KIC News
လယ်မူလား (ပုလော) မြို့နယ်ရှိ စစ်ရှောင်ရွာသားများ နေရပ်မပြန်ရဲသေး
စက်တင်ဘာ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
တနသင်္ရီတိုင်းဒေသကြီး၊ လယ်မူလား (ပုလော) မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး၊ တပ်မဟာ -၄၊ လက်အောက်ခံတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်နေရသည့် ဒေသခံများ အဖမ်းခံရမည် စိုး၍ နေရပ်မပြန်ရဲသေးကြောင်း ဒေသခံများက...
KNU ဘိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုး(ထားဝယ်)မြို့နယ်ဥက္ကဌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရ
စက်တင်ဘာ ၁ဝ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
KNU- ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ-၄၊ လယ်ဒိုစိုး(ထားဝယ်)မြို့နယ်ဥက္ကဌ ပဒိုစောချဲ့ ကို စက်တင်ဘာလ ၉ရက်၊ နေ့လည်ပိုင်းတွင် စစ်ကောင်စီဘက်က ဖမ်းဆီးသွားခဲ့သည်ဟု ၎င်းမြို့နယ်၏အတွင်းရေးမှူး ပဒိုစောဆာမျိုးမျိုးက ကေအိုင်စီသို့ ပြောသည်။
ဖြစ်စဉ်မှာ KNU လယ်ဒိုစိုးမြို့နယ် ဥက္ကဌသည်...
ကျိတ်ကျေးရွာမှ စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာသွား၊ ဒေသခံများ ပုံမှန်ပြန်လှုပ်ရှား
စက်တင်ဘာ ၁၀၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
စစ်ရေးတင်းမာမှု ဖြစ်ပေါ်ခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိတ်ကျေးရွာမှ စစ်ကောင်စီတပ်များသည် ယနေ့ စက်တင်ဘာ ၁ဝ ရက်နေ့တွင် ရွာမှ ပြန်လည် ထွက်ခွာသွားပြီးနောက် ဒေသခံများအနေဖြင့် နေ့စဉ်လှုမှုဘဝ အတွက် ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။...
ဘယ်အနေအထားကိုပဲဖြစ်ဖြစ် ကိုယ်တိုင်၊ ကိုယ်ပိုင် ဆုံးဖြတ်ကြ
ဘယ်အနေအထားကိုပဲဖြစ်ဖြစ် ကိုယ်တိုင်၊ ကိုယ်ပိုင် ဆုံးဖြတ်ကြ
မောင်ကျော်စွာ
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်)
၂၀၂၁ခုနှစ်၊ စက်တင်ဘာရဲ့ ပထမ ၁၅ရက်အတွင်းမှာ အခြေခံထားပြီး သုံးသပ်ရမယ့် အချက် ၂ချက်ရှိတယ်လို့ မြင်ပါတယ်။
ပထမအချက်က ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၇ရက် နေ့စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က...
လှိုင်းဘွဲမြို့နယ်၊ တာပေါင်ရွာသားများ ပေါ်တာဆွဲခံရမည်စိုး၍ ထွက်ပြေး
စက်တင်ဘာ ၉ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တာပေါင်ကျေးရွာသို့ စက်တင်ဘာလ ၉ရက်နေ့တွင် စစ်ကောင်စီတပ်များ ရောက်ရှိ လာသည့်အတွက် ပေါ်တာဆွဲမည်ကို စိုးရိမ်သဖြင့် ရွာသူရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများ က ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သည် လှိုင်းဘွဲမြို့နယ် ထီလုံရွာမှ တာပေါင်ကျေးရွာသို့ ဝင်ရောက်လာပြီး...
KNLA တိုက်ပွဲသတင်းများ အွန်လိုင်းပေါ် အလျင်စလို မတင်ရန် KNU ဗဟို ပြန်ကြားရေးက မေတ္တာရပ်ခံ
စက်တင်ဘာ ၉ ရက်၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း နှင့် စစ်ကောင်စီတပ်စခန်းများအား KNLA မှ တိုက်ခိုက်သိမ်းယူခြင်းများကို ကြားသိရပါက ပြည်သူများအနေဖြင့် online ပေါ်၌ အလျင်စလို မတင်ရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊...
KNU ဝင်းရေးမြို့နယ်က ပြည်သူများသို့ တတိယအကြိမ်မြောက် ဆန်များထောက်ပံ့ပေး
စက်တင်ဘာလ ၈ ရက်၊ ၂ဝ၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဝင်းရေးမြို့နယ်က ၎င်းတို့၏ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ စားဝတ်နေရေးခက်ခဲသည့် ပြည်သူများကို စက်တင်ဘာ ၇ ရက်နေ့က တတိယ အကြိမ်မြောက် ဆန်များ ထောက်ပံ့ပေးဝေခဲ့သည်ဟု မြို့နယ်တာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။...














