Home သတင်း မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးလုပ်ငန်းတွင် ပြည်သူများ ပူး‌ပေါင်း‌ဆောင်ရွက်ရန် ကရင်အမျိုးသားရဲတပ်ဖွဲ့တိုက်တွန်း

မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးလုပ်ငန်းတွင် ပြည်သူများ ပူး‌ပေါင်း‌ဆောင်ရွက်ရန် ကရင်အမျိုးသားရဲတပ်ဖွဲ့တိုက်တွန်း

4809

ဧပြီ ၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်အတွင်း မူးယစ်‌ဆေးဝါး တိုက်ဖျက်မှု လုပ် ငန်းတွင် ပြည်သူလူထုများအ‌နေဖြင့် ပူး‌ပေါင်း‌ဆောင်ရွက်ရန် ကရင်အမျိုးသားရဲတပ်ဖွဲ့(Karen National Police Force-KNPF) က ဧပြီလ ၅ ရက်‌နေ့ ရက်စွဲဖြင့် ‌ကြေညာချက် တစ်‌စောင်ထုတ်ပြန်၍ တိုက်တွန်း ‌ပြောဆိုလိုက်သည်။

ဝင်း‌ရေးမြို့နယ်၊ ဖားပြ‌ကျေးရွာရှိ ကရင်အမျိုးသားရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ‌စောငြိမ်းချမ်းက “မူးယစ်‌ဆေးဝါး‌တွေ၊ မူးယစ် ကုန်ကြမ်းအပင်‌တွေ ဖျက်ဆီးဖို့ ထုတ်ပြန်ထားပြီးဖြစ်‌ပေမဲ့ အ‌ကောင်အထည်‌ဖော်မ‌ဆောင်ရွက်နိုင်‌သေးဘူး‌ပေါ့‌နော်။ ပြည်သူလူထု‌တွေ ပူး‌ပေါင်း‌ဆောင်ရွက်ဖို့ လိုအပ်တဲ့အတွက် ထုတ်ပြချက်ကို ထုတ်ပြန်ရခြင်းဖြစ်တယ်။ စီမံချက်‌ရေး ဆွဲပြီး ‌ဆောင်ရွက်လာ‌တော့ နည်းနည်း‌လျော့လာတယ်။ အ‌ရေးယူ‌ဆောင်ရွက်တဲ့ အပိုင်းမှာ အားနည်းချက်ရှိ‌သေး တယ်။”ဟု ဧပြီ ၅ ရက်‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

မူးယစ်‌ဆေးဝါး တိုက်ဖျက်မှုတွင် ပူး‌ပေါင်း‌ဆောင်ရွက်လာမည့် လူထုများကို လိုအပ်ပါက မိမိတို့အ‌နေဖြင့် ဝန်းရံ ကာကွယ်မှု ပြုလုပ်သွားမည်ဖြစ်‌ကြောင်း၊ ပုံစံအမျိုးမျိုးဖြင့် မူးယစ်‌ဆေးဝါး‌ရောင်းဝယ်မှု ရှိလာသည့်အ‌ပေါ် မူးယစ်‌ဆေးဝါးဖမ်းဆီးအ‌ရေးယူမှု ကိစ္စနှင့် ပတ်သက်၍ ဘက်‌ပေါင်းစုံ စိန်‌ခေါ်မှုများ ရှိလာသည့်အတွက် ပြည်သူလူထုအ‌နေဖြင့် တက်ညီလက်ညီ ပူး‌ပေါင်း‌ဆောင်ရွက်‌ပေးကြရန် တိုက်တွန်းလို‌ကြောင်း စခန်းမှူး ‌စောငြိမ်းချမ်းက ဆက်‌ပြောသည်။

တရားမ မှုခင်း၊ ‌လောင်းကစားခြင်း၊ မူးယစ်‌ဆေးဝါး၊ ယာဉ်စည်းကမ်း၊ ရာဇဝတ်မှုခင်းပြဿနာ အချက် ၅ ချက် အသိ‌ပေးထုတ်ပြန်ချက်တွင် ပါဝင်ပြီး ‌ဒေသတည်ငြိမ် ‌အေးချမ်း‌ရေးနှင့် ‌ကော်သူး‌လေတရားဥပ‌ဒေ စိုးမိုးမှုရှိရန်အတွက် လိုက်နာခြင်းမရှိပါက ‌ကော်သူး‌လေး၏ တည်ဆဲဥပ‌ဒေအရ အ‌ရေးယူခံရမည်ဟု ထုတ် ပြန်စာတွင် ပါရှိသည်။

ဝင်း‌ရော်‌ဒေသခံ ‌စောသဖ‌လော့မှ “မူးယစ်‌ဆေးဝါး‌တွေ၊ ‌လောင်းကစား‌တွေ၊ ရပ်ကွက် ‌ကျေးရွာ‌တွေနဲ့ ပူး‌ပေါင်း ‌ဆောင် ရွက်ဖို့ လုပ်ထုံးလုပ်နည်း‌တွေ ရှိပြီးလား။ အရပ်သားအ‌နေနဲ့ဖမ်းဆီးခွင့်မှ မရှိတာ ကိုယ်တိုင်သွားပြီး ‌ပြောရင် ဘယ်သူမှ ‌ခေါင်း‌ထောင်ပြီး လုပ်ရဲမှာလဲ။ ‌ကျေးရွာမှာ မူးယစ်‌ဆေးအဖွဲ့‌တွေ၊ ‌လောင်းကစားသမား‌တွေက သတင်း‌ပေးသူကိုပြန် သိရင် အသက်အန္တရာယ်ရှိတယ်‌လေ။ ‌ရောင်းဝယ်သူ‌တွေမှာလည်း ‌အောက်‌ခြေက အဖွဲ့‌တွေနဲ့ ပါဝင်ပတ်သက်မှု မကင်းဘူးလို့ မြင်တယ်။ ‌ကော်သူး‌လေ အုပ်ချုပ်မှုအပိုင်းမှာ စွမ်းစွမ်းတမံ ‌ဆောင်ရွက်ဖို့လိုတယ်” ဟု ‌ပြောသည်။

ဝင်း‌ရေးမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၆ ဇူလိုင်လမှစ၍ မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်‌ဖောက်ကားမှုကို ကရင်အမျိုးသားရဲ တပ်ဖွဲ့မှ အရှိန်အဟုန်မြင့် ဖမ်းဆီး‌ဆောင်ရွက်ခဲ့ရာတွင် ‌ရောင်းဝယ်သုံးစွဲသူ‌ပေါင်း ၂၀ဝ ဦး‌ကျော် အ‌ရေးယူနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း စုစု‌ပေါင်း စိတ်ကြွ‌ဆေးယာဘ(Methamphetamine) မူးယစ်‌ဆေးပြား အလုံး‌ရေ ၅၀၀ဝ ခန့် သုံးကြိမ်‌မြောက် မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု မြို့နယ်တာဝန်ရှိသူထံမှ သိရသည်။

သို့‌သော် ဝင်း‌ရေးမြို့နယ်တွင် လူကြီး၊ လူငယ်၊ ‌ကျောင်းသားများက ‌ဆေးသုံးစွဲမှု များလာလျှက်ရှိပြီး မူးယစ်‌ဆေးသုံးစွဲမှု‌ကြောင့် ‌ဒေသခံ ၁ဝ ဦး‌ကျော်မှာ ‌ဆေးဖြတ်စခန်းသို့ ပို့‌ဆောင်ခဲ့ရသည်။ ထို မူးယစ်‌ဆေးဝါ ‌ရောင်းဝယ်သုံးစွဲသူများကို KNUမှ ဖမ်းဆီးအ‌ရေးယူ ‌ဆောင်ရွက်မှု အားနည်းသည့်အတွက် ပုံမှန်‌ရောင်းဝယ်သုံးစွဲမှု ရှိ‌နေ‌သေးဟု ‌ဒေသခံများက ‌ပြောသည်။