Home သတင်း ကိုရီးယား‌ရောက် ကရင်ဗုဒ္ဓဘာသာဝင်များအတွက် “‌စောသစ္စာဝါဒီ ” ကရင်ဗုဒ္ဓဘာသာ ဘုန်း‌တော်ကြီး‌ကျောင်း ဖွင့်လှစ်

ကိုရီးယား‌ရောက် ကရင်ဗုဒ္ဓဘာသာဝင်များအတွက် “‌စောသစ္စာဝါဒီ ” ကရင်ဗုဒ္ဓဘာသာ ဘုန်း‌တော်ကြီး‌ကျောင်း ဖွင့်လှစ်

2471

‌အောက်တိုဘာ ၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်လူငယ်အစည်းအရုံး-KYO(ကိုရီးယား)၏ ဦး‌ဆောင်မှုနှင့် ‌တောင်ကိုရီးယား‌ရောက် ကရင်လူငယ်များ၏ ‌ကောင်းမှုဖြင့် “‌စောသစ္စာဝါဒီ “အမည်ရှိသည့် ကရင်ဗုဒ္ဓဘာသာဘုန်း‌တော်ကြီး‌ကျောင်းတိုက်တစ်ခုကို ယ‌နေ့ (‌အောက်တိုဘာလ ၅ ရက်‌နေ့)က ‌တောင်ကိုရီးယားနိုင်ငံ အင်‌ချောမြို့ ဘူ‌ဗျောင်းတွင် ဖွင့်လှစ်လိုက်‌ကြောင်း သိရသည်။

‌ကျောင်းတိုက်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး KYO(ကိုရီးယား)၏ အတွင်း‌ရေးမှူး ‌စောထွန်းထွန်းက “ ကျ‌နော် တို့အဓိက ရည်ရွယ်တာက ကိုရီးယား‌ရောက် ကရင်ဗုဒ္ဓဘာသာဝင်များအ‌နေနဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ကိစ္စရပ် များပြုလုပ်နိုင်‌ရေး ၊ ဗုဒ္ဓတရား‌တော်‌တွေနဲ့‌ဝေးကွာမှုမရှိ‌စေ‌ရေးအပြင် ကရင်လူမျိုးများပိုမိုစုစည်းမှုရရှိ ‌စေ‌ရေးအတွက် ဖွင့်လှစ်တာဖြစ်ပါ တယ်”ဟု ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် “‌စောသစ္စာဝါဒီ “‌ကျောင်းတိုက်ဖွင့်ပွဲတွင် ဗုဒ္ဓဘာသာဘုန်း‌တော်ကြီးများ၊ KYO (ကိုရီးယား)အဖွဲ့ဝင်များ၊ ‌တောင်ကိုရီးယား‌ရောက် ကရင်မိသားစုဝင်များ တက်‌ရောက်ခဲ့ကြပြီး ‌ရေစက်ချတရားနာယူခြင်း၊ ရဟန်း သံဃာ‌တော်များ အား ဝတ္တု‌ငွေများ ဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်ကာ ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ‌ကျောင်းတိုက်ဖွင့်လှစ်နိုင်‌ရေးအတွက် KYO(ကိုရီးယား) အပြင် ‌တောင်ကိုရီးယားနိုင်ငံ ‌ရောက်ရှိ‌နေသည့် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ‌ကော့ကူး‌ကျေးရွာဆရာ‌တော် ဥူးကုသလနှင့် ကိုရီးယား‌ရောက် ကရင်မိသားစုဝင်များ၏ ထည့်ဝင်လှူဒါန်း‌ငွေများဖြင့် အ‌ဆောက်အဦးတစ်ခု၏ ၃ လွှာအထပ်ကို ငှားရမ်းကာ ‌ကျောင်းတိုက်အဖြစ် ဖွင့်လှစ်ခြင်းဖြစ် သည်။

ဆရာ‌တော်ဥူးကုသလက “ကိုရီးယား‌ရောက်‌နေတဲ့ တခြားတိုင်းရင်းသား‌တွေမှာလည်း ဒီလိုပုံစံ လုပ်ထားကြတယ်။ ဒီမှာ အလုပ်အကိုင်အဆင်မ‌ပြေတဲ့ ကိုယ့်ကရင်လူမျိုး‌တွေ၊ ဒုက္ခ‌ရောက်‌နေတဲ့ ကိုယ့်ကရင် လူမျိုး‌တွေနားခိုနိုင်တဲ့ ‌နေရာတစ်ခု လည်းဖြစ်တယ်။ ‌နောက်ပြီး ကိုယ့်ကရင်လူမျိုး‌တွေလည်း အချင်းချင်း စုစည်းနိုင်တယ်။ ဗုဒ္ဓရဲ့တရား‌တွေနဲ့လည်း ‌ဝေးကွာမသွားတဲ့အကျိုး‌ကျေးဇူး‌တွေရှိတယ်” ဟု မိန့်ကြားသည်။

၎င်း”‌စောသစ္စာဝါဒီ ” ကရင်ဗုဒ္ဓဘာသာဘုန်း‌တော်ကြီး‌ကျောင်းကို ပြီးခဲ့သည့် ၁ဝ လခန့်က စတင်ကာ ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ယခုမှသာ အခမ်းအနားအထိမ်းအမှတ်ဖြင့် ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်ဟု သိရသည်။