Home သတင်း ‌နောက်ထပ် ၄ နှစ်အတွက် ဆက်လက် တာဝန်ထမ်း‌ဆောင်သွားမည့် ‌ခေါင်း‌ဆောင်သစ်မျာကို KNU ‌ရွေးချယ် ‌တော့မည်

‌နောက်ထပ် ၄ နှစ်အတွက် ဆက်လက် တာဝန်ထမ်း‌ဆောင်သွားမည့် ‌ခေါင်း‌ဆောင်သစ်မျာကို KNU ‌ရွေးချယ် ‌တော့မည်

2110

ဧပြီ ၅ ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ လက်ရှိကျင်းပ‌နေဆဲဖြစ်သည့် ၁၆ ကြိမ်‌မြောက် ကွန်ဂရက် အစီ အစဉ်များအရ နံနက်ဖြန် ဧပြီလ ၆ ရက်‌နေ့တွင် ‌နောက်လာမည့် ၄ နှစ်တာကာလအတွင်း ဆက်လက်တာ ဝန်ထမ်း‌ဆောင်သွားမည့် KNU ‌ခေါင်း‌ဆောင်သစ်မျာကို စတင်‌ရွေးချယ်‌တော့မည်ဟု သိရသည်။

ကွန်ဂရက် ကျင်းပ‌ရေး‌ကော်မတီဥက္ကဌ ပဒို‌စော‌သောသီဘွဲက “ဒီ‌နေ့က‌တော့ ကျ‌နော်တို့ ‌ခေါင်း‌ဆောင် သစ်ပြန် လည်‌ရွေးချယ်နိုင်ဖို့အတွက် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ‌ရွေး‌ကောက်ပွဲဆိုင်ရာ စည်း မျဉ်း၊ စည်းကမ်းများကိုလည်း အတည်ပြုနိုင်တဲ့အတွက် နက်ဖြန်ကာ စတင်ပြီး‌ရွေး‌ကောက်ပွဲပြု လုပ်‌တော့မှာ ဖြစ်ပါတယ်”ဟု ‌ပြောသည်

ယ‌နေ့ ကျင်းပသည့်ကွန်ဂရက်၏ ၁၇ ရက်‌မြောက်‌နေ့တွင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဌအဖြစ် မန်း‌အောင် ပြည်စိုးနှင့် အတွင်း‌ရေးမှူး အကျိုး‌ဆောင် နန်း‌ဖော့‌ဂေ အပါအဝင် အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့သလို ‌ရွေး ‌ကောက်ပွဲစည်းမျဉ်းစည်းကမ်းများကိုလည်း ချမှတ်နိုင်ခဲ့သည်ဟု ကျင်းပ‌ရေး ‌ကော်မတီထံမှ သိရသည်

‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်သစ်များကို ‌ရွေးချယ်တင်‌မြောက်ရာတွင် မဲ‌ပေးခွင့်ရှိသူ ကိုယ်စားလှယ် ၂၁၇ ဦးမှ ‌ရှေးဦးစွာ ဗဟို‌ကော်မတီဝင်‌လောင်း ၆ဝ ကို‌ရွေးချယ်ရမည်ဖြစ်သည်။ ထို့‌နောက် ‌ရွေးချယ်ခံရသူ ကိုယ်စား လှယ်‌လောင်း ၆ဝ ဦးထဲမှ ယခုကွန်ဂရက်ဆုံးဖြတ်ချက်အရ ပြန်လည်တိုးချဲ့ထားသည့် ‌ကော်မတီဝင်ဦး‌ရေ ၅၅ ဦးကို ပြန်လည်‌ရွေး‌ကောက် ရမည်ဖြစ်သည်။

‌ရွေး‌ကောက်ပွဲအစီအစဉ်များအရ ‌ရွေးချယ်ခံထားရသည့် ဗဟို‌ကော်မတီဝင် ၅၅ ဦးထဲမှ ‌ကေအဲန်ယူတွင် ဩဇာအရှိဆုံး ကြီး ၅ ကြီးဖြစ်သည့် ဥက္ကဌ၊ ဒုဥက္ကဌ၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်နှင့် တွဲဖက်အတွင်း‌ရေးမှုး ၁ နှင့်၂ တို့ကို ‌ရွေး‌ကောက်တင်‌မြှောက်ကြမည်ဖြစ်သည်။

‌ရွေး‌ကောက်ပွဲအဆင့်တိုင်းတွင် လျှို့ဝှက်မဲ‌ပေးစနစ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ‌ရွေးချယ်ခံရသည့် ကြီး ၅ ကြီးမှ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ၁၁ ဦးနှင့်အတူ ဌာနဆိုင်ရာ တာဝန်ခံများကို ပြန်လည်‌ရွေးချယ်ကြမည် ဖြစ်သည်ဟု သိရသည်။