Home သတင်း ပြည်‌ထောင်စုအဆင့် CSOs ဖိုရမ်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် ကရင်ပြည်နယ် CSOs များက ကိုယ်စား လှယ်များ‌ရွေးချယ်ပြီးစီး

ပြည်‌ထောင်စုအဆင့် CSOs ဖိုရမ်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် ကရင်ပြည်နယ် CSOs များက ကိုယ်စား လှယ်များ‌ရွေးချယ်ပြီးစီး

1921

ဧပြီ ၆ ရက် ၊၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

လာမည့် ပြည်‌ထောင်စုအဆင့် CSOs ဖိုရမ်များတွင် ကရင်ပြည်နယ်ကိုယ်စားပြု ညှိနှှိုင်း‌ဆောင်ရွက်မှုပြုလုပ်နိုင် ရန် ညှိနှိုင်း‌ရေးကိုယ်စားလှယ်များကို ဧပြီလ ၄ ရက်မှ ၅ရက်တွင် ဖားအံမြို့ ဇွဲကပင်မိုတယ်မှာ ပြုလုပ်သည့် က ရင်ပြည်နယ်အရပ်ဘက် အဖွဲ့အစည်းများ‌တွေ့ဆုံပွဲမှ ‌ရွေးချယ်ထားလိုက်‌ကြောင်း အဆိုပါ ‌တွေ့ဆုံပွဲ တာဝန်ခံ ‌စော‌ဇော်လင်းထံမှ သိရသည်။

ထိုသို့ ညှိနှိုင်း‌ရေးကိုယ်စားလှယ်များကို ‌ရွေးချယ်ထားခြင်းမှာ လာမည့် ပြည်‌ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အ စည်းများဖိုရမ်များ ကျင်းပရာတွင် ချိတ်ဆက်‌ဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ်အ‌နေဖြင့် အဆင်သင့်ဖြစ်‌စေရန် ယခုကဲ့သို့ ‌တွေ့ဆုံ၍ ညှိနှိုင်း‌ရေးကိုယ်စားလှယ်များ‌ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ‌ပြောသည်။
ညှိနှိုင်း‌ရေးကိုယ်စားလှယ်များကို ကရင်ပြည်နယ် ၇ မြို့နယ်မှ တစ်မြို့နယ် တစ်ဦးနှုန်းဖြင့် ၇ ဦးအပြင် အရံ ၃ ဦးကိုလည်း ‌ရွေးချယ်ထား‌ကြောင်း သိရသည်။

ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖြစ်‌ရွေးချယ်ခံရသည့် ‌ကော့ကရိတ်မြို့နယ် ၈၈ ပွင့်လင်းအဖွဲ့မှ ‌နော်တ‌ကော်ထူးက“ အမှန်က တစ်မြို့နယ်ကို တစ်‌ယောက်ပါ။
မသွားနိုင်ရင် အစားသွားဖို့ အရံလည်း ‌ရွေးထားတယ်။ အားလုံးခြုံငုံတဲ့ အခန်းကဏ္ဍဖြစ်လို့ ဖြစ်စဉ်‌တောက်‌လျှောက်မှာပါထားလို့ သူတို့ (အခု‌ရွေးချယ်ထား တဲ့သူ‌တွေ)ကို ‌ရွေးတာ ဖြစ်တယ်။ မြို့နယ် အလိုက်‌ရွေးတယ်ဆိုတာက ကိုယ့်မြို့နယ်မှာ ခြုံငုံပြီးတင်ပြ‌ဆွေး‌နွေးဖို့ပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ၂ ရက်တာ ပြုလုပ်သည့် ‌တွေ့ဆုံပွဲတွင်လည်း ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ရာစုပင်လုံ နှင့်စပ် လျဉ်းသည့် လုပ်ငန်းစဉ်များကို တင်ပြ‌ဆွေး‌နွေးခြင်း၊ ခရိုင်အလိုက် ‌တွေ့ဆုံထားမှုကို ပြန်လည်တင်ပြခြင်းနှင့် က ရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းဖိုရမ် ခရိုင်/ပြည်နယ်အတွက် လုပ်ငန်းလမ်းညွှန်အကြမ်းများကိုလည်း ‌ဆွေး‌နွေးထားခြင်းရှိသည်။

ဧပြီလ ၄ ရက်နှင့် ၅ ရက်က ကျင်းပပြုလုပ်သည့် အရပ်ဘက်အဖွဲ့အစည်းများ ‌တွေ့ဆုံပွဲသည် ပြည်‌ထောင်စု ငြိ်မ်း ချမ်း‌ရေးညီလာခံ ၂၁ ပင်လုံနှင့်စလျဉ်းသည့် လုပ်ငန်းစဉ်များ၊ အ‌ကြောင်းအရာလိုက်အမျိုးသားအဆင့် နိုင်ငံ ‌ရေး ‌ဆွေး‌နွေးပွဲလုပ်ငန်းစဉ်များနှင့် ‌ဆွေး‌နွေးရမည့် အ‌ကြောင်းများ၊ ပြည်နယ်အဆင့် အ‌ခြေခံအရပ်ဖက် အဖွဲ့အ စည်း များဖွဲ့စည်းမှုနှင့် ငြိမ်းချမ်း‌ရေးနှင့် ဖက်ဒရယ်ပြည်‌ထောင်စု သ‌ဘောတရားများသိရှိ‌စေရန် ‌တွေ့ဆုံ‌ဆွေး‌နွေး ခဲ့ကြ ခြင်းဖြစ်သည်။
ကရင်ပြည်နယ်တွင် လှှိုင်းဘွဲ၊ သံ‌တောင်၊ ‌ကော့ကရိတ်၊ မြဝတီ၊ ကမ‌မောင်း၊ ကြာအင်းဆိပ်ကြီးနှင့် ဖားအံစသည့် မြို့နယ်များဖြင့် ဖွဲ့စည်းထားသည်။