Home သတင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ဆက်လက်သွားနိုင်‌ရေး ‌ကေအဲန်ယူအဖွဲ့တွင်း အ‌ရေး‌ပေါ်အစည်းအ‌ဝေးပြုလုပ်

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ဆက်လက်သွားနိုင်‌ရေး ‌ကေအဲန်ယူအဖွဲ့တွင်း အ‌ရေး‌ပေါ်အစည်းအ‌ဝေးပြုလုပ်

1951

‌အောက်တိုဘာ ၅ရက်၊ ၂ဝ၁၇ခုနှစ်။ ‌ကေအိုင်စီ

‌သောင်မတင် ‌ရေမကျရှိ‌နေသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း(EAOs)တို့အကြား ‌ဖော် ‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ဆက်လက်သွားနိုင်‌ရေးအတွက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဗဟို အမြဲတမ်း‌ကော်မတီ၏ အ‌ရေး‌ပေါ် အစည်းအ‌ဝေးကို ‌ကေအဲန်ယူ ဖားအံခရိုင်၊ ‌လေးဝါးစခန်းတွင် ‌အောက်တိုဘာလ ၄ရက်‌နေ့က စတင် ကျင်းပခဲ့သည်။

‌ကေအဲန်ယူ၏ တွဲဘက်အတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်းက “အဓိက က‌တော့ ‌ရှေ့ဆက်သွားရမယ့်နိုင်ငံ‌ရေး အခင်းအကျင်းအ ရ အမြင်သ‌ဘောထားစုပြီး‌တော့ အခုရှိ‌နေတဲ့ ပကတိမြန်မာပြည်ရဲ့ နိုင်ငံ‌ရေး၊ အ‌ခြေအ‌နေမှာ အ‌ခြေခံပြီး‌တော့ သွားသင့်တဲ့ ငြိမ်း ချမ်း‌ရေး‌ဖော်‌ဆောင်မှုဖြစ်စဉ်၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲပုံစံ‌တွေ အဲဒီအတွက်ပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ‌မေလ ၂၄ရက်မှ ၂၉ရက်‌နေ့အထိ ‌နေပြည်‌တော်တွင် ကျင်းပသည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအ‌ဝေးအပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းတို့အကြား ငြိမ်းချမ်း‌ရေး လုပ်ငန်းဆိုင်ရာ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ရပ်တန့်‌နေမှုများကို ဆက်လက်သွားနိုင်ရန် ‌ကေအဲန်ယူမှ ယခုလို ဗဟိုအမြဲတမ်း‌ကော်မ တီဝင်များ၏ အ‌ရေး‌ပေါ် အစည်းအ‌ဝေးကို ပြုလုပ်‌နေခြင်းလည်းဖြစ်သည်ဟု ‌ကေအဲန်ယူ သတင်းရပ်ကွက်အရ သိရသည်။

၎င်းကိစ္စအ‌ပေါ် ပဒို‌စောလှထွန်းက “ဘယ်လို‌တွေရှိ‌နေလဲဆိုတာ အခု ‌ဆွေး‌နွေးဖို့‌ပေါ့။ စိန်‌ခေါ်မှု အခက်အခဲ‌တွေက အမျိုးမျိုး‌ပေါ့။ အကြီးဆုံးက ဘာလဲ။ အငယ်ဆုံးက ဘာလဲဆိုတာ အခု‌တော့ မ‌ပေါ်လာ‌သေးဘူး။ အစည်းအ‌ဝေးမှာ‌တော့ ‌ပေါ်လာမယ်‌ပေါ့”ဟု ‌ပြောသည်။

ယ‌နေ့ သီတင်းကျွတ်လပြည့်‌နေ့တွင် ရပ်နားထားပြီး လာမည့် တနလင်္ာ‌နေ့တွင် ဆက်လက်ကျင်းပသွားမည့် ၎င်းအ‌ရေး‌ပေါ် အစည်းအ‌ဝေး၌ လတ်တ‌လော နိုင်ငံ‌ရေးဖြစ်စဉ် အစီရင်ခံစာများကို သက်ဆိုင်ရာ ကိုယ်စားလှယ်များမှ အစီရင်ခံခြင်း၊ ငြိမ်းချမ်း ‌ရေးဖြစ်စဉ်ကို ပြန်လည် သုံးသပ်ပြီး ‌ရှေ့ဆက်သွားမည့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းများအတွက် ဗဟို‌ကော်မတီဝင်များ၏ သ‌ဘောထား ဆုံးဖြတ်ချက်များကို ရယူမည်ဟု သိရသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့က ကျင်းပသည့် တိုင်းရင်း သားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း (EAOs) နှင့် အစိုးရတို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်(အဲန်စီ‌အေ) လက်မှတ်ထိုးပွဲတွင် အခြား‌သော(EAOs) ၇ဖွဲ့နှင့်အတူ လက်မှတ်‌ရေးထိုးထားသည်။

ယခု ‌ကေအဲန်ယူ အစည်းအ‌ဝေးသည် ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ကျင်းပပြီးစီးခဲ့သည့် ၁၆ကြိမ်‌မြောက် ကွန်ဂရက်အပြီး ပထမဆုံးကြိမ်အဖြစ် ကျင်းပသည့် ဗဟို‌ကော်မတီဝင်များ အ‌ရေးအ‌ပေါ် အစည်းအ‌ဝေးဖြစ်ပြီး ဗဟိုအမြဲတမ်း‌ကော်မတီဝင် ၅၅ဦးရှိသည့်အနက် ကျန်းမာ‌ရေးအရ မပါဝင်နိုင်သူ တစ်ဦးနှစ်ဦးမှလွဲ၍ ကျန်‌ကော်မတီဝင် အားလုံး တက်‌ရောက်ကြသည်ဟု သိရသည်။