Home သတင်း မယ်လ ဒုက္ခသည်စခန်းအတွင်း ‌ယောက်ျားဖြစ်သူက မိန်းမဖြစ်သူအား ပစ်သတ်မှုဖြစ်ပွား

မယ်လ ဒုက္ခသည်စခန်းအတွင်း ‌ယောက်ျားဖြစ်သူက မိန်းမဖြစ်သူအား ပစ်သတ်မှုဖြစ်ပွား

2214

ဇူလိုင် ၅ ရက်၊ ၂ဝ၁၇ ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယမန်‌နေ့ (ဇူလိုင်လ ၄ ရက်) ည‌နေပိုင်းက လင်မယားချင်း စကားများရာက‌နေ ‌ယောက်ျားဖြစ်သူက မိန်းမဖြစ်သူအား ‌သေနတ်ဖြင့်ပစ်သတ်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ သည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။

မယ်လစခန်း ဇုံ(‌အေ)၊ ရပ်ကွက် အမှတ် (၂)တွင် ‌နေထိုင်သူ ‌စော‌နေမင်း ၃ဝ နှစ်နှင့် ဇနီးဖြစ်သူ ‌နော်လှမိုး ဆင် ၂၈ နှစ်တို့သည် လင်မယားချင်း စကားများရာက‌နေ ‌ယောက်ျားဖြစ်သူက မိန်းမဖြစ်သူ၏ ဦး‌ခေါင်းဘယ် ဘက် တည့်တည့်ကို လက်လုပ်‌တောပုန်း‌သေနတ်ဖြင့် ပစ်ခတ်ခဲ့‌သော‌ကြောင့် မယားဖြစ်သူမှာ ဦး ‌ေ ခါင်း ‌ပေါက်ထွက် ဒဏ်ရာဖြင့် ပွဲချင်းပြီး‌သေဆုံးခဲ့သည်ဟု မယ်လစခန်း အတွင်း‌ရေးမှူးဖြစ်သူ ‌စောစဲမစယ်က ‌ပြောသည်။

၎င်းက“ ဖြစ်တဲ့အချိန်က ည‌နေ ၄ နာရီ ၅ဝ မိနစ်အချိန်‌ပေါ့။ မိန်းမက အိမ်‌အောက်မှာ ဝက်‌ကျွေးဖို့ ဝက်စာ ချက်ရင်း နှစ်ဦးသား စကားများကြတယ်။ ‌ယောက်ျားဖြစ်သူက အိမ်အ‌ပေါ်က‌နေပြီး သူ့မိန်းမရဲ့ ဦး‌ခေါင်းတည့် တည့်ကို လှမ်းပစ်လိုက်လိုက်‌တော့ ပွဲချင်းပြီးပဲ ‌သေသွားတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြစ်မှုကျူးလွန်သူ ‌စော‌နေမင်းသည် ‌ဆေးမှတ်တမ်းများအရ မူမမှန်သည့် စိတ်ပိုင်းဆိုင်ရာ ‌ရောဂါရှိသူဖြစ်၍ ‌ဆေးဝါး‌သောက်သုံး‌နေရသည်မှာ တစ်နှစ်နီးပါးရှိဖြစ်‌ကြောင်း ၊ ယခုအခင်းဖြစ်ပွားမှုမှာ လူသတ်မှုဖြစ်၍ ထိုင်း နိုင်ငံ၊ တရားဥပ‌ဒေအရ အ‌ရေးယူနိုင်ရန် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက လာ‌ရောက် ‌ခေါ်‌ဆောင် သွားပြီဟုလည်း ‌စောစဲမစယ်က ဆက်‌ပြောသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူ ‌စော‌နေမင်းနှင့် ‌သေဆုံးသူ ‌နော်လှမိုးဆင်တို့မှာ အသက် ၁၁ နှစ်မှ ၁ဝ လ အရွယ် သားသမီး ၄ ဦးကျန်ရစ်ခဲ့ပြီး လက်ရှိအချိန်တွင် ၎င်းက‌လေးများကို ‌ဆွေးမျိုးသားချင်းများက ကြည့်ရှု‌စောင့် ‌ရှောက်ထားကာ ‌သေဆုံးသူ၏ အ‌လောင်းကို ယ‌နေ့ (ဇူလိုင်လ ၅ ရက်‌နေ့) တွင် ‌မြေမြုပ်သၤဂြိုလ်မည်ဟု သိရ သည်။

မယ်လ ဒုက္ခသည်စခန်းတွင် မူးယစ်‌ဆေးဝါး‌ရောင်းဝယ်မှု၊ လူသတ်မှု၊ လူမှု‌ရေး‌ဖောက်ပြန်မှု၊ ခိုက်ရန်ဖြစ်ပွား မှုနှင့် ‌သေ‌ကြောင်းကြံစည်မှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပြီး ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း မိမိကိုယ် ကို‌သေ‌ကြောင်း ကြံစည်မှု ၆၆ ခုအနက် ၂၈ မှု အသက်ဆုံးရှုံးခဲ့သည့်အတွက် စခန်းတွင်း မိမိကိုယ်ကို‌သေ ‌ကြောင်း ကြံစည်မှုအ‌ရေအတွက် မြှင့်တက်လာ‌ကြောင်း ဇွန်လ ၂ဝ ရက်‌နေ့က ကျ‌ရောက်သည့် ကမ္ဘာ့ဒုက္ခ သည်များ‌နေ့တွင် ထုတ်ပြန်သည့် The International Organization for Migration (IOM) ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ဖြစ်စဉ်များ ဖြစ်ပွားမှုမှာ အိမ်‌ထောင်‌ရေး အဆင်မ‌ပြေမှုများ၊ စိတ်ဖိစီးမှုများ၊ မူးယစ်‌ဆေးဝါးနှင့် အရက်‌သေစာ ‌သောက်စားမှုများ‌ကြောင့်သာ အများဆုံးဖြစ်ပွားရခြင်းဖြစ်‌ကြောင်း ဒုက္ခသည်အ‌ရေး ကူညီ‌ဆောင်ရွက်‌ပေး‌နေသူများက ‌ပြောသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ ‌မြောက်ဘက် ကီလိုမီတာ ၅ဝ ‌ကျော်အကွာအ‌ဝေးရှိ ထိုင်း-မြန်မာနယ်စပ်တစ် ‌လျှောက် ဒုက္ခသည်စခန်း ၉ ခုအနက် အကြီးဆုံးဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် လက်ရှိ လူဦး‌ရေ ၃၈,၆၁၅ ဦး ခိုလှုံလျှက်ရှိသည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ၏ ၂၀၁၇ ခုနှစ် ‌မေလစာရင်းအရ သိရသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘန့်ဒုံယန်း၊ ထမ့်ဟင်၊ အ မှတ် ၁ နှင့် အမှတ် ၂ ကရင်နီဒုက္ခသည်စခန်းအပါအဝင် စုစု‌ပေါင်း လူဦး‌ရေ ၁၄ဝ,ဝဝဝ ‌ကျော်ရှိသည်ဟု ဒုက္ခသည်များကို အ‌ခြေခံ စားနပ်ရိက္ခာနှင့် အ‌ဆောက်အအုံပစ္စည်းများကို အဓိက အကူအညီ‌ပေး‌နေသည့် The Border Consortium (TBC)၏ စာရင်းအရ သိရသည်။