KIC News
ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်သည့် စီမံကိန်းများကို ပြန်စိစစ်ရန် တင်ပြထား
ဖေဖော်ဝါရီ ၃ ရက်၊၂၀၁၇ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်သည့် စီမံကိန်းများကို လက်ရှိအစိုးရအနေဖြင့် ပြန်စိစစ် ရန် တင်ပြထားသည်ဟု မြန်မာ့ပတ်ဝန်းကျင် သိပ္ပံ ဒါရိုက်တာ ဒေါ်ခင်ဥမ္မာထွေးက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
အဆိုပါ သဘာဝပတ်ဝန်းကျင် ထိခိုက်သည့် စီးပွားရေးဆိုင်ရာ...
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုင်းရင်းသားစာပေ သင်ကြားပေးသူများကို ကျပ်သိန်း ၉၀ဝ ကျော် ထောက်ပံံ့့
ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၁၇ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တိုင်းရင်းသားစာပေသင်ကြားပေးနေသည့် ဆရာ၊ ဆရာ မများအတွက် ပြည်နယ်အစိုးရ၏ ထောက်ပံ့ငွေ ကျပ်သိန်း ၉၀ဝ ကျော်ကို ယင်းမြို့နယ်ပညာရေးမှူးရုံးမှ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွက်...
ကော့လှိုင်းရွာလေး ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို အစိုးရကျောင်းအဖြစ် လွှဲပြောင်းပေးအပ်
ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၁၇ ခုနှစ်။ စောခါးစူးညား
ရေရှည်တွင် သင်ကြားရေးပိုင်း အခက်အခဲရှိလာနိုင်သည့်အတွက် ကိုယ်ထူကိုယ်ထဖြင့် နှစ်နှစ်ခန့်အကြာ တည်ဆောက်ပြီးစီးခဲ့သည့် သထုံမြို့နယ်ရှိ ကော့လှိုင်းရွာလေးကျေးရွာ မူလတန်းခွဲအဆင့် စာသင်ကျောင်းကို အစိုးရကျောင်းအဖြစ် ရပ်တည်သွားရန် သထုံမြို့နယ် အစိုးရပညာရေးဌာနသို့ အခမ်းအနားနှင့်အတူ ယနေ့ (ဖေဖော်ဝါရီ ၂ ရက်)တွင်...
တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ ပြဌာန်းနိုင်ရန်လုပ်ဆောင်နေ
ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေကို လာမည့် ဧပြီလတွင် ပြဌာန်းနိုင်ရန် ဝိုင်းဝန်းလုပ်ဆောင်နေသည်ဟု မွန်ပြည်နယ်အစိုးရ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ကေအိုင်စီသို့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြောသည်။
အဆိုပါ...
KED၏ ဒေ့ပိုနို့ အထက်တန်းကျောင်း ကျောင်းသားဦးရေ တိုးလာ၍ သင်ထောက်ကူပစ္စည်း လိုအပ်နေ
ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဖာပွန်ခရိုင်အတွင်း ကရင်ပညာရေးဌာန-KED လက်အောက်ရှိ ဒေ့ပိုနို့ အမှတ်(၁) အထက်တန်းကျောင်း၌ နှစ်စဉ်ကျောင်းသူ/ကျောင်းသား ဦးရေတိုးလာ၍ သင်ထောက်ကူပစ္စည်း မလုံလောက်သည့် အတွက် သင်ကြားမှုအပိုင်းတွင် အခက်အခဲဖြစ်ပေါ်နေသည်ဟု အဆိုပါ ကျောင်း၏ ပညာရေးတာဝန်ရှိသူများက ဆိုသည်။
၂၀၁၃ ခုနှစ်မှ...
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူငယ် ၁ဝ ဦးကျော် မူးယစ်ဆေးဖြတ်နိုင်ခဲ့
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၁၇ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်(ဝင်းရေးမြို့နယ်)တွင် ဖွဲ့စည်းထားသည့် လူငယ်မူးယစ်ဆေးဝါး ကာကွယ် တားဆီးရေးအဖွဲ့အနေဖြင့် သုံးလအတွင်း ယင်းမြို့နယ်ရှိ ကျေးရွာအသီးသီးမှ မူးယစ်ဆေးသုံးစွဲသူ လူငယ် ၁ဝ ဦးကျော် ကို ဆေးဖြတ်နိုင်ခဲ့ကြောင်းအဖွဲ့ ဥက္ကဌမှ ပြောဆိုသည်။
ဖေဖော်ဝါရီ ၁ရက်နေ့က ခလယ်ရွာဘုန်းတော်ကြီးကျောင်းတွင်...
စစ်မက် ဖြစ်ပွားခဲ့ရာ မဲ့သဝေါဒေသအတွင်း ရွာသားတစ်ဦး မိုင်းနင်းမိ၍ အပြင်းအထန် ဒဏ်ရာရရှိ
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၁၇ ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲ့သဝေါဒေသ တိုက်ပွဲများဖြစ်ပွားခဲ့သည့်နေရာ ဒေသတွင်းရှိ ထီးနို့ထကျေးရွာ တွင် ဇန်နဝါရီ ၃၁ ရက်နေ့က ရွာသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်သည့် ဒဏ်ရာများ ဖြင့် မြိုင်ကြီးငူဆေးရုံမှတစ်ဆင့် ဖားအံပြည်သူ့ဆေးရုံကြီးသို့ တင်ပို့...
ကရင့်လက်နက်ကိုင်များ မိမိရပ်တည်ချက်ကို ပြန်ဆန်းစစ်ရန် KNLA ဒုစစ်ဦးစီးချုပ်ပြော
ဖေဖော်ဝါရီ ၁ ရက်၊၂၀၁၇ ခုနှစ်။ စအိုင်ဆူး
ကရင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေဖြင့် မိမိရပ်တည်ချက်ကို ပြန်ဆန်းစစ်ကြရန် အချိန်တန်ပြီဟု ဇန်နဝါရီ ၃၁ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး-KNU ဖာပွန်ခရိုင်တွင် ကျင်းပသည့် ၆၈ နှစ်မြောက် ကရင်အမျိုးသား တော်လှန် ရေးနေ့ အခမ်းအနား၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA...
လော်ခီးလာ ကရင်တော်လှန်ရေးနေ့အခမ်းအနား၌ ဒေသအသီးသီးမှ ကရင်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် တက်ရောက်
ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၇ခုနှစ်။ ကေအိုင်စီ
ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကျရောက်သည့် ၆၈နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ကို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ ဦးဆောင်၍ လော်ခီးလာ(လေးဝါး)တွင် ကျင်းပခဲ့ရာ ကရင်လက်နက်ကိုင်များ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူ မှုအဖွဲ့အစည်းများနှင့် ဒေသအသီးသီးကို ကိုယ်စားပြုသည့် ကရင်ကိုယ်စားလှယ်များက ပထမဆုံးအကြိမ် ပါဝင်တက်ရောက်ခဲ့ ကြသည်။
ဇန်နဝါရီလ ၂၈ရက်မှ...
နိုင်ငံရေးဆွေးနွေးပွဲရလဒ်အတိုင်း တစ်ဆင့်ချင်းလုပ်ဆောင်ကြရန် တော်လှန်ရေးနေ့တွင် ကေအဲန်ယူဥက္ကဌတိုက်တွန်း
ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၇ခုနှစ်။ စောသိန်းမြင့်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် -NCA ကို လက်မှတ်ထိုးထားသည့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်အတိုင်း တစ်ဆင့်ချင်း ဆက်လက် လက်တွဲလုပ် ဆောင်သွားကြရန် (ဇန်နဝါရီ ၃၁ရက်) ယနေ့ ကျရောက်သည့် ၆၈နှစ်မြောက်...














