Home သတင်း နယ်‌မြေပိုင်းခြားသတ်မှတ်‌ရေးနှင့် တပ်‌နေရာ ချထား‌ရေးကိစ္စ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်ရန်သာ JMC-Uဆုံးဖြတ်

နယ်‌မြေပိုင်းခြားသတ်မှတ်‌ရေးနှင့် တပ်‌နေရာ ချထား‌ရေးကိစ္စ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်ရန်သာ JMC-Uဆုံးဖြတ်

2114

ဇူလိုင် ၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တပ်မ‌တော်တို့အကြား နယ်‌မြေပိုင်းခြားသတ်မှတ်‌ရေးနှင့် တပ်‌နေရာချထား‌ရေးကိစ္စကို ၁၁ ကြိမ်‌မြောက် JMC-U အစည်းအ‌ဝေးတွင် အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်ရန်သာ ဆုံးဖြတ်နိုင်ခဲ့သည်ဟု အတွင်း‌ရေးမှူးဖြစ်သူ ‌ဒေါက်တာ‌ရွှေခါးက ‌ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဇူလိုင် ၃ ရက်မှ ၅ ရက်‌နေ့ထိ ရန်ကုန်မြို့၊ ‌ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့် မြတ်‌ရေး ဗဟိုဌာနတွင် ပြုလုပ်သည့် ၁၁ ကြိမ်‌မြောက် ပြည်‌ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ဆိုင်ရာ ပူးတွဲ ‌စောင့်ကြည့်‌ရေး ‌ကော်မတီ(JMC-U) အစည်းအ‌ဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ‌ကော်မတီ အတွင်း‌ရေးမှူး ဖြစ်သူ ‌ဒေါက်တာ‌ရွှေခါးက ယခုလို ‌ပြောသည်။

“တချို့အဖွဲ့ အစည်း‌တွေက‌တော့ နယ်‌မြေသတ်မှတ်မှုရှိတယ်။ တချို့အဖွဲ့အစည်း‌တွေက‌တော့ တပ်‌နေရာသတ် မှတ်မှုရှင်းရှင်းလင်းလင်း မရှိ‌သေးတာ ‌တွေ့ရတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ကျ‌နော်တို့ လုပ်‌နေတာက‌တော့ သက်ဆိုင်ရာ JMC-S ‌တွေက‌နေပြီး ကမကထ လုပ်ပြီး‌တော့ သက်ဆိုင်ရာ အဖွဲ့ အစည်း‌တွေနဲ့ အဓိက အစုအဖွဲ့ နှစ်ခုကြားမှာ ပူးတွဲပြီး‌တော့၊ တပ်‌နေရာချထားမှုနဲ့ ပတ်သက်ပြီး‌တော့ အလုပ်ရုံ‌ဆွေး‌နွေးပွဲလုပ်ကြဖို့ အဲ့က‌နေ တဖြည်းဖြည်း ဒီကိစ္စ‌တွေ‌ဆွေး‌နွေးဖို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်”ဟု ၎င်းက ‌ပြောသည်။

လက်ရှိ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များနှင့် အစိုးရ၊ တပ်မ‌တော်တို့အကြား နှစ်ဖက် အငြင်းပွားမှုများနှင့် JMC သို့ တိုင်ကြားမှု ဖြစ်စဉ်အများစုမှာ နယ်‌မြေပိုင်းခြားသတ်မှတ်‌ရေးနှင့် တပ်‌နေရာချ ထား‌ရေးကိစ္စ တိတိကျကျ မရှိသည့်အ‌ပေါ် အ‌ခြေခံကာ အငြင်းပွားမှုများဖြစ်ပွား‌နေသည်ကို ‌တွေ့ရ‌ကြောင်း ပြည်နယ်အဆင့် JMC ‌ကော်မတီဝင်များက ယခင်လအတွင်းက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

သုံးရက်ကြာပြုလုပ်သည့် ယင်းအစည်းအ‌ဝေးတွင် JMC-S အစည်းအ‌ဝေးများပြုလုပ်ပြီးပါက သတင်းမီဒီယာ များနှင့်‌တွေ့ဆုံကာ ‌ဆွေး‌နွေး၊ ဆုံးဖြတ်ခဲ့သည်များကို ပြန်လည်‌တွေ့ဆုံရှင်းလင်းသွားရန်အပါအဝင် ပြည်တွင်း ‌နေရပ်စွန့်ခွာတိမ်း‌ရှောင်ခဲ့ရသူများ၊ ပဋိပက္ခဒဏ် ခံစား‌နေရသူများ၊ ပြည်တွင်းပြန်လာသည့် ဒုက္ခသည်များအ‌ရေး ကို အစိုးရ လူမှုဝန်ထမ်း ဦးစီးဌာနက လုပ်‌ဆောင်မှုများကို ‌လေ့လာပြီး JMC-U တွင် ပါဝင်သည့် သုံးဘက်အဖွဲ့ ဝင်များ မည်သို့ဆက်ပြုလုပ်မည်ကို လာမည့်အစည်းအ‌ဝေးများတွင် ဆက်‌ဆွေး‌နွေးရန် သ‌ဘောတူခဲ့သည်ဟု JMC ဒါရိုက်တာ ဖြစ်သူ ‌ဒေါ်ဆိုင်းပန်က ‌ပြောသည်။

ထို့အပြင် အစည်းအ‌ဝေးတွင် JMC-L အဆင့် ‌ကော်မတီကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်နှင့် သံ‌တောင်ကြီးမြို့ နယ်၊ ‌ဘောဂလိတွင် နှစ်လအတွင်း ဖွဲ့စည်းသွားရန် ဆုံးဖြတ်ခဲ့သလို မိုင်းရှင်းလင်း‌ရေးအတွက် ခိုင်မာသည့် နိုင်ငံ ‌ရေးသ‌ဘောတူညီချက်ရရှိမှသာ ဆက်လုပ်သွားနိုင်ရန် အလားအလာရှိသည်ဟု ‌ဒေါက်တာ‌ရွှေခါးက ဖြည့်စွက် ‌ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်း ၈ ဖွဲ့တို့ NCA လက်မှတ်ထိုးပြီး နှစ်နှစ်နီးပါး ကြာခဲ့ပြီး ဖြစ်‌သော်လည်း နယ်‌မြေ ပိုင်းခြားသတ်မှတ်‌ရေးနှင့် တပ်‌နေရာချထား‌ရေး ကိစ္စကို ယခု ၁၁ ကြိမ် ‌မြောက် JMC-U အစည်းအ‌ဝေးပြီး‌သော်လည်း ထင်သာမြင်သာသည့် ရလဒ်ထွက်‌ပေါ်သည် အထိ မ‌ဆွေး‌နွေးနိုင်‌သေး‌ကြောင်း အဖွဲ့ဝင် များထံမှ သိရသည်။