KIC News
၂၀၁၅ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု Hpa-an Youth Network မှ စရှိုင်း ရရှိ
ဩဂုတ် ၁၃ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ဖန်းဖောင်ဒေးရှင်းမှ ၂၀၁၅ခုနှစ်အတွက် ပေးအပ်သည့် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို လူငယ်များ၏ ပညာရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ Hpa-an Youth Network မှ စရှိုင်းက ရရှိခဲ့ပြီး ဆုကို ဩဂုတ်လ ၁၂ရက်နေ့က ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇)ဋ္ဌာနချုပ်၌...
ကရင်အာဇာနည်နေ့အတွက် ပဒိုစောသမိန်ထွန်း၏ လက်ဆင့်ကမ်းစကား
အာဇာနည်ဝေါဟာရ၏ အဓိပ္ပာယ်
အာဇာနည်ဆိုတာ အမျိုးမျိုးတော့ ပြောကြတာပေါ့လေ။ အများအကျိုးအတွက်၊ တိုင်းပြည်အတွက် အမျိုးသားအတွက် ကိုယ် ကျိုးကို စွန့်လွတ်ပြီး အများအကျိုးအတွက်ကို ငဲ့ကွက်ပြီးမှ သူ့ဘဝတစ်ခုလုံးကို ဆုံးရှူံးနစ်နာတဲ့အထိ ဆောင်ရွက်တဲ့သူကိုပဲ ကျနော်တို့ ယေဘုယျ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ကရင်အမျိုးသား အာဇာနည်နေ့၏ အရေးကြီးပုံ
အာဇာနည်နေ့ကတော့ ကျနော်တို့နှစ်စဉ် ကျင်းပလာတာဆိုရင် အခုဆို...
လူငယ်များ လက်ဆင့်ကမ်းတာဝန်များကို ညီညွှတ်မှုဖြင့် လုပ်ဆောင်ကြရန် အာဇာနည်နေ့တွင် ကရင်စစ်ဦးစီးချုပ် တိုက်တွန်း
ဩဂုတ် ၁၂ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ကရင့်အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရည်မှန်းချက်ပြည့်မြောက်အောင်မြင်သည့်အထိ လူငယ်များအနေဖြင့် လက်ဆင့်ကမ်း တာဝန်များကို ညီညီညွတ်ညွတ်ဖြင့် လုပ်ဆောင်သွားကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက ကေအဲန်ယူ၊ တပ်မဟာ(၇)ဋ္ဌာနချုပ်တွင် ဗဟိုအဆင့်အဖြစ် ယနေ့ကျင်းပပြုလုပ်သည့် ၆၆နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။
ဗိုလ်ချုပ်ကြီးစောဂျော်နီက “ကရင်လူငယ်တွေအနေနဲ့ အသက်ပေးလှူသွားတဲ့ ခေါင်းဆောင်တွေအတွက် အာဇာနည်နေ့လုပ်ရုံနဲ့...
၆၆နှစ်မြောက် ကရင့်အာဇာနည်နေ ့ အခမ်းအနား ဖားအံတွင် ပထမဆုံးအကြိမ်ကျင်းပ
ဩဂုတ် ၁၂ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာဖောင်
ယနေ့ ကျရောက်သည့် ၆၆နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ ့အခမ်းအနားကို ဖားအံမြို့တွင် မြို့ခံ ကရင်အမျိုးသားများ က စုပေါင်းကာ ကရင်ပြည်နယ်၊ ဖားအံမြို့၊ သုမေဓါရာမ၊ ကြားတောရကျောင်းတိုက်၌ ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။
နံနက် ၉နာရီမှ စတင်သည့် အဆိုပါအခမ်းအနားကို ကရင်အမျိုးသားအလံတော် အလေးပြုခြင်း၊...
အပစ်ရပ်စောင့်ကြည့်ရေးတွင် JMC-S နှင့် ဒေသခံအရပ်သားတို့ ပူးတွဲလုပ်ဆောင်သွားရန် ဆွေးနွေး
ဩဂုတ် ၁၁ရက်၊ ၂၀၁၆ခုနှစ်။ စောညွန့်သောင်း
ဖားအံမြို့၊ ANGEL LAND ဟိုတယ်၌ ဩဂုတ် ၈ရက်မှ ၁ဝရက်နေ့အထိ ပြုလုပ်သော အရပ်သားအပစ်ရပ် စောင့်ကြည့်လေ့ လာခြင်း မွမ်းမံလမ်းညွှန်သင်တန်းတွင် အပစ်ရပ်စောင့်ကြည့်ရေးကိစ္စရပ်များကို ပူးတွဲလုပ်ဆောင်သွားရန် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)ကိုယ်စားလှယ်များနှင့် ဒေသခံ အရပ်သား...
လက်နက်ချပါ့မယ်လို့ ကတိပြု ကြေညာသူများသာ ပါဝင်နိုင်တဲ့ “အားလုံးပါဝင်ရေး”လား
မောင်ကျော်စွာ
(၂၀၁၆ခုနှစ်၊ ဩဂုတ်လ ၁၁ရက်)
“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေး” ကို လာမည့် “ ဩဂုတ်လ ၃၁ ရက်နေ့” တွင် စတင်မည်ဟု ဩဂုတ်လ ၈ ရက်နေ့မှာ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပြီ။
“ပထမအကြိမ်” လို့ဆိုထားတဲ့အတွက် ဒုတိယအကြိမ်၊ တတိယအကြိမ်...
ရိုးရာလက်ချည်ပွဲ၊ အာဇာနည်နေ့နှင့် ထိုင်းဘုရင်မိဖုရားမွေးနေ့ပွဲ ရွှေ့ပြောင်းကျောင်းသားများ အစဉ်အလာမပျက် ကျင်းပ
ဩဂုတ် ၁၁ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ယခုနှစ် ဝါခေါင်လအတွင်း ကျရောက်သည့် ကရင့်ရိုးရာလက်ချည်ပွဲ၊ ဩဂုတ် ၁၂ရက်နေ့တွင် ကျရောက်သည့် (၆၆)နှစ်မြောက် ကရင်အာဇာနည်နေ့နှင့် ထိုင်းဘုရင်မိဖုရား (Rajawongse Sirikit Kitiyakara)၏ ၈၄နှစ် မြောက်မွေးနေ့ပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆာသူးလေ မြန်မာရွှေ့ပြောင်း စာသင်ကျောင်း၌ ကျောင်းသား၊...
ကွမ်းခြံကုန်းမြို့နယ်၊ ကျေးရွာအစိုးရကျောင်းများတွင် ကျောင်းချိန်ပြင်ပ ကရင်စာပေ သင်ကြားမည်
ဩဂုတ် ၁ဝရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာဖောင်
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တောကြီးတန်းရှိ တိုက်ကြီး၊ ဇူးကလပ်၊ တောကျောင်း၊ ဝါးကောက်တော၊ မန်းက လိပ်၊ ခရမ်း၊ ဆိပ်ကြီး၊ ကမာပါ၊ ညောင်ငူကျေးရွာများတွင် ပိုးကရင်စာပေ(ဖလုံး)ကို သင်ကြားနိုင်ရန် ကွမ်းခြံကုန်းမြို့ ပညာရေး မှူးရုံး၌ ဩဂုတ်လ ၁ဝရက်နေ့က ပြုလုပ်သည့်...
ကရင်ပြည်နယ် ကျောင်းသားသမဂ္ဂ(ယာယီ)ကော်မတီဖွဲ့စည်း
ဩဂုတ် ၁၁ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
နိုင်ငံများအတွင်းရှိ ကျောင်းသားများအချင်းချင်း ချိတ်ဆက်မှု အားကောင်းရေးအတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်(ဗကပ)မှ ကိုယ်စားလှယ်အချို့တို့ ဦးစီး၍ ကရင်ပြည်နယ် ကျောင်းသားသမဂ္ဂ(ယာယီ) ကော်မတီတစ်ရပ်ကို ကရင်ပြည် နယ် ဖားအံမြို့၊ မဟာသတိပဋ္ဌာန် မဂ္ဂင်ရိပ်သာကျောင်းတွင် ဩဂုတ်လ ၈ရက်နေ့က ဖွဲ့စည်းပေးခဲ့သည်။
ယင်းသို့ ဖွဲ့စည်းလိုက်သည့်...
၂၁ ပင်လုံညီလာခံ ပါဝင်ခွင့်ရရန် အစိုးရထံ စာပေးပို့ထားမှု ပြန်ကြားခြင်းမရှိသေးကြောင်း ခွဲထွက် DKBA ပြောဆို
ဩဂုတ် ၁ဝရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ပါဝင်တက်ရောက်နိုင်ခွင့်ရရှိရေးအတွက် ယခင်လ ဇွန် ၁၂ရက်နေ့စွဲဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့ခဲ့ရာ၌ ယနေ့အထိ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA က ဩဂုတ် ၁ဝရက်နေ့တွင်...















