Home သတင်း ပထမဆုံးအကြိမ် မီးထွန်းပွဲ‌တော်နှင့်‌ဈေး‌ရောင်းပွဲ‌တော်ကို ဖားအံမြို့တွင် ခမ်းခမ်းနားနားဖြင့် စတင်ကျင်းပ

ပထမဆုံးအကြိမ် မီးထွန်းပွဲ‌တော်နှင့်‌ဈေး‌ရောင်းပွဲ‌တော်ကို ဖားအံမြို့တွင် ခမ်းခမ်းနားနားဖြင့် စတင်ကျင်းပ

2155

‌အောက်တိုဘာ ၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့တွင် ပထမဆုံးအကြိမ် ကျင်းပသည့် မီး‌ရောင်စုံအလှ ဖားစည်‌မြေည အမည်‌ပေးထားသည့် မီးထွန်းပွဲ‌တော်နှင့်‌ဈေး‌ရောင်းပွဲ‌တော်ကို ယ‌နေ့ (‌အောက်တိုဘာလ ၄ ရက်)ည‌နေ့တွင် ဖားအံမြို့ရှိ ဇွဲကပင်ခန်းမ‌ရှေ့၌ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

‌အောက်တိုဘာလ ၄ ရက်မှ ၆ ရက်‌နေ့အထိ ကျင်းပသွားမည့် အဆိုပါ မီးထွန်းပွဲ‌တော်ကို ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းတို့ပူး‌ပေါင်း လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

ယခုပွဲဖြစ်‌မြောက်‌ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်စပြုလာသည့် ဖားအံမြို့ အလှနှင့် ဗုဒ္ဓဘာသာအစဉ်အလာအရ မီးထွန်းပွဲကိုတွဲဖက်ပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်‌ရေးအတွက် ပထမဆုံးစ တင် လုပ်‌ဆောင်ခြင်းဖြစ်‌ကြောင်း ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦး‌စော ဟန်း‌အေးက ‌ပြောသည်။

ယ‌နေ့စတင်ကျင်းပသည့် မီးထွန်းပွဲ‌တော်တွင် ကာရာအို‌ကေ သီချင်းဆိုပြိုင်ပွဲများ၊ ဆပ်ကပ်ဖြင့် ‌ဖျော်‌ဖြေတင်ဆက်ခြင်း အစီအစဉ်များအပြင် ဇွဲကပင်ခန်းမဝင်းအတွင်း လူသုံးကုန်၊ အလှကုန်ပစ္စည်းများ၊ စား‌သောက်ဖွယ်ရာများ တည်ခင်း ‌ရောင်း ချသည့် ‌ဈေးဆိုင်တန်းများဖွင့်လှစ်ကာ ၃ ရက်တာ ကျင်းပသွားမည်ဟု သိရသည်။