Home သတင်း ဘတ်ဂျက်ရပြီဖြစ်၍ အပစ်ရပ်လုပ်ငန်းများ ပုံမှန်စတင်နိုင်‌တော့မည်ဟု JMC အလုပ်အမှု‌ဆောင်ညွှန်ကြား‌ရေးမှူး ‌ဒေါက်တာ မင်း‌ဇော်ဦးက ဆို

ဘတ်ဂျက်ရပြီဖြစ်၍ အပစ်ရပ်လုပ်ငန်းများ ပုံမှန်စတင်နိုင်‌တော့မည်ဟု JMC အလုပ်အမှု‌ဆောင်ညွှန်ကြား‌ရေးမှူး ‌ဒေါက်တာ မင်း‌ဇော်ဦးက ဆို

1602

ဧပြီလ ၅ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောညွန့်‌သောင်း

ဘတ်ဂျက်ရရှိလာပြီဖြစ်‌သော‌ကြောင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC) လုပ်ငန်း များ စတင်နိုင်‌တော့မည်ဟု JMC အလုပ်အမှု‌ဆောင်ညွှန်ကြား‌ရေးမှူး ‌ဒေါက်တာမင်း‌ဇော်ဦးက ‌ကေအိုင်စီသို့ ယ‌နေ့ (ဧပြီ ၅ရက်)တွင် ‌ပြောသည်။

JMC ၏ ပစ်ခတ်တိုက်ခိုက်မှု‌စောင့်ကြည့်‌ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ‌ဒေါက်တာ မင်း‌ဇော်ဦးက “ဘတ်ဂျက်‌တွေကို ကျ ‌နော်တို့ လုပ်‌ပေးတာ အခုဧပြီလမှာ စပြီဖြစ်လို့ ‌မေ၊ ဇွန်လ‌တွေမှာ ကျ‌နော်တို့ ပုံမှန်အလုပ် စလုပ်နိုင်‌တော့မယ်လို့ အဲသလို မှန်းထားပါတယ်”ဟု ‌ပြောသည်။

‌နေပြည်‌တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန (NRPC ) အစည်းအ‌ဝေးခန်းမတွင် ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၂၃ရက်က ပြုလုပ်ခဲ့သည့် ၂၀၁၇ ခုနစ်အတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ (JMC) အတွက် ဘတ်ဂျက်ကို ကျပ်သန်း‌ပေါင်း ၈၄၅ဝ ဝန်းကျင် (တစ်‌ဒေါ်လာ ကျပ် ၁၃၀ဝ ဖြင့် တွက် ချက်ခြင်း ဖြစ်)(အ‌မေရိကန်‌ဒေါ်လာ (၆.၅)သန်း)အသုံးပြုရန် သဘာတူ ခွင့်ပြုထားခဲ့သည်။ သို့‌သော် အဆိုပါဘတ်ဂျက်သည် သ‌ဘောတူခွင့်ပြုထားသည့်အဆင့်သာရှိပြီး လက်ရှိအချိန်တွင် ပြည်နယ် နှင့်တိုင်း‌ဒေသကြီးရှိ(JMC-S)များသို့ ခွဲ‌ဝေချထား‌ပေးမှု မရှိ‌သေး‌ကြောင်း ‌ဒေါက်တာမင်း‌ဇော်ဦးထံမှ သိရသည်။

ကရင်ပြည်နယ် JMC-S အ‌နေဖြင့် ယခု ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်နှင့် ပတ်သက်၍ မသိရှိ‌ကြောင်းကိုလည်း ကရင်ပြည်နယ် JMC-S ဒုတိယဥက္ကဌ နန်း‌စေအွာက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျမက‌တော့ ကရင်ပြည်နယ်(JMC-S) အတွက် ပြည်‌ထောင်စုကို ဘယ်‌လောက်ဘတ်ဂျက်တင်လဲ၊ ဘာ‌တွေ လုပ်မလဲ၊ ဘယ်‌လောက် ချ‌ပေးသလဲဆိုတာ‌တွေ ကျမအ‌နေနဲ့ ဘာတစ်ခုမှ မသိရ‌သေးဘူး။ ကျမတို့လည်း ဘာ‌တွေလုပ်‌ဆောင်‌ပေးရမလဲဆိုတာလဲ တိတိကျကျ အခုထိမသိရှိရ‌သေးဘူး”ဟု သူမက ‌ပြောသည်။

အလားတူပင် တနသင်္ာရီတိုင်း‌ဒေသကြီးမှ (JMC-S)အဖွဲ့ဝင် ‌နော်‌မေထွယ်က “ ကျမတို့ တိုင်းမှာ အခု‌တော့ JMC ရုံးရှိပြီး၊ ဝန်ထမ်း‌တွေလည်း ‌ခေါ်ယူခန့်ထား‌နေပါပြီး။ ‌နောက် ကျမတို့ သွားလာစရိတ်‌တွေလည်း ပြန်‌ပေးပါတယ်။ ဒါ‌ပေမဲ့ ဘတ်ဂျက် ကိုဘယ်‌လောက်တင်တာတို့၊ ဘယ်‌လောက်ချ‌ပေးသလဲဆိုတာတို့ကို‌တော့ ကျမတစ်ဦး အ‌နေနဲ့‌တော့ မသိရ‌သေး ပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
ပြီးခဲ့သည့် မတ်လအထိ JMC-S များတွင် ဘတ်ဂျက်‌ပေးနိုင်ခြင်းမရှိ‌ကြောင်းလည်း ‌ဒေါက်တာမင်း‌ဇော်ဦးထံက သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ(JMC-S) များကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသင်္ာရီတိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဖွင့်လှစ်ထားပြီးဖြစ်သည်။