Home သတင်း ‌ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် တိုက်ပွဲဆက်ပွားပြီး စစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ် ၁ဝ ဦးထက်မနည်းကျဆုံး

‌ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် တိုက်ပွဲဆက်ပွားပြီး စစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ် ၁ဝ ဦးထက်မနည်းကျဆုံး

1617

ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကော့ကရိတ် မြဝတီ အာရှလမ်းသစ် လမ်းပိုင်း‌ပေါ်ရှိ KNU-ကရင် အမျိုးသားအစည်းအရုံး ‌မွေးမြူ‌ရေးခြံအနီးသို့ ‌ကော့ကရိတ်ဘက်မှ စစ်‌ကောင်စီ တပ်နှင့် ကရင်နယ်ခြား‌စောင့်တပ်ပူး‌ပေါင်းစစ်‌ကြောင်း များ တက်လာသဖြင့် ယ‌နေ့ ဒီဇင်ဘာလ ၂၆ ရက်‌နေ့ ၊ နံနက် ၆နာရီ‌ကျော်တွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“မနက်‌စော‌စော သူတို့ အာရှလမ်းမ‌ဘေး‌တောလမ်းအတိုင်း စစ်‌ကြောင်း တက်လာတယ်။ KNU ‌မွေးမြူ‌ရေးခြံ နဲ့ BGF ပိုင်တဲ့ ‌တော‌နော်‌ရေတံခွန်စခန်းနားမှာ တိုက်ပွဲစဖြစ်တယ်။ စစ်‌ကောင်စီနဲ့ BGF ‌တွေ ၁၀‌ယောက် ထက်မနည်း အာရှလမ်း‌ပေါ် ‌သေ‌နေပြီ။ KNLA ပစ်တဲ့ RPG ထိမှန်တာရယ် ၊ ‌သေနတ်မှန်တာရယ်‌ကြောင့် စစ်‌ကြောင်း ရပ်သွားတယ်။ “ဟု တိုက်ပွဲအတွင်း ပါဝင်‌နေသူ KNLA တပ်ဖွဲ့ဝင်တစ်ဦးက ‌ပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်‌နေရာသို့ ‌ကော့ကရိတ်အ‌ခြေစိုက် ခမရ ၉၇ တပ်ရင်း ‌နေပူခံ အ‌မြှောက်ကုန်းမှ ၁၂ဝ မမ အ‌မြှောက်များဖြင့် ၁ဝ ကြိမ်ထက်မနည်း ပစ်ကူ‌ပေး‌နေ‌ကြောင်းလည်း ၎င်းတပ်ဖွဲ့ဝင်က ဆက်‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ‌ကော့ကရိတ်၊ မြဝတီဘက်အခြမ်း KNU တပ်မဟာ ၆ နယ်‌မြေအတွင်း တိုက်ပွဲများ ဖြစ်ပွား‌နေသည်မှာ ၁၂ ရက်ခန့်ရှိ လာ‌နေပြီး အဆိုပါ တိုက်ပွဲများ‌ကြောင့် ‌ကော့ကရိတ်နယ်အတွင်း ‌ကော့နွဲ၊ တတန်ကူး၊ အံ‌ကောင် ၊ ကမိုင်ကုန်း စသည့် ‌ကျေးရွာများ မှ ‌နေရပ်စွန့်ခွာ စစ်‌ဘေး‌ရှောင်ရသူ ၂၀၀ဝ ‌ကျော် ရှိ‌နေပြီဟု ‌ဒေသခံသတင်းအရင်းများအရ သိရသည်။

မြဝတီ ‌တောင်ဘက်ခြမ်း ‌လေး‌ကေ‌ကော် ‌ဒေသဘက်တွင်လည်း မယ့်‌ထော်သ‌လေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူး‌လေး၊ အင်ကြင်းမြိုင်၊ ‌လေး‌ကေ‌ကော်၊ ဘဟိက‌လော်၊ ထီးမယ်ဝါးခီး၊ ရ‌သေ့ဂူ၊ ‌သေ့‌ဘောဘိုး ‌ကျေးရွာများ မှ ‌နေရပ်စွန်ခွာ စစ်‌ဘေး‌ရှောင် ‌နေရသူ ထိုင်းဘက်အခြမ်းနှင့် မြန်မာဘက်အခြမ်း ‌သောင်ရင်းမြစ် နယ်စပ် တစ်‌လျှောက် စစ်‌ပြေး‌ရှောင်‌နေရသူ တစ်‌သောင်း‌ကျော်ရှိလာ‌နေပြီဖြစ်‌ကြောင်း စစ်‌ရှောင်ကူညီ‌နေသူများက ‌ပြောသည်။

စစ်‌ကောင်စီဘက်မှ ‌လေ‌ကြောင်းမှ တိုက်‌လေယာဉ်၊ တိုက်ရဟတ်ယာဉ်များ အသုံးပြု ပစ်ခတ်ခြင်းအပါအဝင် ‌မြေပြင်အ‌မြှောက်ကုန်း ၇ ‌နေရာ ခန့်မှ ‌မော်တာစိန်‌ပြောင်းများ ‌ဟောင်ဝှစ်ဇာ အ‌မြှောက်များဖြင့် ‌ကျေးရွာ များဘက်သို့ ပစ်ခတ်‌နေသည့်အတွက် အရပ်သား ထိခိုက်‌သေဆုံးမှုအချို့ နှင့် လက်နက်ကြီး အစမှန်ဒဏ်ရာရသူ ၁ဝ ဦးထက်မနည်းရှိသည်ဟု ‌မြေပြင်သတင်းအရ သိရသည်။

ထို့အပြင် စစ်‌ကောင်စီ၏ ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံ ‌နေအိမ်များ၊ သာသနိက အ‌ဆောက်အအုံ ဘုန်းကြီး‌ကျောင်း၊ သီလရှင်‌ကျောင်းများ၊ ခရစ်ယန်ဘုရား ‌ကျောင်းများအပြင် ထိုင်းနိုင်ငံ ဘက်အခြမ်း မဲ့ကိုကင်း‌ကျေးရွာ၊ မယ်‌သောင် ‌ကျေးရွာ၊ ‌မော်လီချိုင်း‌ကျေးရွာများရှိ ‌နေအိမ်များ ‌တောင်ယာစိုက်ခင်းများထိခိုက်ပျက်စီးခဲ့‌ကြောင်း စစ်‌ဘေး‌ရှောင် ကူညီ‌နေသည့် အရပ်ဖက် အဖွဲ့အစည်းများက ‌ပြောသည်။

ယ‌နေ့ နံနက် ၃ နာရီအချိန်မှစ၍ ‌လေး‌ကေ‌ကော် ‌ဒေသသို့လည်း စစ်‌ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်။