၁၇ရက်မှ၂၁ရက်နေ့အထိ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ ယေရုရှလင်းဝန်း အတွင်းရှိ...
လတ်တလော စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အစိုးရနှင့် ဆွေးနွေးနေဟု ကေအဲန်ယူ ပြောဆို
အောက်တိုဘာ ၁၈ရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စက်တင်ဘာလက ဖြစ်ပွားခဲ့သော အစိုးရတပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်း တပ်ဖွဲ့နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)တို့ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်း ရှောင်နေရသော စစ်ရှောင်ပြည်သူများ အမြန်ဆုံးနေရပ်ပြန်နိုင်ရန် အစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများရှိကြောင်း...
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်-NCA တနှစ်တာကာလအတွင်း ပါဝင်ပတ်သက်သူအချို့ရဲ့ သုံးသပ်ပြောဆိုချက်များ
နော်ယုဇနဝါ (အတွင်းရေးမှူ-၁၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ)
NCA လက်မှတ်ရေးထိုးပြီးနောက် ဆိုးကျိုးတွေကတော့ တပ်မတော်စစ်ကြောင်းတွေနဲ့ နယ်ခြားစောင့်တပ်တွေက မြိုင် ကြီးငူ၊ မဲသဝေါ်ဒေသကို စစ်ဆင်လာတာဟာဆိုလို့ရှိရင် လက်မှတ်ထိုးထားတဲ့ KNU နဲ့ ကရင့်လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့နဲ့ စစ်ပြန် လည်မဖြစ်ပွားဘူးဆိုပေမယ့်လည်း လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ပေါ်မှာ ထိုးစစ်ဆင်မှုကြောင့် ကျမတို့ ကရင်ဒုက္ခ သည်အမြောက်အများက...
ဖက်ဒရယ်စနစ်တွင် ကရင်တိုင်းရင်းသားစာပေ ထည့်သွင်းနိုင်ရေး ဆွေးနွေးပွဲ ပြုလုပ်ပြီးစီး
အောက်တိုဘာ ၁၇ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာဖောင်
ဖက်ဒရယ်ပြည်ထောင်စုစနစ် ပြောင်းလဲလာပါက ကရင်တိုင်းရင်းသား စာပေများအား မည်သည့်ပုံစံဖြင့် ပါဝင်ဆောင်ရွက်ရန်ကို ရည်ရွယ်၍ ကော်လာဖောင်ဒေးရှင်းနှင့် ကရင်ပြည်သူ့ပါတီ(KPP)တို့ ပူးပေါင်းကာ ဖက်ဒရယ်ပညာရေး အလုပ်ရုံဆွေးနွေးပွဲကို ရန် ကုန်မြို့၊ SKY STAR ဟိုတယ်၌ အောက်တိုဘာ ၁၂ရက်နှင့် ၁၃ရက်နေ့များက...
ထိုင်းဘုရင်နတ်ရွာစံခြင်း ဝမ်းနည်းသည့်အထိမ်းအမှတ် ကရင်အမျိုးသားအလံတော်အား တိုင်တစ်ဝက်လွှင့်ထူရန် KNU ညွန်ကြား
အောက်တိုဘာလ ၁၇ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ်၊ ဘူမိဘောအဒူယာဒက်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ရက်နေ့က နတ်ရွာစံသွားသည့်အ တွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ကရင်အမျိုးသားအလံတော်အား တိုင်တစ်ဝက်လွှင့်ထူထားရန် ကရင်အမျိုးသားအ စည်းအရုံး-KNU က နယ်စပ်ရှိ ၎င်းတို့၏ စစ်ဖက်၊ အရပ်ဖက် ဋ္ဌာနအသီးသီးသို့ ညွှန်ကြားထားကြောင်း သိရသည်။
KNU...
ပဲခူးတိုင်း JMC-S တွင် အရပ်သားကိုယ်စားလှယ်များကို နှစ်ဖက်အဖွဲ့နှင့် နီးစပ်သူများအား ရွေးချယ်တာဝန်ပေး
အောက်တိုဘာ ၁၇ရက်။ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)ကို အောက်တိုဘာ ၁၄ရက်နေ့က တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်ရုံး၊ ခန်းမ၌ ဖွဲ့စည်းခဲ့ရာတွင် နှစ်ဖက်အဖွဲ့အစည်းနှင့် နီးစပ်သူများကို သာ ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအဆင့် JMC-S ကော်မတီတွင် အစိုးရဘက်မှ အဖွဲ့ဝင် ၅ဦး၊ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)...
ကရင်စာဖြင့် ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ဧရာဝတီတိုင်း နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ပြုလုပ်မည်
အောက်တိုဘာ ၁၇ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
၂၇၅၆ခုနှစ် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကာ စကော နှင့်ပိုးကရင်စာပေ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဦးစီးကော်မတီက ဦးဆောင်ပြုလုပ် သွားမည်ဟု ကော်မတီ အထွေထွေအတွင်းရေးမှူး မန်းလှသိန်းက ကေအိုင်စီသို့ အောက်တိုဘာလ ၁၆ရက်နေ့တွင်...
ဘီးလင်းမြို့နယ်တွင် လူသတ်မှုဖြစ်ပွားနှုန်း ယခင်နှစ်ထက် များပြားနေ
အောက်တိုဘာ ၁၆ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေဖြစ်သော သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ အောက်တိုဘာလအထိ ရာဇဝတ်မှုများထဲတွင် လူသတ်မှုဖြစ်ပွားမှုနှုန်း ၃ခုအထိရှိကာ ယခင်နှစ်ထက် များပြားနေသည်ဟု ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)က ကေအိုင်စီသို့ ပြောသည်။
ယခုနှစ်၌ ဘီးလင်းမြို့နယ်အတွင်း လူသတ်မှု သုံးခု၊ လူသေမှု နှစ်ခု၊...
“နောင် မျိုးဆက်အဆင့်ဆင့်အတွက် အန္တရာယ်ပေးမယ့် ကျောက်မီးသွေး”
စမနိုက်ဖောင် (ဖားအံ)
(အောက်တိုဘာလ ၁၅ရက်၊ ၂၀၁၆ခုနှစ်)
“ကျောက်မီးသွေးအသုံးပြုမယ့်ပစ္စည်းတွေ ရောက်ရှိလာပြီးလို့လည်း ခပ်သဲ့သဲ့ကြားနေရတယ်။ ဒီအရေးကိစ္စနဲ့တော့ ကျနော်တို့ ဒေသခံပြည်သူတွေ အလွန်ပဲ စိုးရိမ်နေတာတော့ အမှန်ပါ”
ဒီစကားကိုပြောသူက ကရင်ပြည်နယ်၊ ဖားအံမြို့နယ်မှာရှိတဲ့ တန်(၄,၀၀၀)မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေး လောင်စာနဲ့ ပြန်လည်အသုံးပြုဖို့ စိုးရိမ်နေရှာတဲ့ ဒေသခံတစ်ဦးပဲ ဖြစ်ပါတယ်။
အဲဒီစက်ရုံကို ကျောက်မီးသွေးလောင်စာနဲ့...
အောက်ခြေလူထုမှအမျိုးသား နိုင်ငံရေးဆွေးနွေးပွဲအထိ ဆွေးနွေးမည့်ကဏ္ဍအလိုက် တာဝန်များခွဲဝေ
အောက်တိုဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စောညွန့်သောင်း
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်အမျိုးသားအဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးပွဲကို ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ အောက်တိုဘာ ၁၂ရက်မှ ၁၄ရက်နေ့အထိ ကျင်းပခဲ့ရာ အောက်ခြေလူထုမှတစ်ဆင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအ ထိ ဆွေးနွေးမည့်ကဏ္ဍအလိုက်ကို ဆွေးနွေးရန် တက်ရောက်လာသည့် ကိုယ်စားလှယ်များအား တာဝန်များခွဲဝေလိုက်သည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကရင်လူထုမှ ပြုစုထားသည့် နိုင်ငံရေး၊...














