Home သတင်း ‌လေး‌ကေ‌ကော်‌ဒေသကို စစ်‌ကောင်စီတပ်မှ‌လေယာဉ်ဖြင့် ထပ်မံပစ်ခတ်၊ အရပ်သားပြည်သူများထိခိုက်မှုရှိ

‌လေး‌ကေ‌ကော်‌ဒေသကို စစ်‌ကောင်စီတပ်မှ‌လေယာဉ်ဖြင့် ထပ်မံပစ်ခတ်၊ အရပ်သားပြည်သူများထိခိုက်မှုရှိ

1259

ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ယ‌နေ့ နံနက်အ‌စောပိုင်းကတည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် မြဝတီမြို့ ‌တောင်ဘက်ခြမ်း ‌လေး‌ကေ‌ကော်‌ဒေသ အနီးဝန်းကျင်ကို စစ်‌ကောင်စီတပ်မှ မွန်းလွဲ ၁ နာရီခွဲခန့်က ‌လေယာဉ်ဖြင့် ထပ်မံပစ်ခတ်မှူများ ပြုလုပ်ရာ အရပ် သားပြည် သူများ ထိခိုက်ဒဏ်ရာရမှုများရှိ‌ကြောင်း ‌မြေပြင်သတင်းရ သိရသည်။

တိုက်ပွဲပြင်းထန်‌နေ‌သော ‌လေး‌ကေ‌ကော်‌ဒေသတွင် ‌လေ‌ကြောင်းပျံသန်းမှု ကင်းမဲ့ ဇုန်အဖြစ် သတ်မှတ်‌ပေးရန် ကုလသမဂ္ဂအား KNU-ကရင်အမျိုးသား အစည်းအရုံးက ဒီဇင်ဘာလ ၂ဝရက်‌နေ့က ‌ကြေညာချက်ထုတ် ‌တောင်းဆိုခဲ့ပြီး‌နောက် ‌လေး‌ကေ ‌ကော်‌ဒေသကို စစ်‌ကောင်စီမှ ‌လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကို ၃ ရက်ဆက်တိုက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက် ည ၁ဝနာရီဝန်းကျင် နှင့် ၂၄ ရက်‌နေ့ မွန်းလွဲ ၄ နာရီဝန်းကျင်တို့မှာ စစ်‌ကောင်စီတပ်မှ ‌လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့‌သော်လည်း ထိုနှစ်ကြိမ်လုံးတွင်ထိခိုက်ဒဏ်ရာရသူများ မရှိခဲ့‌ပေ။ သို့‌သော် တတိယ အကြိမ်အဖြစ် ယ‌နေ့ ‌လေယာဉ်ဖြင့် လာ‌ရောက်ပစ်ခတ်မှုမှာ‌တော့ အရပ်သားပြည် သူများ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့‌ကြောင်း ‌မြေပြင်သတင်းအရင်း အမြစ်များအရ သိရသည်။

“ဒီက‌နေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ် အချိန်‌လောက်မှာ လာပစ်တာ။ ပြည်သူ‌တွေ ‌နေတဲ့‌နေရာကို ဦးတည်ပြီး ပစ်တာကိုး၊ ပြည်သူ‌တွေ ထိမှန်တာ‌ပေါ့။ အဲဒီ‌ဒေသက ‌တောက်‌လျှောက်ပဲ ပစ်သွားတာ။ “ဟု ၎င်း‌ဒေသသတင်းရင်းမြစ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့က ဒီဇင်ဘာလ ၂၄ ရက်‌နေ့ မွန်းလွဲပိုင်းတွင် စစ်‌ကောင်စီတပ် ‌လေယာဉ် ကြဲလိုက်သည့်ဗုံး‌နေရာ။ Photo_CJ

အဆိုပါ စစ်‌ကောင်စီတပ်၏ စစ်‌လေယာဉ်ပစ်ခတ်မှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အ‌ခြေအ‌နေကို ‌ကေအိုင်စီ-ကရင်သတင်းဌာနအ‌နေဖြင့် လိုက်လံစုံစမ်း‌နေဆဲဖြစ်သည်။

ယ‌နေ့ နံနက်ကတည်းက စစ်‌ကောင်စီတပ်များဘက်မှ ဖလူးကြီး‌ကျေးရွာ၊ မယ်ဝါးခီး‌ကျေးရွာနှင့် ‌လေး‌ကေ‌ကော် ရပ်ကွက်(၆) အ‌နောက်ဘက်ကို လက်နက်ကြီးများနှင့် ပစ်ခတ်‌နေပြီး အချက်‌ပေါင်း ၅ဝ ထက် မနည်း ပစ်ခတ်ပြီး‌နောက် ယခု မွန်းလွဲ ၁နာရီခွဲခန့်တွင် စစ်‌လေယာဉ်ဖြင့် ထပ်မံပစ်ခတ်တိုက်လာခြင်းဖြစ်သည်။

စစ်‌ကောင်စီတပ်မှ ယ‌နေ့နံနက် ပစ်ခတ်လိုက်‌သော လက်နက်ကြီးကျည်‌ကြောင့် ထီးမယ်ဝါးခီး‌ကျေးရွာသားအချို့ ကျည်ထိမှန်ဒဏ်ရာရရှိသူများရှိသည်ဟု သိရှိရသည်။

ဒီဇင်ဘာ ၁၅ ရက်‌နေ့ကစတင်ခဲ့‌သော KNLA ပူး‌ပေါင်းအဖွဲ့နှင့် စစ်‌ကောင်စီတပ်တို့၏ ‌လေး‌ကေ‌ကော်‌ဒေသတိုက်ပွဲသည် ယ‌နေ့ ဒီဇင်ဘာ ၂၅ ရက်‌နေ့ နံနက်ပိုင်းမှစ၍ ယခု မွန်းလွဲပိုင်းထိ ‌လေး‌ကေ‌ကော်‌ဒေသအနီး မယ်‌ထော်သ‌လေး၊ မင်းလက်ပံ၊ ‌သေ‌ဘော့ဘိုး အစရှိသည့် ‌နေရာများတွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများဖြင့် တိုက်ပွဲဖြစ်ပွား လျက်ရှိ‌နေသည်။