KIC News
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း မိုင်းအန္တရာယ်ကင်းရှင်းပြီဟု မြို့နယ်ကြက်ခြေနီအဖွဲ့ ပြောဆို
နိုဝင်ဘာ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မြေမြှုပ်မိုင်းအန္တရာယ် မရှိတော့ကြောင်း နိုဝင်ဘာလ ၁၂ရက်နေ့တွင် ခလယ်-တံခွန်တိုင်တိုက် နယ်၊ တံခွန်တိုင်အထက်တန်းကျောင်း၌ ပြုလုပ်သည့် မိုင်းအန္တရာယ်အသိပညာပေး ဆွေးနွေးပွဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ် ကြက်ခြေနီအသင်းမှ တပ်ခွဲမှူး ဦးခင်မောင်ထွေးက ကေအိုင်စီသို့ ပြောသည်။
“ကျနော်တို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေတဲ့ အဲဒီရည်ရွယ်ချက်နဲ့...
ပညာရေးဆိုင်ရာ အခက်အခဲများ ဖြေရှင်းနိုင်ရေး KED နှင့် ခရိုင်၊ မြို့နယ်အဆင့် အစိုးရပညာရေးဋ္ဌာနတို့ ဆွေးနွေး
နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ဒေသအတွင်း ကြုံတွေ့နေရသော ပညာရေးဆိုင်ရာ အခက်အခဲများကို ညှိနှိုင်းဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ကရင်အမျိုးသားအ စည်းအရုံး(KNU)၏ ကရင်ပညာရေးဋ္ဌာန(KED)နှင့် ကရင်ပြည်နယ် ခရိုင်၊ မြို့နယ်အဆင့် အစိုးရပညာရေးဋ္ဌာန တာဝန်ရှိသူတို့ ပညာရေး ကဏ္ဍတွေ့ဆုံဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာလ ၁၂ရက်နေ့က ကေအဲန်ယူ တပ်မဟာ (၆)၊...
၆၁နှစ်မြောက် ကရင်ပြည်နယ်နေ့ ဒုံးပြိုင်ပွဲတွင် တက္ကသိုလ်စုပေါင်း ယဉ်ကျေးမှုဒုံးအဖွဲ့ ပထမဆုဆွတ်ခူးရရှိ
နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ဖားအံမြို့ သီရိကွင်း၌ နိုဝင်ဘာလ ၇ရက်မှ ၁၁ရက်နေ့အထိ ကျင်းပသော ၆၁နှစ်မြောက် ကရင် ပြည်နယ်နေ့ပွဲတော်၏ ရိုးရာဒုံးအကပြိုင်ပွဲတွင် တက္ကသိုလ်များ စုပေါင်းယဉ်ကျေးမှုဒုံးအဖွဲ့မှ ပထမ ဆုဆွတ်ခူးရ ရှိသွား ခဲ့သည်။
ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲသို့ မြို့နယ်ကိုယ်စားပြု...
အတားအဆီး အနှောင့်အယှက်တွေအကြားက ငြိမ်းချမ်းရေးခရီးစဉ်
(မောင်ကျော်စွာ)
(၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၁၁ရက်)
ဒီချုပ်ပါတီအစိုးရသစ်ဟာ အောက်ပါ မူဝါဒတွေကို လက်တွေ့ လုပ်ဆောင်နေပါတယ်။
- အမျိုးသားရင်ကြားစေ့ရေး
- ပြည်တွင်းငြိမ်းချမ်းရေး
- ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေ့ရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေး
- ပြည်သူလူထုအများစုရဲ့ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားရေး
အထက်မှာဖော်ပြခဲ့တဲ့ ဒီချုပ်ပါတီအစိုးရရဲ့ မူဝါဒတွေ၊ တနည်းအားဖြင့် ရည်မှန်းချက်တွေဖြစ်တဲ့ ကိစ္စရပ်တွေကို အကောင်အ ထည်ဖော်ရာမှာ အတားအဆီး၊ အနှောင့်အယှက်တွေ တမျိုးမဟုတ်တမျိုး ပေါ်ပေါက်ကြုံတွေ့နေရပါတယ်။ ရင်ဆိုင်နေရပါတယ်။...
မြောင်းမြမြို့နယ်အတွင်း ကျောင်းနှစ်ကျောင်း ဆောက်လုပ်ခွင့် ကရင်အီကို ကုမ္ပဏီ တင်ဒါအောင်မြင်
နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ စခန်းကြီးကျေးရွာ အ.ထ.က နှင့် ရိုးကူး ကျေးရွာ အ.မ.က ကျောင်း နှစ်ကျောင်းဆောက်လုပ်ခွင့်ကို တိုင်းဒေသကြီး အစိုးရထံမှ ကရင်အီကိုကုမ္ပဏီ(Karen Eco Co.Ltd)က တင်ဒါ ရရှိသွားသည်ဟု ကုမ္ပဏီ ဒါရိုက်တာ စောထူးစေးက...
တိုင်းရင်းသူ အမျိုးသမီးများပါဝင်သည့် ကျား၊ မတန်းတူရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီး
နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
နယ်ပယ်စုံ တိုင်းရင်းသူ အမျိုးသမီးများ ပါဝင်သည့် ကျား၊ မတန်းတူရေး အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ကရင် ပြည်နယ်၊ ဖားအံမြို့၊ GABANA ဟိုတယ်၌ အရုဏ်ဦး လူမှုဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ကာ နိုဝင်ဘာ ၁ဝ မှ ၁၁ ရက်ထိ...
ကေအဲန်ယူ၏ ၁၆ကြိမ်မြောက်ကွန်ဂရက်တွင် ပြည်တွင်း၊ ပြည်ပရှိ ကရင်ကိုယ်စားလှယ်များကို ဖိတ်ကြားမည်
နိုဝင်ဘာ ၁၁ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)အနေဖြင့် လာမည့် မတ်လအတွင်း ကျင်းပရန် စီစဉ်ထားသည့် ၁၆ကြိမ်မြောက်ကွန်ဂရက်တွင် ပြည်တွင်းရှိ ကရင်နိုင်ငံရေးပါတီများ၊ ကရင်အရေးလုပ်ဆောင်နေသည့် အဖွဲ့ အစည်းများနှင့် ပြည်ပရှိ ကရင်ကိုယ်စားလှယ်များပါဝင်တက်ရောက်နိုင်ရန် ဖိတ်ကြားသွားမည်ဟု သိရ သည်။
အောက်တိုဘာ ၃၁ရက်မှ နိုဝင်ဘာ ၁ဝရက်နေ့အထိ...
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်လူငယ်များနှီးနှောဖလှယ်ပွဲ စတင်ကျင်းပ
နိုဝင်ဘာ ၁ဝရက်၊ ၂၀၁၆ ခုနှစ်။ နန်းဝေဖြိုးဇာ
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်လူငယ်များ နှီးနှော ဖလှယ်ပွဲ တစ်ခုကို ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)မှ ဦးစီးပြီး ကရင်ပြည်နယ်၊ ဖားအံမြို့တောင်ကလေး ဘုန်းတော်ကြီး ကျောင်း၌ နိုဝင်ဘာလ ၉ ရက်နေ့တွင် စတင်ကျင်းပနေပြီး ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူများက ပြောသည်။
အဆိုပါ...
၂၀၁၆ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို အဆိုပြုလွှာ စတင်ခေါ်ယူ
နိုဝင်ဘာ ၁ဝရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး-KNU အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း နှင့်ဇနီး နန့်ကျင်ရွှေတို့အား ရည်စူး၍ ၎င်းတို့၏သားသမီးများမှ တည်ထောင်ထားသည့် ဖန်းဖောင်ဒေးရှင်းက ၂၀၁၆ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ချီးမြှင့်ရန် ယခုလ ၉ရက်နေ့မှစ၍ အဆိုပြုလွှာများကို စတင်ခေါ်ယူနေပြီဖြစ်သည်။
အဆိုပါဆုကို မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသားတိုးတက်ရေးအတွက်...
တိုင်းရင်းသားလူမျိုးစုများ ပါဝင်သည့် ၃ဝကြိမ်မြောက် KNLA ဗဟိုစစ်ဖက်ဆေးသင်တန်းပြီးစီး
နိုဝင်ဘာ ၁ဝရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုစစ်ဖက်ဆေးဋ္ဌာနမှ ဦးဆောင်ဖွင့်လှစ်သော တိုင်းရင်းသားလူမျိုးစုများပါဝင်သည့် ၃ဝကြိမ်မြောက် အခြေခံဆေးသင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၁ဝရက်နေ့ (ယနေ့)တွင် ယင်းသင်တန်းဖွင့်လှစ်ရာ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ ၇နယ်မြေ တစ်နေရာ တွင် ပြုလုပ်ခဲ့သည်။
၎င်း ၃ဝကြိမ်မြောက်ဆေးသင်တန်းကို ကရင်၊ ကချင်၊ ရခိုင်၊...














