Home သတင်း ‌အောက်‌ခြေ လူထုအသံပါဝင်မည့် စာတမ်းတစ်‌စောင်ကို ၂၁ ပင်လုံတွင် ထည့်သွင်းနိုင်‌ရေး ကရင်လူမှုအဖွဲ့ လုပ်‌ဆောင်မည်

‌အောက်‌ခြေ လူထုအသံပါဝင်မည့် စာတမ်းတစ်‌စောင်ကို ၂၁ ပင်လုံတွင် ထည့်သွင်းနိုင်‌ရေး ကရင်လူမှုအဖွဲ့ လုပ်‌ဆောင်မည်

2236

ဇူလိုင် ၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ဖက်ဒရယ်နှင့်ဒီမိုက‌ရေစီဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကရင်ပြည်နယ်အတွင်းရှိ ကရင်ပြည်သူတို့၏ လိုလား ချက်များအား ပြန်လည်စုစည်းကာ စာတမ်းတစ်‌စောင်ပြုစုပြီး လာမည့် ၂၁ ရာစု ပင်လုံ ပြည် ‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ တွင် တင်ပြ‌ဆွေး‌နွေးနိုင်ရန် ကြိုးပမ်းလုပ်‌ဆောင် သွားမည်ဖြစ်‌ကြောင်း ကရင်လူမှု အဖွဲ့ အစည်းများထံမှ သိရသည်။

ကရင်‌ရေးရာ‌ကော်မတီ‌ကော်မတီ KAC ၏ ဦး‌ဆောင်စီစဉ်မှုဖြင့် ကရင်လက်နက်ကိုင်အဖွဲများ၊ ကရင်လူမှုအဖွဲ့ အစည်းများ၊ ကရင်နိုင်ငံ‌ရေးပါတီများပါဝင်ပြီး ဇူလိုင်လ ၅ ရက်‌နေ့က ဖားအံမြို့ သု‌မေဓာရာမကြား‌တောရ‌ကျောင်းတိုက်တွင် ပြုလုပ်သည့် ဖက်ဒရယ်နှင့် ဒီမိုက‌ရေစီဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ယခုကဲ့သို့ လုပ်‌ဆောင်ရန် သ‌ဘောထားရလဒ်များ ထွက်‌ပေါ်လာခြင်းဖြစ်သည်။

KAC မှ အတွင်း‌ရေးမှူး ဆရာ‌စော‌ကျော်စွာက“ ကရင်အမျိုးသား‌တွေရဲ့အသံကို အမှန်တကယ်ပဲ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ထဲမှာ ‌ရောက်ရှိဖို့အတွက်က ဒါအဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။ ‌အောက်‌ခြေကရင် အမျိုးသား‌တွေရဲ့ အသံ ‌ရောက်ရှိဖို့က တစ်ပိုင်းက ကရင်ပြည်နယ်အတွင်းမှာရှိ ကရင်လူထုအသံနဲ့ ကရင်ပြည်နယ်ပြင်ပမှာရှိတဲ့ ကရင်လူထုအသံ ဆိုပြီးစဉ်းစားထားပါတယ်။ အခုက ကရင်ပြည်နယ် အတွင်းမှာရှိတဲ့ ကရင်လူထုအသံအတွက် ပထမဆုံး ‌ဖော်‌ဆောင်တာဖြစ်ပါတယ်”ဟု‌ပြောသည်။

ကရင်ပြည်နယ် ဖားအံခရိုင်၊ ဖာပွန်ခရိုင်၊ ‌ကော့ကရိတ် ခရိုင်၊ မြဝတီခရိုင်နှင့် သံ‌တောင်ကြီးမြို့နယ် များအတွင်း ဖက်ဒရယ်နှင့်ဒီမိုက‌ရေစီဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲများပြုလုပ်ကာ အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ ကရင်ပြည်သူ လူထုများထံမှ စုစည်းရရှိထားသည့် ရလဒ်များကို တစ်စုတစ်စည်းတည်း ဖြစ်ရန်အတွက် ပြန်လည် ‌ဆွေး‌နွေး စုစည်းခဲ့ကြခြင်း ဖြစ်သည်။

ယ‌နေ့ပြုလုပ်သည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ကရင်ပြည်နယ်လွှတ်‌တော်၊ ကရင်အမျိုးသားအစည်းအရုံး -KNU ခရိုင် ၅ ခုမှတာဝန်ရှိသူများ၊ PSDP၊ KPP စသည့် ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်နယ်ခြား‌စောင့်တပ်မှ တာဝန်ရှိသူများ၊ ကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အပါအဝင် လူဦး‌ရေ ၁၄ဝ ‌ကျော် တက်‌ရောက်ခဲ့‌ဆွေး‌နွေးခဲ့ကြ သည်။

ထိုသို့‌ဆွေး‌နွေးကြရာတွင် ကရင်ပြည်နယ် တဝှမ်းရှိ ဖက်ဒရယ်နှင့်ဒီမိုက‌ရေစီဆိုင်ရာ သ‌ဘောထားစုစည်း ချက်များဖြစ်သည့် မျိုးသားတန်းတူညီမျှခြင်းနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိ‌သော နိုင်ငံ‌ရေးအာဏာ ခွဲ‌ဝေကျင့်သုံး‌ရေးများပါဝင်သည့် ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ထောင်သင့်‌သော အ‌ကြောင်းပြချက်များ ၊ပြည်နယ်လုံခြုံ‌ရေးနှင့်ကာကွယ်‌ရေးများပါဝင်သည့် အာဏာခွဲ‌ဝေမှုပုံစံနှင့်လုပ်ပိုင်ခွင့်များအပြင် အခြား ဆက်စပ် အ‌ကြောင်းအရာများပါဝင်‌ကြောင်း သိရသည်။

‌ကော့ကရိတ်ခရိုင် ကိုယ်စားပြုပြီး သ‌ဘောထားရလဒ်များတင်သွင်းသူ ‌စောဖိုးကဲက “အခုကျ‌နော်တို့ တင်ပြတဲ့ရလဒ်က အလုပ်ရုံ‌ဆွေး‌နွေးပွဲ‌လေး‌တွေကတစ်ဆင့် ‌ကျေးရွာအဆင့်၊ မြို့နယ်ပြီး‌တော့ခရိုင်‌ပေါ့။ အဲဒီက လူထု‌တွေအပြင် KNU၊ နိုင်ငံ‌ရေးပါတီ‌တွေ CSO ‌တွေအားလုံး ပါဝင်ပြီး‌တော့သူတို့ ရဲ့လိုလားချက် ရလဒ် ‌တွေဖြစ်ပါတယ်။ ကျ‌နော်တို့ဆီက လူထု‌တွေရဲ့ လိုလားချက်အများဆုံးပါဝင်တယ်ဆိုတာအာမခံတယ်” ဟု‌ပြောသည်။

အဆိုပါ ကရင်လူထုများ၏ သ‌ဘောထားရလဒ်များကို ပြန်လည်စုစည်းပြီး စာတမ်းတစ်‌စောင်ပြုလုပ်ကာ ပြည် ‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံတွင် ထည့်သွင်း‌ဆွေး‌နွေးနိုင်‌ရေးအတွက် ကရင်တိုင်းရင်းသား လက်နက်ကိုင်များ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများမှ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ၊ လွှတ်‌တော်ကဏ္ဍစသည့် နည်း လမ်းအမျိုးမျိုးဖြင့် ကြိုးစား‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။