Home သတင်း တိုင်းရင်းသား စာ‌ပေသင်ဆရာ၊ ဆရာမ‌လျှောက်ထားလိုသူများကို ဆိုင်ရာစာယဉ်များ ကူညီ‌ပေးမည်

တိုင်းရင်းသား စာ‌ပေသင်ဆရာ၊ ဆရာမ‌လျှောက်ထားလိုသူများကို ဆိုင်ရာစာယဉ်များ ကူညီ‌ပေးမည်

2138

‌အောက်တိုဘာ ၉ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

အစိုးရ အ‌ခြေခံပညာ‌ကျောင်းများတွင် တိုင်းရင်းသား စာ‌ပေသင် ဆရာ၊ ဆရာမများအဖြစ် ‌လျှောက်ထားလိုသူများကို ပြည် နယ်စာယဉ်က ကူညီလုပ်‌ဆောင်‌ပေးသွားမည်ဟု ပြည်နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုဖွံ့ဖြိုး တိုးတက်‌ရေးအသင်း ဥက္ကဌ ‌စော‌အေးမြက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အခု‌လျှောက်လွှာ ပုံစံ‌တွေကို အိမ်မှာ အဆင့်သင့်လုပ်ထားတယ်။ ‌လျှောက်ချင်တဲ့သူ‌တွေလာခဲ့ပါ။ သူတို့ အ‌နေနဲ့ လိုအပ်တဲ့ ‌ထောက်ခံစာ‌တွေ‌တော့ယူခဲ့။ ဒီမှာ ပုံစံဖြည့်မယ်။ လိုတာ‌တွေကို ‌ပြောပြမယ်။ ပြီးရင် သူတို့‌နေတဲ့ မြို့နယ်ပညာ ‌ရေးမှူးရုံးမှာ သွားတင်ရုံဘဲ။ ‌လျှောက်ချင်သူ‌တွေ ကျ‌နော့်ဆီမှာ လာလုပ်တာ သုံးဆယ်‌ကျော်‌လောက်‌တော့ရှိသွားပြီး။ ဘယ် သူလာလာကူညီ‌ပေးမယ်” ဟု ‌စော‌အေးမြက ‌အောက်တိုဘာ ၉ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း တိုင်းရင်းသားစာ‌ပေသင် ဆရာ၊ ဆရာမအဖြစ်‌လျှောက်ထားလိုသူများကို သက် ဆိုင်ရာ မြို့နယ်အလိုက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများက ကူညီလုပ်‌ဆောင်‌ပေးရန် ‌အောက်တိုဘာ လဆန်းပိုင်း တွင် ပြုလုပ်သည့် တိုင်းစာယဉ်အစည်းအ‌ဝေးတွင် ‌ပြောဆိုထားပြီး ဖြစ်သည်ဟု ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဒုဥက္ကဌ မန်းသန်းဝင်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုင်းရင်းသား ဘာသာစကားသင် ပြင်ပ၊ ဆရာ၊ ဆရာမများကို ယခင်က အစိုးရအ‌နေဖြင့် တစ်လ ကျပ်သုံး‌သောင်းနှုန်း ‌ထောက်ပံ့‌ပေး‌သော်လည်း ယခုပညာသင်နှစ်တွင် ‌နေ့စားလ‌ပေး ဆရာ၊ ဆရာမ (Teaching Assistant) အဖြစ် တစ်ရက် လျှင် ကျပ် ၃၆၀ဝ နှုန်း တိုးမြင့်ခန့်ထားရန် ‌လျှောက်လွှာများ ‌ခေါ်ယူ‌နေပြီးဖြစ်သည်ဟု ကရင်ပြည်နယ် ပညာ‌ရေးမှူး ဦးစိုးမြင့်က ‌အောက်တိုဘာလဆန်းပိုင်းတွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုင်းရင်းသား စာ‌ပေသင်ဆရာ၊ ဆရာမများကို အစိုးရဝန်ထမ်းအဖြစ် တစ်ဆင့်တိုး ခန့်အပ်လိုက်ခြင်း ဖြစ်ပြီး၊ အစိုးရ ‌ကျောင်းများတွင် တိုင်းရင်သား စာ‌ပေကို မူလတန်းအဆင့် ‌ကျောင်းချိန်ပြင်ပတွင် သင်ယူခွင့်ပြုထားပြီး ‌ကျောင်း သားများ အ‌နေဖြင့် အပို‌ဆောင်းသင်ယူ‌နေရသလိုဖြစ်ကာ ‌ကျောင်းချိန်အတွင်း သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားခွင့်ရရန် ဆက်ကြိုး ပမ်းသွားမည်ဟု မွန်ပြည်နယ် ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နေ့စားလ‌ပေး ဝန်ထမ်းအဖြစ် ‌လျှောက်ထားလိုသူများ အ‌နေဖြင့် လက်ရှိ တိုင်းရင်းသား စာ‌ပေ ဆရာ၊ ဆရာ မများ ဖြစ်ရန် လိုသလို၊ ပညာအရည်အချင်း ကန့်သတ်ထားခြင်း မရှိ‌ကြောင်း၊ ‌လျှောက်လွှာနှင့်အတူ အလုပ်သမား မှတ်ပုံတင်၊ ရဲစခန်း ‌ထောက်ခံစာစသည်တို့ဖြင့်ဆိုင်ရာ မြို့နယ်ပညာ‌ရေးမှူး ရုံးများသို့ ‌အောက်တိုဘာ ၂ဝ ရက်‌နေ့ ‌နောက်ဆုံးထား ‌လျှောက် ထားရမည်ဟု ဆိုင်ရာစာယဉ် တာဝန်ရှိသူများထံမှ သိရသည်။