Home သတင်း ‌ဒေါက်တာ စင်သီယာ‌မောင်၏ မယ်‌တော်‌ဆေးခန်း ဝန်ထမ်းများအား လစာ ၂ဝ ရာခို်င်နှုန်း ‌လျှော့ချ

‌ဒေါက်တာ စင်သီယာ‌မောင်၏ မယ်‌တော်‌ဆေးခန်း ဝန်ထမ်းများအား လစာ ၂ဝ ရာခို်င်နှုန်း ‌လျှော့ချ

3072

‌အောက်တိုဘာ ၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

နယ်စပ်‌ဒေသတစ်‌လျှောက် ဒုက္ခသည်များနှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအားထားရသည့် ထိုင်းနိုင်ငံ၊ မဲ‌ဆောက် မြို့ရှိ မယ်‌တော်‌ဆေးခန်းသည် ဘဏ္ဍာ‌ငွေအခက်အခဲ‌ကြောင့် ယခုလ ‌အောက်တိုဘာလမှ စတင်ကာ ဝန်ထမ်းများ၏ လစာ ၂ဝ ရာခို်င်နှုန်းကို ‌လျှော့ချလိုက်ရသည်ဟု ‌ဆေးခန်း၏စီမံခန့်ခွဲမှု လက်‌ထောက်ဒါရိုက်တာ ‌နော်အဲနီက ‌အောက်တိုဘာ ၃ ရက် (ယ‌နေ့)တွင် ‌ပြောသည်။

၎င်းက “နိုင်ငံတကာ ‌ထောက်ပံ့ ကူညီမှု‌တွေက ၂၀၁၈ (ခုနှစ်) အထိပဲ ရထား‌သေးတယ်။ ‌ဆေးခန်း‌ရေရှည် လည်ပတ်နိုင်ဖို့ ရှိ‌နေတဲ့ဘဏ္ဍာ‌ငွေ‌တွေကို ထိန်းထားတဲ့ အ‌နေနဲ့ ‌လျှော့လိုက်တာပါ။ ဝန်းထမ်း‌တွေအားလုံးကလည်း ဒါကို သ‌ဘောတူပါ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘဏ္ဍာ‌ငွေမရှိခြင်း‌ကြောင့် ‌ဆေးခန်းအား ရုတ်တရက် ပိတ်လိုက်ပါက အ‌ခြေအ‌နေအမျိုးမျိုးဖြင့် ‌ရောက်ရှိလာသည့် ထိုင်း ဘက်ခြမ်းနှင့် မြန်မာဘက်ခြမ်းမှ မြန်မာနိုင်ငံသား လူနာများမှာ အခက်အခဲများနှင့် ကြုံ‌တွေ့ရနိုင်သဖြင့် ယခုလို ဝန်ထမ်း လစာ‌လျှော့ရခြင်းဖြင့် ဘဏ္ဍာ‌ငွေကို ထိန်းထားခြင်းလည်းဖြစ်သည်ဟု ‌နော်အဲနီမှ ဆက်‌ပြောသည်။

ဝန်ထမ်း ဦး‌ရေ ၅၀ဝ ‌ကျော်ရှိသည့် မယ်‌တော်‌ဆေးခန်းတွင် ၂၀၁၇ ခုနှစ်၊ ‌အောက်တိုဘာလမှစ၍ ၂၀၁၈ ခုနှစ် မတ်လအထိ ၆ လခန့် လစာ ၂ဝ ရာခိုင်နှုန်း ‌လျှော့ချမည်ဖြစ်ပြီး ဘဏ္ဍာ‌ငွေ ပို၍နည်းလာပါက ၅ဝ ရာခိုင်နှုန်းအထိ ထပ်မံ‌လျှော့ချမည်ဖြစ် ‌ကြောင်း ‌ဆေးခန်းတာဝန်ရှိသူများက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ မယ်‌တော်‌ဆေးခန်းမှ ဝါရင့်‌ဆေးဝန်ထမ်းတစ်ဦးက “အခုလိုဖြစ်‌ပေါ်လာတဲ့ အ‌ခြေအ‌နေ အ‌ပေါ်မှာ ‌နေထိုင်ရပ်တည်ဖို့ အခက်အခဲ‌တွေရှိလာလို့ ကျ‌နော်တို့ဌာနမှာ အလုပ်ထွက်သွားတဲ့ လူလည်းရှိပါတယ်။ အခုအချိန်မှာ ကျ‌နော်က ဆက်ပြီးလုပ်နိုင်‌သေး‌ပေမယ့် အ‌ခြေအ‌နေ‌တွေ ဒီထက် ပိုဆိုးလာမယ်ဆို တခြားအလုပ်တစ်ခုခုကို ထွက်လုပ်‌ကောင်း လုပ်နိုင်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လော အ‌ခြေအ‌နေတွင် မယ်‌တော်‌ဆေးခန်းရှိ ဝန်ထမ်းများသည် အနိမ့်ဆုံး လစာ ထိုင်းဘတ်‌ငွေ ၄,၀၀ဝ မှ ၁၂, ဝ၀ဝ ဘတ် အထိ ရရှိ‌နေပြီး ယခင်နှစ်အနည်းငယ်ခန့်ကလည်း ‌ဆေးခန်းဘဏ္ဍာ‌ရေး အခက်အခဲ‌ကြောင့် လစာများကို ၂ကြိမ်ခန့် ‌လျှော့ချခဲ့ဖူးသည်ဟုလည်း သိရသည်။

‌ဒေါက်တာစင်သီယာ‌မောင် ဦးစီးပြီး ‌ဆေးဝါးအခမဲ့ကုသ‌ပေး‌နေသည့် မယ်‌တော်‌ဆေးခန်းကို ထိုင်း-မြန်မာနယ်စပ် တစ် ‌လျှောက် မြန်မာဒုက္ခသည်များနှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ကျန်းမာ‌ရေးဆိုင်ရာ အကူအညီများ ‌ပေးနိုင် ရန် ရည်ရွယ်၍ ၁၉၈၉ ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ပြီး လက်ရှိ တစ်ရက်ပျမ်းမျှ လူနာဦး‌ရေ ၃၀ဝ ‌ကျော်ကို ပုံမှန် ကုသ ‌ပေးလျှက်ရှိသည်။

အလားတူ ‌ဆေးခန်းနှင့် တွဲဖက်၍ ဖွင့်လှစ်ထားသည့် က‌လေးများဖွံ့ဖြိုး‌ရေးဌာန( Children Development Center-CDC) အထက်တန်း‌ကျောင်း၏ ဝန်ထမ်းများကိုလည်း ‌ဆေးဝန်ထမ်းများကဲ့သို့ပင် လစာ ၂ဝ ရာခိုင်နှုန်း ‌လျှော့ချလိုက်သည်ဟု အဆိုပါ ‌ကျောင်း၏ တာဝန်ရှိသူများက ‌ပြောဆိုသည်။