KIC News
ပြန်လည်ပေါင်းစည်းရေးအတွက် KNU ၏ ကြိုဆိုမှုအပေါ် DKBA ခွဲထွက်အဖွဲ့ သဘောထားထုတ်ပြန်
အောက်တိုဘာ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အနေဖြင့် အချိန်အတိုင်းအတာတစ်ခုအရ ကရင်အမျိုးသားအ စည်းအရုံး KNUနှင့် တွေ့ဆုံနိုင်သည့်အချိန်မှသာ ပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။
ကရင်လက်နက်ကိုင်အဖွဲ့များထဲမှ ခွဲထွက်ပြီး သီးခြားရပ်တည်နေသည့် အဆိုပါအဖွဲ့အနေဖြင့် ယမန်နေ့က ထုတ်ပြန်လိုက်သည့် သဘောထားထုတ်ပြန်ချက်နှင့်ပတ်သက်၍...
ဒေသခံရွာသားများ၏ မြေယာပြဿနာနှင့် လျှပ်စစ်မီးရရှိရေးကိစ္စများကို အတတ်နိုင်ဆုံး လုပ်ဆောင်ပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြော
အောက်တိုဘာ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ စောညွန့်သောင်း
ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် အောက်တိုဘာ ၁၉ရက်နေ့က ဖားအံမြို့နယ်၊ အုန်းတပင် ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံရွာသားများအား သွားရောက်တွေ့ဆုံခဲ့စဉ် ဒေသခံများ လိုလားသည့် မြေယာပြဿ နာဖြေရှင်းရေးနှင့် လျှပ်စစ်မီးရရှိရေးများကို အတတ်နိုင်ဆုံး လုပ်ဆောင်ပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောဆိုခဲ့ကြောင်း...
မူဘောင်သုံးသပ်မှုတွင် ပါဝင်ပြီး NCA ထိုးနိုင်မည့်လမ်းကြောင်း ဆက်ရှာမည်ဟု UNFC ပြော
အောက်တိုဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်သုံးသပ်ခြင်းလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ပြီး တချိန်တည်း တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ထိုးနိုင်မည့် လမ်းကြောင်းများကို ရှာဖွေသွားမည်ဟု ညီညွတ်သော တိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှ ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်(DPN) အဖွဲ့...
ကရင်လူမှုအဖွဲ့ ၄ဖွဲ့ပူးပေါင်းပြီး ကျောင်းသားလူငယ်များအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသင်တန်းပေး
အောက်တိုဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာဖောင်
လူထုအခြေပြု ကရင်အဖွဲ့(၄)ဖွဲ့တို့ ပူးပေါင်းပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ တောင်ငူခရိုင်၊ တပ်မဟာ(၂) ထိန်းချုပ်နယ် မြေအတွင်းရှိ ထိုလွီဝါး အထက်တန်းကျောင်းမှ ကျောင်းသူ၊ကျောင်းသားများကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး သင်တန်းတစ်ခုကို အောက်တိုဘာလ ၁၇ရက်မှ ၁၈ရက်နေ့ထိ ပြုလုပ်ပေးခဲ့သည်။
၎င်းသင်တန်းကို ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်(KESAN)၊...
KNU ၏ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ပိုမိုပြည့်စုံရေး နယ်စပ်ကရင်လူမှုအဖွဲ့များကြိုးပမ်း
အောက်တိုဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး-KNU က ချမှတ်ကျင့်သုံးလျှက်ရှိသည့် ဥပဒေများတွင် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေများကို ပိုမိုပြည့်စုံစွာ ထည့်သွင်းနိုင်ရေးအတွက် ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ ဦးဆောင်၍ နယ်စပ်အခြေစိုက် ကရင်လူမှုအဖွဲ့အစည်းများမှ ကြိုးပမ်းလုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
KNU အနေဖြင့် ဥပဒေများရေးဆွဲပြဋ္ဌာန်းရာတွင် အမျိုးသမီးနှင့် ကလေးသူငယ်များဆိုင်ရာ ဥပဒေပါ...
ကျေးရွာ ၁၀ကျော် ဂျပန်ဦးနှောက်အမြှေးပါးရောင် ဖြစ်ပွားမှုများလာသဖြင့် ကော့ကရိတ်ဒေသခံများ စိုးရိမ်မှုဖြစ်နေ
အောက်တိုဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကော့ကရိတ်မြို့နယ်ရှိ ကော့နွဲ့၊ တတန်ကူး၊ ကော့ဖလို့၊ ရေပူကြီး၊ သေးခို့၊ ကတိုးထ၊ လှှိုင်ကွယ်နှင့် မိဖညား ကျေးရွာများ ပါဝင် သည့် ကျေးရွာ ၁ဝရွာကျော်တွင် ယခုနှစ်၊ အောက်တိုဘာလအထိ ဂျပန်ဦးနှောက်အမြှေးပါးရောင်ရောဂါ ကူးစက်မှု များပြားလာ သည့်အတွက် ဒေသခံများက...
အဖူးစကား ကြားနိုင်ကြစေချင်
(မန်းထိန်ဝင်းစိန်)
̏ စောဘဦးကြီးရဲ့ဝိညာဉ်တွေသာ ဒီဘုရားကျောင်းနံရံတွေမှာ ရှိနေရင် ကျုပ်ကို ဟားတိုက်ရယ်မောမှာပဲ˝။
ဒီစကားဟာ အဖူးစောဟန်တာသာမွှေး နောက်ဆုံး အင်းစိန်တောင်သူကုန်း ဘုရားကျောင်းတွင် ပြောသွားခဲ့သော စကားဖြစ်သည်။ အဖူးရဲ့နောင်တ စကားလား၊ ကရင်ပြည်သူတွေကို နောက်ဆုံးမှာ စကားလားဆိုတာ ဘုရားသခင် ခြေတော် ရင်းကို ခိုလှုံပြီးဖြစ်တဲ့ အဖူးတစ်ယောက်သာ သိနိုင်ပေမည်။ သို့သော်...
ကော့ကရိတ်တွင် BGF နှင့် DKBA ခွဲထွက်အဖွဲ့တို့ မိနစ် ၄ဝကြာ ပစ်ခတ်မှုဖြစ်
အောက်တိုဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ဒေါနတောင်ခြေ ထီဖိုးဇံ ကျေးရွာအုပ်စု မိဖာလဲ့ကျေးရွာ၊ နို့ခဲဘောအရပ် ဘုရားကုန်းအနီးတွင် ယနေ့ အောက်တိုဘာလ ၁၉ရက်၊ နေ့လည် ၁၂နာရီ မိနစ် ၂ဝခန့်က DKBA ခွဲထွက်အဖွဲ့နှင့် နယ်ခြားစောင့်တပ်-BGF (၁၀၁၇) တပ်ရင်းတို့အကြား မိနစ်...
KNLA ဆေးဘက်ဋ္ဌာနမှ ဦးဆောင်ပြီး အခမဲ့ မျက်စိခွဲစိပ်ကုသမှုများ ပြုလုပ်ပေးနေ
အောက်တိုဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA ) တပ်ဖက်ဆိုင်ရာ ဗဟိုဆေးဋ္ဌာန၏ ဦးဆောင်မှုဖြင့် ၎င်းတို့ ထိန်းချုပ်နယ်မြေများဖြစ်သည့် ခရိုင် ၃ခုအတွင်းမှ မျက်စိဝေဒနာရှင်များအား ယခု အောက်တိုဘာလဆန်းပိုင်းမှ စတင်၍ မျက်စိခွဲစိပ်ကုသမှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
အောက်တိုဘာလ ၁၁ရက်နေ့မှစတင်ကာ...
ထိုင်းရှိ မြန်မာဒုက္ခသည် ၉၀ကျော် မြန်မာပြည်သို့ ပြန်လာရန် ပြည်နယ်အစိုးရ စီစဉ်နေ
အောက်တိုဘာ ၁၈ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ခိုလှုံနေရသည့် မြန်မာနိုင်ငံသား ဒုက္ခသည်မိသားစု ၁၉စုမှ လူဦးရေ ၉၆ဦးကို ယခုအောက်တိုဘာလ၂၅ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နေထိုင်ရန် စီစဉ်မှုများပြုလုပ် ပေးနေကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့ကျောက်လုံးကြီးဘုရားလမ်းရှိ အဆိုပါ ပြန်လည်အခြေချနေထိုင်မည့်သူများ...














