KIC News
ဘီးလင်းမြို့နယ်ရှိ ကရင်ပညာရေးဋ္ဌာန စာသင်ကျောင်းများအတွက် စည်းတံဆိပ်တုံး လုပ်ပေးရန် ဆုံးဖြတ်
နိုဝင်ဘာ ၁၆ရက်၊ ၂၀၁၆ ခုနှစ်။ စောခါးစူးညား
ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ် အတွင်းရှိ ကရင်ပညာရေးဋ္ဌာန လက်အောက်ခံစာကျောင်းများ အသီးသီးကို ကရင်ပညာရေးဋ္ဌာန စည်းတံဆိပ်တုံး ပြုလုပ်သွားမည်ဟု ကေအဲန်ယူ ဘီးလင်းမြို့နယ် ပယာ့ရော(မြစ်ကျိုး)ကျေးရွာ ဘုန်းကြီးကျောင်း၌ နိုဝင်ဘာ ၁၅ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ပညာရေးနှီးနှောဖလှယ်ပွဲ...
ဘီးလင်းမြို့နယ် ကေအဲန်ယူ ပညာရေးဋ္ဌာနမှ ပယ်ဝါထ မူလွန်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးမည်
နိုဝင်ဘာ ၁၆ရက်၊ ၂၀၁၆ ခုနှစ်။ စောခါးစူးညား
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်၊ ပယ်ဝယ်ထရွာတွင် ကျောင်းဆောင်လုံလောက်မှုမရှိသဖြင့် မြို့နယ် ကေအဲန်ယူ ပညာရေးဋ္ဌာနမှ ဦးစီး၍ မူလွန်ကျောင်းဆောင်သစ် တစ်ဆောင်ကို လာမည့်နှစ် မတ်လတွင် နောက်ဆုံးထား တည်ဆောက်သွားမည်ဟု သိရသည်။
ထိုသို့ တည်ဆောက်သွားရန်အတွက် ပယ်ဝယ်ထ ကျောင်းဆရာ ဆရာများ၊ ကျောင်းကော်မတီများနှင့်...
နယ်စပ်ကျန်းမာရေးအဖွဲ့များ ကရင်ပြည်နယ်အစိုးရနှင့်တွေ့ဆုံပြီး ကလေးမွေး စာရင်းကိစ္စဆွေးနွေး မည်
နိုဝင်ဘာလ ၁၆ရက်၊ ၂၀၁၆ခုုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး (KNU)အပါအဝင် ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် ကျန်းမာရေး အဖွဲ့အစည်း ၈ဖွဲ့က လာမည့်နိုဝင်ဘာလ ၂၈ရက်နေ့တွင် ကရင်ပြည်နယ် အစိုးရ၊ ဋ္ဌာနဆိုင်ရာများ နှင့်တွေ့ ဆုံကာ လက်ရှိ ၎င်းတို့လုပ်ဆောင်နေသည့် ကလေးမွေးစာရင်းကိစ္စလုပ်ငန်းအခြေအနေများကို ချပြရှင်း လင်းမည်ဟု သိရသည်။
အဆိုပါ အဖွဲ့များအနေဖြင့်...
တောနော(ဒေါန)လေ့ကျင့်ရေးဆေးရုံကို ၂၀၁၇ခုနှစ်အစတွင် ဖွင့်လှစ်သွားနိုင်ရန် ကေအဲန်ယူစီစဉ်
နိုဝင်ဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကရင်အမျိုးသားအစည်းအရုံး-KNU ၏ လက်အောက်ခံဌာနဖြစ်သော ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW)နှင့် ကနေဒါနိုင်ငံ အလှူရှင်များ ပူးပေါင်းပြီး ကော့ကရိတ်မြို့နယ်တွင် ယခု ဆောက်လုပ်နေဆဲဖြစ်သော တောနော(ဒေါန) လေ့ကျင့် ရေးဆေးရုံကို ၂၀၁၇ခု၊ နှစ်ဆန်းပိုင်း (ဇန်နဝါရီ)လအတွင်း ဖွင့်လှစ်သွားနိုင်ရန်စီစဉ်နေကြောင်း တာဝန်ရှိသူများက ပြောသည်။
KDHW...
မြန်မာသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
ပဉ်စမအကြိမ်မြောက် မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (Myanmar Media Development Conference)ကို ၂၀၁၆ခု နှစ်၊ နိုဝင်ဘာလ ၇ရက်နှင့် ၈ရက်နေ့များတွင် ရန်ကုန်မြို့၊ ချက်ထရီယံဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ သတင်းအချက်အလက် ရရှိပိုင်ခွင့် (Right to Information) ဆွေးနွေးခန်းတွင် ပါဝင်ခဲ့သူ မြန်မာသတင်းမီဒီယာကောင်စီ၏ ဒုတိယ ဥက္ကဌ...
တင်ပို့မှု ပိတ်ပင်ထားသည့် ထိုင်းစက်သုံးဆီများကို မြန်မာဘက်သို့ ပြန်လည်တင်ပို့မည်ဟု ထိုင်းဘက်က ဆုံးဖြတ်
နိုဝင်ဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
မဲဆောက်-မြဝတီ တရားမဝင် နယ်စပ်ဂိတ်များမှတစ်ဆင့် တင်ပို့မှု ပိတ်ပင်ထားသည့် ဒီဇယ်နှင့် ဓာတ်ဆီ စသည့် ထိုင်းစက်သုံး ဆီများကို နိုဝင်ဘာလ ၁၆ရက်နေ့ မတိုင်ခင် ပြန်လည်တင်ပို့သွားမည်ဟု ယမန်နေ့(နိုဝင်ဘာ ၁၄)ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ တာ့ခ်ခရိုင် အထူးစီးပွား ဖွံ့ဖြိုးရေးဇုံရုံး၌...
ကရင်တွေ ကရင်နာမည် ဘာကြောင့် မှည့်သင့်သလဲ
(စောခါးစူးညား)
ကရင်လူမျိုးတွေဟာ ရှေးပဝေသဏီကတည်းက မူရင်းအမည်နာမ အခေါ်အဝေါ်သုံးနှုန်းမှုတွေကို လေ့လာကြည့်တဲ့အခါ မိမိရဲ့ မိခင် ကရင်ဘာသာစကား အခေါ်အဝေါ်တွေပဲ သုံးနှုန်းတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ကရင်ရာဇဝင်သမိုင်းထဲက ဖူးထော်မဲပါ ဆိုရင်လည်း ကရင်နာမည်ပါ။ သို့ပေမယ့် ကရင်တွေဟာ မူလ ရိုးရာယုံကြည်မှု အော်ဘွာ (နတ်စားခြင်း)ကနေ တခြားဘာသာ တရားတွေ သက်ဝင်ယုံကြည်လာတဲ့အခါ...
အမျိုးသားရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် စည်းလုံးစွာ လုပ်ဆောင်ကြရန် ကရင်လူငယ်အဖွဲ့အစည်းများ သဘောတူညီမှုရ
နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
ကရင်လူငယ်ထုတစ်ရပ်လုံး၏ လူငယ်ရေးရာနှင့် ကရင်အမျိုးသားရေးဆိုင်ရာကိစ္စရပ်များတွင် အသွင်မတူ သည့် နည်းလမ်းများ၊ လုပ်ဆောင်ချက်များကို ချဉ်းကပ်မှုများဖြင့်စည်းလုံးညီညွတ်စွာ လုပ်ဆောင်သွားရန် ဖားအံမြို့နယ်၊ တောင်ကလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာ ၉ရက်မှ ၁၁ရက်နေ့ အထိပြု လုပ်ခဲ့သည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်လူငယ်များနှီးနှောဖလှယ်ပွဲတွင်...
Sanction မရုပ်သိမ်းရေး မြန်မာအစိုးရကို ဆက်ဖိအားပေးရန် အမေရိကန်ရောက်ကရင် ၇၀၀ကျော် အိမ်ဖြူတော်၌ ဆန္ဒပြတောင်းဆို
နိုဝင်ဘာ ၁၄ရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်
မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေ တိုးတက်ပြောင်းလဲမှုမရှိသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ဆက်လက် ဖြစ် ပေါ်နေဆဲဖြစ်သည့်အပေါ် အမေရိကန် အစိုးရအနေဖြင့် မြန်မာအစိုးရအား စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကို မရုပ်သိမ်းသင့်ဘဲ ဆက်လက်ဖိအားပေးရန် နိုဝင်ဘာလ ၁၁ရက်နေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော်၌ အမေရိကန်နိုင်ငံ...
ကရင်နှင့် ဖားစည်
(စ’မနိုက်ဖေါင်)
ဖားစည်ဆိုတဲ့ တူရိယာဟာ ရှေးအကျဆုံး တူရိယာတစ်မျိုးဖြစ်ပြီး ကရင်တစ်မျိုးသားလုံးက အမြတ်တနိုး အားအထားဆုံး၊ အနှစ် သက်ဆုံး တူရိယာပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။ အမျိုးသားယဉ်ကျေးမှု အမှတ်အသားအနေနဲ့ အသိအမှတ်ပြုထားပြီး ညီ ညွတ်မှုကို နှိုးဆော်ပေးတဲ့ အထိမ်းအမှတ်အဖြစ်နဲ့လည်း လက်ခံထားကြပါတယ်။ အသံသာယာတယ်။ ခန့်ညားတယ်။ ကြားရသူ တိုင်း စိတ်နှလုံးကို တက်ကြွရွှင်လန်းစေတယ်။
ဖားစည်ကို...














