Home သတင်း ‌လေယာဉ်ဖြင့် ပစ်ခတ်မှု‌ကြောင့် KNLA စစ်‌ဆေး‌ရေးဂိတ်မှ တပ်သားအချို့ ထိခိုက်ကျဆုံးမှုရှိ

‌လေယာဉ်ဖြင့် ပစ်ခတ်မှု‌ကြောင့် KNLA စစ်‌ဆေး‌ရေးဂိတ်မှ တပ်သားအချို့ ထိခိုက်ကျဆုံးမှုရှိ

1364

ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌လေး‌ကေ‌ကော်‌ဒေသတွင် ယ‌နေ့ ဒီဇင်ဘာ ၂၅ရက်‌နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည့် ‌လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု အတွင်း နယ်‌မြေခံ KNLA စစ်‌ဆေး‌ရေးဂိတ်မှ တပ်သားအချို့ အပါအဝင် ၅ဦးထက်မနည်း ထိခိုက်ကျဆုံးမှုရှိသည်ဟု သိရသည်။

ယ‌နေ့ မွန်းလွဲ ၁နာရီခွဲခန့်တွင် စစ်‌ကောင်ဘက်မှ ‌လေယာဉ်ဖြင့် နှစ်ကြိမ် လာ‌ရောက်တိုက်ခိုက်ခဲ့ရာတွင် ထီးမယ်ဝါးခီး ‌ကျေးရွာအဝင်ရှိ KNLA စစ်‌ဆေး‌ရေးဂိတ်မှ တပ်သားအချို့ ထိခိုက်ကျဆုံးပြီး ‌ဒေသခံရွာသား ၅ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ‌မြေပြင်သတင်းအရ သိရ‌သော်လည်း အတိအကျကို စုံစမ်း‌နေဆဲဖြစ်သည်။

ယ‌နေ့ နံနက်ပိုင်းကတည်းက စတင် ဖြစ်ပွားသည့် တိုက်ပွဲတွင် နယ်ခြား‌စောင့်တပ် BGF နှင့် စစ်‌ကောင်စီ ပူး‌ပေါင်းတပ် တို့က လက်ခတ်‌တောင်နှင့် ‌ကျောက်ဂူဘုရားကုန်းဘက်မှ‌နေ၍ ‌တောင်‌ကြောအတိုင်း စစ်‌ကြောင်းထိုးတက်လာပြီး ‌လေး‌ကေ‌ကော်ရပ်ကွက်များသို့မ‌ရောက်ခင် ‌တောင်ယာခင်းများမှ ဖြတ်ဆင်းလာကာ ‌မြေပြင်ရှိ ထီးမယ်ဝါးခီး စစ်‌ဆေး ‌ရေးဂိတ်ကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KNLA ဘက်က ‌ပြောသည်။

KNLA ဘက်မှ တိုက်ပွဲအတွင်း ပါဝင် တိုက်ခိုက်‌နေသူတစ်ဦးက “ဒီ‌နေ့ ပစ်ခတ်တာက ‌နေ့ခင်းပိုင်း တစ်နာရီအ‌ကျော်မှာ ရဟတ်ယာဉ်က ၂ပတ်‌လောက် ပျံ‌နေပြီး ထီးမယ်ဝါးခီးရွာထိပ်က လုံခြုံ‌ရေးစစ်‌ဆေး‌ရေးလုပ်တဲ့ KNLA ဂိတ်ကို ‌လေယာဉ်က စက်‌သေနတ်နဲ့ ပစ်တယ်။ ရွာထဲ ကို ဗုံးကြဲချတယ်။ အဲ့နားရှိ‌နေတဲ့ တပ်ဖွဲ့ဝင်‌တွေ ထိခိုက်ကုန်တယ်။ ရွာသားတချို့ ဗုံးစမှန်တယ်။ အိမ်တစ်လုံး မီးနဲနဲ‌လောင်သလို ဖြစ်သွားတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့မှာ ခရစ်ယာန်ဘာသာဝင်များ၏ ခရစ်စမတ်‌နေ့ပွဲ‌တော်ရက် ဖြစ်‌သော်လည်း တိုက်ပွဲ‌ကြောင့် ထိုင်း-မြန်မာနယ်စပ် တစ်‌လျှောက် စစ်‌ဘေး‌ရှောင်သူများအ‌နေဖြင့် ‌သောင်ရင်းမြစ်‌ဘေးတစ်‌လျှောက်ရှိ ထိုင်းဘက်ခြမ်း‌တောင်ယာခြံများသို့ လည်း‌ကောင်း၊ မြန်မာဘက်ခြမ်း ‌ဝေါ‌လေသုံးထပ်‌ကွေ့၊ ‌ကျောက်ခက်‌ကျေးရွာနှင့် ဆုံဆည်းမြိုင်‌ကျေးရွာဘက်သို့လည်း အစုအဖွဲ့အလိုက် တိမ်း‌ရှောင်‌ရွှေ့‌ပြောင်း‌နေကြရသည်။

အဆိုပါ ထီးမယ်ဝါးခီးရွာရှိ KNU စခန်းမှာ စစ်‌ကောင်စီ၏ သိမ်းပိုက်ခြင်းခံရပြီဖြစ်‌ကြောင်း သတင်းထွက်‌နေမှုနှင့်ပတ် သက်၍ ‌ဒေသတွင်း သတင်းအရင်းအမြစ်များထံ စုံစမ်းရာ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်‌နေမှု‌ကြောင့် ‌မြေပြင် တိုက်ပွဲအတွင်း ‌နောက်ဆုတ်ထားသည့် အ‌ခြေအ‌နေသာဖြစ်ပြီး စခန်းကျသွားခြင်းမျိုးမဟုတ်‌သေး‌ကြောင်း KNLA ဘက် က ‌ပြောသည်။

ယ‌နေ့တိုက်ပွဲတွင် မွန်းလွဲတစ်ကြိမ်၊ ည‌နေပိုင်းတစ်ကြိမ် စစ်‌ကောင်စီက ‌လေယာဉ်ဖြင့် သွား‌ရောက်တိုက်ခိုက်ခဲ့သည့်အ ပြင် ‌မြေပြင်ထိုးစစ်အားဖြင့် စစ်‌ကောင်စီက ‌မေတ္တာလင်းမြိုင်‌ကျေးရွာဘက်မှ ၈၀-မမ လက်နက်ကြီးများနှင့် ပစ်ခတ်‌နေ ခြင်းဖြစ်‌ကြောင်း တိုက်ပွဲဖြစ်ရာနယ်‌မြေတွင် ရှိ‌နေသည့်သတင်းအရင်းအမြစ်အရ သိရသည်။