KIC News
ကေအဲန်ယူ၏ ၁၆ကြိမ်မြောက်ကွန်ဂရက်ကို နောက်ထပ် ၆လ ရွှေ့ဆိုင်းလိုက်ပြီ
နိုဝင်ဘာလ ၁ဝရက်၊ ၂၀၁၆ခုုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)အနေဖြင့် ယခင်က နိုဝင်ဘာအတွင်း ကျင်းပရန်ရှိသည့် ၁၆ ကြိမ် မြောက်ကွန်ဂရက်ကို နောက်ထပ် ၆လ ရွှေ့ဆိုင်းလိုက်ကြောင်း အောက်တိုဘာလ ၃၁ရက်နေ့မှ စတင်ကာ လက်ရှိအချိန်ထိ ဖားအံခရိုင် လေးဝါး(လော်ခီးလာ)စခန်း၌ ကျင်းပသည့် ၁၅ကြိမ်မြောက် ကွန်ဂရက်အပြီး ၅ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးတွင်...
မွန်ပြည်နယ် စာယဉ်ပြန်ဖွဲ့စည်းရေး ထင်မြင်ချက်အမျိုးမျိုးဖြစ်ပေါ်နေမှု အပေါ် ကရင်ရေးရာဝန်ကြီးစိုးရိမ်
နိုဝင်ဘာ ၉ ရက်၊ ၂၀၁၆ ခုနှစ်။ စောထွန်းလင်း
မွန်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ပြင်ဆင်ဖွဲ့စည်းမည့် သတင်းပေါ်ထွက် လာပြီးနောက် ပြည်နယ် ကရင်အမျိုးသားထုအတွင်း သဘောထား၊ ထင်မြင်ချက် အမျိုးမျိုးရှိကာ စည်းလုံးမှု ယုတ်လျော့ သွားမည်ကို စိုးရိမ်သည်ဟု မွန်ပြည်နယ်၊ ကရင်ရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။
လက်ရှိ...
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ နားလည်မှုစာချွန်လွှာ(MOU)ကို KNUနှင့် WWFတို့ လက်မှတ်ရေးထိုး
နိုဝင်ဘာ ၈ရက်၊၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကရင်အမျိုးသားအစည်းအရုံး-KNU၏ ထိန်းချုပ်နယ်မြေအတွင်း ဇီဝမျိုးကွဲများထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်ခြင်းနားလည်မှုစာချွန်လွှာ(MOU)ကို ကေအဲန်ယူနှင့် ကမ္ဘာလုံးဆိုင်ရာသဘာဝ ပတ်ဝန်းကျင်ရံပုံငွေအဖွဲ့(WWF)တို့က နိုဝင်ဘာ ၈ရက်နေ့(ယနေ့)တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ Queen Palace ဟိုတယ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းလက်မှတ်ကို ကေအဲန်ယူတွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းနှင့် WWFမှ ဋ္ဌာနေညွှန်ကြားရေမှူး မစ္စတာ ခရစ္စတီဝီလျံ( A....
ပြည်နယ်နေ့ ဒုံးပြိုင်ပွဲရက်ရွှေ့လိုက်ရမှုနှင့် ဒုံးစင်မြင့်ပေါ် ခေတ်ပေါ်ဖက်ရှင်ပြသမှု ဝေဖန်ခံရ
ဝ့၄ဈနိုဝင်ဘာ ၈ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာဝ။့၄ဈ
ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာဒုုံးပြိုင်ပွဲကို ပြိုင်ပွဲမစတင်မီ မိုးရွာသွန်းမှုကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရခြင်းနှင့် ဒုံးစင်မြင့် ပေါ် ခေတ်ပေါ်ဖက်ရှင်ပြပွဲ ပြုလုပ်သည့်အတွက် ဒေသခံများအကြား ဝေဖန်မှုများ ထွက်ပေါ်လာသည့်အပေါ် ပြည်နယ်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းက မူဘောင်ချမှတ်လုပ်ကိုင်ရန် နိုဝင်ဘာ ၈ရက်(ယနေ့) ရက်စွဲဖြင့် စာထုတ်တောင်းဆို...
မယ်တော်ဆေးခန်းတွင် လိင်တံပြုပြင်ခြင်း နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဆေးခန်းမှခွဲစိတ်ကု သပေးရ သည့် လူနာဦးရေပိုများလာ
နိုဝင်ဘာလ ၈ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း၊ စောချာလု
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် သဘာဝမဟုတ်သည့် လိင်တံပြုပြင်ခြင်း မှဖြစ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဆေးခန်းမှခွဲစိတ်ကုသပေးရသည့်လူနာဦးရေမှာ ယခုနှစ်တွင် လူနာဦးရေသိသာစွာ တိုးမြှင့်လာကြောင်း ဆေးခန်းခွဲစိတ်တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၀၂ခုနှစ်မှစတင်ကာ တစ်နှစ်ထက် တစ်နှစ်သိသာစွာ တိုးမြှင့်လာခြင်းဖြစ်ပြီး ယခုနှစ် လက်ရှိ...
ကရင်ပြည်နယ်တွင် မကြာခင်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများဖြင့် စည်ပင်လာမည်ဟု သမ္မတပြော
နိုဝင်ဘာ ၈ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်တွင် မကြာခင်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများဖြင့် စည်ပင်လာတော့မည်ဖြစ်ရာ ရှေ့ကို မျှော်ကြည့်လျှင် အမှန်ပင် အားတက်ဝမ်းမြောက်ရသည်ဟု နိုဝင်ဘာလ ၇ရက်နေ့တွင် ကျ ရောက်သည့် ၆၁ကြိမ်မြောက် ကရင်ပြည်နယ်နေ့အတွက် ပေးပို့သည့် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ သဝဏ်လွှာထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
“တစ်ချိန်က...
ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ပထမဦးဆုံးအကြိမ် ကျင်းပ
နိုဝင်ဘာ ၈ ရက်၊ ၂၀၁၆ ခုနှစ်။ နန်းဝေဖြိုးဇာ
၆၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲကို ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဋ္ဌာနက ဦးဆောင်ကာ ဖားအံမြို့၊ အထင်ကရ ကန်သာယာကန်၌ နိုဝင်ဘာ ၆ရက်မှ ၈ရက်နေ့ထိ ပထမဦး ဆုံးအကြိမ် ကျင်းပခဲ့သည်။
အဆိုပါ လှေလှော်ပြိုင်ပွဲကို...
၁၆ ကြိမ်မြောက် KNU ကွန်ဂရက် နှင့်ပတ်သက်၍ Facebook ပေါ်တွင် လူထုစစ်တမ်းကောက်
နိုဝင်ဘာ ၈ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ၁၆ ကြိမ်မြောက်ကွန်ဂရက် ရွှေ့သင့်၊ မသင့်နှင့် ပတ်သက်၍ ရန်ကုန်မြို့ ပေါ်ရှိ ကရင်လူငယ်တစ်ဦးက သူ၏ Facebook စာမျက်နှာပေါ်တွင် လူထု စစ်တမ်းကောက်ယူမှု တစ်ခု ပြုလုပ်ခဲ့သည်။
ထိုသို ့စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍...
ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးဖြင့် လည်ပတ်ရန်ကန့်ကွက်မှု နိုင်ငံရေးကစားလိုသူများ ဆွပေးခြင်းဟု ပြည်နယ်ဝန်ကြီးချုပ်ပြော
နိုဝင်ဘာ ၇ရက်၊ ၂၀၁၆ခုနှစ်။ စောညွန့်သောင်း
ဖားအံမြို့နယ်ရှိ မြိုင်ကလေးတန် ၄၀၀ဝဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးဖြင့် ပြန်လည်အသုံးပြုမည့် ကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထုများ ဒုက္ခရောက်မည်ဟု ကန့်ကွက်ပြောဆိုမှုမှာ နိုင်ငံရေးကစားလိုသူများက ဆွပေးခြင်းသာဖြစ်သည်ဟု နိုဝင်ဘာ ၄ရက်နေ့တွင် လှာကာရွာလယ်ဓမ္မာရုံတွင် ပြုလုပ်သည့် ဒေသခံလူထုများနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောဆိုခဲ့သည်။
“ဒီကိစ္စကို...
ဧရာဝတီတိုင်းအဆင့် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးအတွက် ကျပ် ၄၅ဝသိန်း အစိုးရချီးမြှင့်ပေး
နိုဝင်ဘာ ၇ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
ဧရာဝတီတိုင်းဒေသကြီးအဆင့် ၂၇၅၆ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေးအတွက် တိုင်း ဒေသကြီးအစိုးရက ကျပ် ၄၅ဝ သိန်းချီးမြှင့်ပေးထားသည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်ရေးရာ ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက နိုဝင်ဘာ ၅ ရက်နေ့တွင် ပုသိမ်မြို့၊ ပုသိမ်-မြောင်းမြ စကောကရင်...














