Home သတင်း ‌ကျောက်မီး‌သွေးစီမံကိန်းနှင့်ပတ်သက်၍ KNU သ‌ဘောထားချပြ‌ပေးရန် ကရင်အရပ်ဖက်အဖွဲ့များ‌တောင်းဆို

‌ကျောက်မီး‌သွေးစီမံကိန်းနှင့်ပတ်သက်၍ KNU သ‌ဘောထားချပြ‌ပေးရန် ကရင်အရပ်ဖက်အဖွဲ့များ‌တောင်းဆို

2780

‌အောက်တိုဘာ ၁ဝ ရက်၊ ၂၀၁၇ခုနှစ် ။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့နယ် ဝတ်ကြီး ‌ကျေးရွာအုပ်စုုတွင် အ‌ကောင်အထည်‌ဖော်ရန်ရှိသည့် လျှပ်စစ်ဓာတ် အား ‌ပေးစက် ရုံစီမံကိန်းနှင့်ပတ်သက်ပြီး KNU ကရင်အမျိုးသားအစည်းအရုံးအ‌နေဖြင့် သ‌ဘောထားများချပြ‌ပေးရန် ကရင်ပြည်နယ်ရှိ အရပ်အဖက်အဖွဲ့ ၂၉ ဖွဲ့မှ ‌အောက်တိုဘာလ ၃ ရက်‌နေ့တွင် KNU ထံစာတင်ပြ‌တောင်းဆို ထား‌ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းမှာ KNU တပ်မဟာ ၁ နယ်‌မြေတွင် ပါဝင်‌နေသည့်အပြင် အကြီးစား‌ကျောက်မီး‌သွေး စီမံကိန်း ဖြစ်‌သော‌ကြောင့် KNU ၏ သ‌ဘောထား၊ ရပ်တည်ချက်များကို ပြည်သူများထံ ထုတ်‌ဖော်ရှင်းလင်းရန် လိုအပ် သည့်အတွက် စာ‌ရေးသား ‌ပေးပို့လိုက်ခြင်းဖြစ်သည်ဟု ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှု‌ရေးဆိုင်ရာ လှုပ်ရှား မှုကွန်ရက် -KESAN (ကရင်ပြည်နယ်)မှ ‌စောသာဘိုးက ‌ပြောသည်။

၎င်းက“အဲဒီတင်ပြတဲ့စာထဲမှာ ‌ကျောက်မီး‌သွေးဆိုးကျိုးအ‌ကြောင်း‌တွေပါတယ်။ ပြီး‌တော့ အဲဒီ‌ဒေသမှာ သွား လုပ်တာနဲ့ပတ်သက်ပြီး ‌ဒေသခံအ‌ပေါ် ပွင့်လင်းမြင်သာမှုမရှိတဲ့အ‌ကြောင်း‌ဒေသခံပို့လာတဲ့ အိတ်ဖွင့်‌ပေးစာနဲ့ ကျ‌နော်တို့ဘက်က သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့အ‌ကြောင်း‌တွေကို တင်ထားတယ်။ ဒါကို KNU ဘက်က သ‌ဘောထားဘယ်လိုရှိလဲ ကျ‌နော်တို့ တရားဝင် တိတိကျကျ ဘာမှမသိရ‌သေးဘူး ။ အဲဒါ‌ကြောင့် စာတင် တာဖြစ် တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စီမံကိန်းပြုလုပ်မည့် ‌ဒေသသည် KNU မှ ပြုလုပ်သည့် အပစ်ခတ်ရပ်စဲ‌ရေးကာလ‌နောက်ပိုင်းမှသာ ‌ဒေသခံလူထုများ ‌အေးချမ်းစွာ လုပ်ကိုင်စား‌သောက်လာနိုင်ခြင်းဖြစ်ပြီး ‌ကျောက်မီး‌သွေး စီမံကိန်း ခွင့်ပြုပါက ‌ဒေသခံ ဘဝလုံခြုံမှုများကို ပြန်လည်ခြိမ်း‌ခြောက်လာနိုင်ရုံမျှမကဘဲ KNU ၏ လုံခြုံ‌ရေးကိုပါ ထိခိုက်လာနိုင် ‌ကြောင်း ၎င်းတင်ပြသည့်စာတွင် ‌ထောက်ပြထားသည်။

ထို့အပြင် စီမံကိန်းအ‌ကောင်ထည်‌ဖော်မည့် ‌နေရာရှိ ‌ဒေသခံပြည်သူများကို အသိ‌ပေး ခြင်းမရှိဘဲ ‌မြေများတိုင်းတာခြင်း၊ တွင်းများတူး‌ဖော်ခြင်းနှင့် စီမံကိန်း‌မြေ‌နေရာနှင့်အတူ စက်ရုံအတွက် စီမံ‌ဆောင်ရွက်မည့် ‌နေရာတစ်ခုခြင်းစီအတွက် သတ်မှတ်‌ဆောင်ရွက်ပြီးစီး‌နေမှုအ‌ခြေအ‌နေများကိုပါ KNU ထံ တင်ပြထား‌ကြောင်းလည်း သိရသည်။

KNU အ‌နေဖြင့်ဖွံ့ဖြိုး‌ရေးစီမံကိန်းများနှင့်ပတ်သက်သည့် မူဝါဒများချမှတ်ထား‌သော်လည်း လက်ရှိ ကရင်ပြည်နယ် အတွင်း အ‌ကောင်အထည်‌ဖော်ရန်ရှိသည့် ‌ကျောက်မီး‌သွေး‌လောင်စာသုံးဓာတ်အား ‌ပေးစက်ရုံစီမံကိန်း ကိစ္စကို KNU ဘက်မှ သ‌ဘောထားတရားဝင်ထုတ်ပြန်‌ကြေငြာ‌ပြောဆိုခြင်းမရှိ‌သေးသည့်အတွက် ကရင်အရပ်ဖက်အဖွဲ့အစည်းများက ‌ဝေဖန်‌ပြောဆို‌နေကြခြင်းဖြစ်သည်။

၎င်းကိစ္စအ‌ပေါ် ‌ကေအဲန်ယူ၏ တွဲဘက်အတွင်း‌ရေးမှူး (၂)ပဒို‌စောလှထွန်းက “ ဒီ‌ကျောက်မီး‌သွေးနဲ့ ပတ်သက်ပြီး ‌တော့ ‌ကေအဲန်ယူရဲ့ သ‌ဘောထားက‌တော့ ထုတ်ပြန်‌ပေးမယ်။ လက်ခံ၊ မလက်ခံဆိုတာက‌တော့ ထုတ်တဲ့အခါကျရင် သိမှာပါ။ ‌ကျောက်မီး‌သွေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်‌တွေအားလုံးကို လိုက်စု‌နေပါတယ်။ အချက်အလက်‌ပေါင်းစုံရှိဖို့ လိုတယ်‌ပေါ့ ထုတ်ပြန်ဖို့က။ ‌ကျောက်မီး‌သွေးနဲ့ ပတ်သက်တဲ့‌ကောင်း ကျိုး၊ ဆိုးကျိုး သတင်းအချက်အလက်‌တွေကို ‌ပေးပို့ လာဖို့ ဖိတ်‌ခေါ်ချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မကြာ‌သေးမီရက်ပိုင်းက ပြီးစီးသွားသည့် ၁၆ ကြိမ်‌မြောက် KNU ကွန်ဂရက်အပြီး ပြုလုပ်သည့် ပထမအကြိမ် KNU ဗဟို အမြဲတမ်း ‌ကော်မတီ၏ အ‌ရေး‌ပေါ်အစည်းအ‌ဝေးထုတ်ပြန်ချက်တွင် သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူလူထုများကို ထိခိုင် ‌စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် အဆင့်မြင့်နည်းပညာ အသုံးပြုစီးပွား‌ရေးလုပ်ငန်းများ၏ ‌ဘေးထွက်ဆိုးကျိုးများကို အကာ ကွယ်ပြုနိုင်သည့် ဥပ‌ဒေ၊ နည်းဥပ‌ဒေ မရှိ‌သေးသည့်ကာလတွင် ထိုကဲ့သို့‌သော ရင်းနှီးမြှုပ်နှံမှုမျိုးကို ရင်းနှီးမြှုပ်နှံရန် အချိန်မကျ‌သေးဟု သ‌ဘောထားဆုံးဖြတ်‌ကြောင်း ‌အောက်တိုဘာလ ၇ ရက်‌နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ပြည်နယ်အတွက် အမှန်တကယ်လိုအပ်သည့် စီမံကိန်းဖြစ်သည့် အတွက် ကန့်ကွက်မှုများရှိ‌သော်လည်း ဖြစ်‌မြောက်‌အောင် ကြိုးစားလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ပြီးခဲ့သည့် ဇွန်လ ၂၁ရက်‌နေ့ ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမတွင် ပြုလုပ်သည့် အဆိုပါ စက်ရုံအတွက် ဆန်း စစ်‌လေ့လာခြင်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ကုမ္ပဏီနှင့် ‌ဒေသခံလူထု ‌တွေ့ဆုံပွဲတွင် ထိုသို့‌ပြောဆိုမှုများလည်း ရှိခဲ့သည်။