Home သတင်း ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ပြန်လာသည့် မြန်မာအလုပ်သမား သုံး‌ထောင်‌ကျော်ရှိဟု တာဝန်ရှိသူှ‌ပြော

ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ပြန်လာသည့် မြန်မာအလုပ်သမား သုံး‌ထောင်‌ကျော်ရှိဟု တာဝန်ရှိသူှ‌ပြော

2497

ဇူလိုင် ၅ ရက်၊ ၂ဝ၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် နယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့ှ နယ်စပ်ဂိတ်မှတစ်ဆင့် ဇွန်လ ၃ဝ ရက်မှ စတင်ကာ ယ‌နေ့ (ဇူလိုင် ၅ ရက်) အထိ ‌နေရပ်ပြန်လာကြသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား သုံး‌ထောင်‌ကျော်ရှိသည်ဟု ဘုရားသုံး ဆူမြို့ အုပ်ချုပ်‌ရေးမှူးဦးမျိုးနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ဇွန်လ ၃ဝ ရက်က‌နေ တစ်ရက် လူဦး‌ရေ ၇ဝဝက အနည်းဆုံး ပြန်လာကြတယ်။ ဇူလိုင် ၅ ရက်‌နေ့အထိ လူဦး‌ရေ ၃,၃၆၂ ‌ယောက် ‌ကျော်ရှိသွားပြီ။ စာအုပ်သက်တမ်းလွန်တာများတယ်။ အ‌ထောက်အထားမပါတာ‌တွေလည်း ရှိတယ်။”ဟု ‌ပြောသည်။

အဆိုပါ ‌နေရပ်ပြန်လာသည့် မြန်မာအလုပ်သမားများမှာ ကရင်ပြည်နယ်အပါအဝင် ပဲခူးတိုင်း၊ မန္တ‌လေးတိုင်း၊ ဧရာဝတီ တိုင်းတို့ အများစုဖြစ်ကြပြီး ၎င်းအလုပ်သမားများအား သက်ဆိုင်ရာ ‌ဒေသအာဏာပိုင်များမှ ထမင်းထုပ်၊ ‌ရေသန့်ဗူးများ ‌ဝေငှ‌ပေးကာ အကြိုအပုို့များလည်း လုပ်‌ဆောင်‌ပေးလျက်ရှိသည်ဟု အုပ်ချုပ်‌ရေးမှူး ဦးမျိုးနိုင်က ဆက်‌ပြောသည်။

ဘုရားသုံးဆူ နယ်စပ်မြို့သည် ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရက တရားဝင်ပိတ်ထားသည့် နယ်စပ်လမ်း‌ကြောင်းတစ်ခုဖြစ်ကာ ထိုင်းနိုင်ငံ မဟာချိုင်၊ ဝင်းက၊ ကန်ပူလီ‌ဒေသတို့မှ ဖမ်းဆီးခံရသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားအများစုကို ထိုဘုရားသုံး ဆူနယ်စပ်လမ်း‌ကြောင်းမှတစ်ဆင့် ပြန်လည်ပို့‌ဆောင်ခံရခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ‌ပြောသည်။

ဇွန်လ ၂ဝ ရက်‌နေ့က ထုတ်ပြန်‌ကြေညာလိုက်ပြီး ကြီး‌လေးသင့် ပြစ်ဒဏ်များ ပါရှိသည့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားသား အလုပ်သမားများစီမံခန့်ခွဲမှု ဥပ‌ဒေသစ်‌ကြောင့် ‌နေထိုင်ခွင့်နှင့် အလုပ်သမားစာရွက်စာတမ်း မပြည့်စုံသည့် မြန်မာနိုင်ငံ သားအလုပ်သမားအများအပြားမှာ မြဝတီ၊ ‌ကော့‌သောင်း၊ ထီးခီး၊ ‌မော‌တောင်၊ ရ‌နောင်းနှင့် ဘုရားသုံးဆူ စသည့် နယ်စပ်ဂိတ်များမှတစ်ဆင့် ၎င်းတို့ ‌နေရပ်သို့ ပြန်လာကြခြင်းဖြစ်သည်။

ဘုရားသုံးဆူနယ်စပ်ဂိတ်တွင် ပြန်လည်ပို့‌ဆောင်ခံရသည့် ကြာအင်းဆိပ်ကြီးမြို့နယ်မှ မြို့‌ဟောင်းရွာသား ‌စောမင်းမင်းက “ လပူလီမြို့ စီမူ‌ဈေးမှာ ‌နေ့စားခနဲ့ အလုပ်လုပ်တယ်။ အ‌ထောက်အထားစာရွက်မရှိလို့ အခန်းမှာ တစ်လ‌လောက် ခို‌အောင်း ‌နေရတယ်။ ပွဲစားက‌နေတစ်ဆင့် ရွာ‌ရောက်တဲ့အထိ ပြန်ပို့‌ပေးမယ်ဆိုပြီး တစ်‌ယောက် ဘတ် ၃,၅ဝဝ ‌ပေးပြီး ပွဲစားက ကန် ချနပူလီရဲစခန်းမှာ သွားပို့လိုက်တယ်။ တစ်ရက်နဲ့တစ်ည ထမင်းမ‌ကျွေးပဲ ပစ်ထားခဲ့တယ်။ ဘုရားသုံးဆူ‌ရောက်မှ ထမင်း ထုပ်‌တွေ၊ ‌ရေသန့်ဗူး‌တွေ စားရ‌တော့ ‌ကျေးဇူးအများကြီးတင်တယ်” ဟု ‌ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ဂိတ်‌ပေါက်အားလုံးတွင် ဇွန်လ ၂၉ ရက်မှ ယ‌နေ့ (ဇူလိုင် ၅ ရက်)အထိ ‌နေရပ်ပြန်လာကြသည့် မြန် မာအလုပ်သား ခန့်မှန်း‌ခြေ စုစု‌ပေါင်း ၆ဝ,ဝဝဝ( ‌ခြောက်‌သောင်း) ‌ကျော်ရှိပြီး အများစုမှာ မဲ‌ဆောက်-မြဝတီ နယ်စပ် ဂိတ်များမှတဆင့် ပြန်လာကြသည်ဟု ထိုင်းနိုင်ငံ အ‌ခြေစိုက် အလုပ်သမား ကူညီ‌စောင့်‌ရှောက်‌ရေးအဖွဲ့ AAC မဟာမိတ် အဖွဲ့၏ အ‌ထွေအ‌ထွေတာဝန်ခံ ကိုရဲမင်းက ယ‌နေ့(ဇူလိုင် ၅ ရက်)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံအစိုးရမှ ထုတ်ပြန်လိုုက်သည့် အလုပ်သမားစီမံခန့်ခွဲမှု ဥပ‌ဒေသစ်‌ကြောင့် မြန်မာအလုပ်သမားအများအပြား ‌နေ ရပ်ပြန်လာခဲ့ကြရာ မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများ၏ ညှိနှိုင်းမှု‌ကြောင့် ထိုင်းအစိုးရမှ ယင်းဥပ‌ဒေသစ်ကို ရက်‌ပေါင်း ၁၈ဝ ရပ်ဆိုင်းလိုက်‌ကြောင်း ဇူလိုင်လ ၄ ရက်‌နေ့တွင် ထုတ်ပြန်‌ကြေညာထားသည်ဟု သိရသည်။