Home Authors Posts by KIC News

KIC News

22363 POSTS 0 COMMENTS

စစ်အင်အားတိုး၍ ကေ့ာကရိတ်နှင့်နဘူးတွင် ဒေသခံများစိုးရိမ်မှုမြင့်တက်

ဖေဖေဝါရီ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်နှင့် နဘူးမြို့နယ်တို့တွင် အာဏာသိမ်းစစ်အုပ်စုမှအင်အားတိုးချထားနေသဖြင့် မြို့နေပြည်သူများအကြား တိုက်ပွဲရန်စိုးရိမ်မှုမြင့်တက်နေကြောင်း ဒေသခံလူထုထံမှသိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက ကော့ကရိတ်နှင့်နဘူးဘက်ခြမ်းတွင် စစ်အင်အားများ ထပ်တိုးရောက်ရှိနေခြင်းဖြစ်ပြီး ယခုရက်ပိုင်းလည်း အဆမတန်များလာခြင်းကြောင့် လုံခြုံရေးစိုးရိမ်၍ရှောင်တိမ်းရန်အသင့်ပြင်ထားရကြောင်း နဘူးဒေသခံအချို့က ဆိုသည်။ " စစ်တပ်ကစစ်အင်အားတွေထပ်ရောက်လာတယ်။‌...

မင်းလက်ပံနှင့်ဖလူးတွင် သုံးရက်အတွင်း အသေခံဒရုန်းအစင်း ရာချီသုံးပြီးတိုက်ခိုက်

ဖေဖော်ဝါရီ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့‌တောင်ပိုင်း၊ မင်းလက်ပံနှင့်ဖလူးကျေးရွာဘက်တွင် ဖေဖော်ဝါရီ (၂)ရက်နေ့မှစတင်၍ ယနေ့အထိ စစ်အုပ်စုကအသေခံဒရုန်း(ကာမီကာဇေ)အစင်းရာနှင့်ချီ လွှတ်တင်တိုက်ခိုက်နေကြောင်း စစ်မျက်နှာပြင်ရှိ ကရင်စစ်ရေးသတင်းအရင်းအမြစ်မှသိရသည်။ မယ်ထော်သလေး၊ အင်းကြင်မြိုင်ဘက်မှ အသေခံဒရုန်းအပြင် ဗုံးသီးချဒရုန်းကြီးများလွှတ်တင်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များရှိနေနိုင်မည်ဟု ယူဆသည့်နေရာများသို့ စစ်အုပ်စုက နေ့ရောညပါတိုက်ခိုက်နေခြင်းဖြစ်သည်ဟု မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ "စစ်တပ်ကင်းထောက်ဒရုန်းက...

စစ်မှန်သော ကော်သူးလေ တည်ဆောက်ရမည်ဖြစ်ကြောင်း ပဒိုစောသမိန်ထွန်းပြော

ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ လူထုထောက်ခံမှုဖြင့် ပကတိစစ်မှန်သည့်ကော်သူးလေကို တည်ဆောက်ရမည်ဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တည်ထောင်မှု (၇၉) နှစ်မြောက်သည့် ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ကေအဲန်ယူ၏ ဝါရင့်တော်လှန်ရေးပုဂ္ဂိုလ် ပဒိုစောသမိန်ထွန်းက ပြောသည်။ ကေအဲန်ယူ-ဗဟို၌ ကျင်းပသည့် ကေအဲန်ယူနေ့ အခမ်းအနား၌ ပဒိုစောသမိန်ထွန်းက အမှာစကားပြောကြားရာတွင် ထိုသို့...

ကေအဲန်ယူနေ့တွင် တပ်မဟာ(၇)နယ်မြေကို စစ်အုပ်စုက အသေခံ ဒရုန်းဖြင့်ပစ်ခတ်

ဖေဖော်ဝါရီ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ယနေ့ (ဖေဖော်ဝါရီ ၅ ရက်နေ့)မှာ ကျရောက်သည့် (၇၉)နှစ်မြောက် အစည်းအရုံး နှစ်ပတ်လည်နေ့တွင် ၎င်းတို့ ထိန်းချုပ်ရာ တပ်မဟာ(၇)နယ်မြေမှာ စစ်အုပ်စုက ကာမီကာဇေ (အသေခံဒရုန်း)၂စင်းဖြင့် ဒီကနေ့မနက်မှာ ပစ်ခတ်ခဲ့သည်။ ဒီကနေ့ နံနက်...

တစ်လအတွင်း ကရင်နီတွင် လူ့အခွင့်အရေးချိုးဖောက်မှု(၁၅)ကြိမ်ဖြစ်ပွားပြီး အရပ်သား(၄)ဦးသေဆုံး

ဖေဖော်ဝါရီ (၄)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်နီပြည်နယ်ရှိ မြို့နေရာ(၆)ခုတွင် ပြီးခဲ့သည့်ဇန်နဝါရီတစ်လအတွင်း စစ်အုပ်စုကလူ့အခွင့်အရေးချိုးဖောက်မှု(၁၅)ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သား အမျိုးသား(၄)ဦးသေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)က ယနေ့ထုတ်ပြန်သည်။ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဖယ်ခုံနှင့်ဆီဆိုင်မြို့တို့တွင် စစ်အုပ်စုက လေကြောင်းနှင့်ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးပစ်ခတ်မှု၊ နေအိမ်မီးရှို့ဖျက်ဆီးမှု စသည်တို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးနှင့်ဒရုန်းတိုက်ခိုက်ခံရမှုက အများဆုံးဖြစ်သည်။ ထိုအထဲမှ...

ခလရ(၂၇၅)မှ ခဲယမ်း၊ လက်နက်ကြီးယာဥ်များ ဖလူး-ဝေါလေလမ်းပိုင်းပေါ်တက်လာ

ဖေဖော်ဝါရီ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ(၂၇၅)မှ ခဲယမ်းနှင့်လက်နက်ကြီးတင်ဆောင်လာသောမော်တော်ယာဥ်များအပါအဝင် ယာဥ်အစီး(၃၀)ထက်မနည်း ဖလူး-ဝေါလေ လမ်းပိုင်းဘက်ကို ယနေ့(ဖေဖော်ဝါရီ ၄ရက်) မနက်ပိုင်းက တက်လာကြောင်း မဟာမိတ်တော်လှန်ရေးတပ်များက ပြောသည်။ ကရင်နယ်ခြားစောင့်တပ်-BGF နေရာ မေတ္တာလင်းမြိုင်ရွာဘက်မှ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊...

အာဏာအပြည့်အဝဆုပ်ကိုင်နိုင်ရေး စစ်ခေါင်းဆောင်က အတိုင်ပင်ခံကောင်စီဥပဒေ ပြဌာန်းခြင်းဖြစ်ဟု နိုင်ငံရေးအကဲခတ်များ သုံးသပ်

ဖေဖော်ဝါရီ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အာဏာနှင့်နိုင်ငံရေးအာဏာကို အပြည့်အဝဆက်လက်ချုပ်ကိုင်ထားနိုင်ရေး အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကိုပြဌာန်းပြီး ကောင်စီစုဖွဲ့ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု နိုင်ငံရေးနှင့်ဥပဒေရှုထောင့်အရ အကဲခတ်လေ့လာသူများက သုံးသပ်ပြောဆိုသည်။ နိုင်ငံ၏တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ဥပဒေပြဌာန်းရေး၊ လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကိစ္စများ၌လုပ်ပိုင်ခွင့်ပေးထားသော ပြည်ထောင်စုအတိုင်ပင်ခံကောင်စီစုဖွဲ့နိုင်သည့် ဥပဒေကို အာဏာသိမ်းခေါင်းဆောင် ယာယီသမ္မတမင်းအောင်လှိုင်က ယမန်နေ့(ဖေဖော်ဝါရီ ၃ ရက်)ဖြင့် ပြဌာန်းလိုက်ခြင်းဖြစ်သည်။ ယာယီသမ္မတနှင့်ကာကွယ်ရေးဦးစီးချုပ်နေရာ...

လုံခြုံရေးအရ ဖလူးနှင့်မင်းလက်ပံက ဒေသခံများအား KNLA က ဘေးကင်းရာရွှေ့ပြောင်းခိုင်း

ဖေဖော်ဝါရီ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အပါအဝင် မြဝတီဒေသသို့ စစ်အုပ်စုအင်အားအများအပြား ဖြည့်တင်းနေခြင်းကြောင့် မြဝတီတောင်ပိုင်း၊ ဖလူးနှင့်မင်းလက်ပံတစ်ဝိုက်ရှိဒေသခံများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က လုံခြုံရေးအရ ဘေးကင်းရာအရပ်သို့ ယနေ့ နေ့လည်နောက်ဆုံးထားပြောင်းရွှေ့ခိုင်းသည်ဟု နယ်စပ်သတင်းအရင်းအမြစ်မှသိရသည်။ KNLA ပူးပေါင်းတပ်က ယမန်နေ့(ဖေဖော်ဝါရီ ၃ရက်)နေ့မှစ၍ သုံးရက်အတွင်း ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်ကြရန်...

မြန်မာအင်တာနက်ပရောဂျက်-MIP မှ ဒစ်ဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ် နှင့် ဆက်သွယ်မေးမြန်းခြင်း

“ဒီဂျစ်တယ်လွတ်လပ်ခွင့်မရှိတာ ဒီမိုကရေစီရဲ့အခြေခံအကျဆုံးကို ချိုးဖောက်ဖျက်ဆီးလိုက်တာ။ အခြေခံမခိုင်တဲ့အဆောက်အဦးတစ်ခုက အမြင့်ကိုဆက်ဆောက်လို့မရသလိုမျိုးပဲ။” ကိုသစ်ဉာဏ် (MIP) မြန်မာအင်တာနက်ပရောဂျက်-MIP မှ ဒစ်ဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ် နှင့် ဆက်သွယ်မေးမြန်းခြင်း ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ လူ့အခွင့်အရေးစောင့်ကြည့်နေသည့်အဖွဲ့များ၏လေ့လာချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်းများကို...

KNU/PDF တစ်ဦးကို ထိုင်းနိုင်ငံတွင် လက်နက်နှင့်တကွ ဖမ်းဆီးရမိကြောင်း သတင်းအမှားဖြန့်

KNU/PDF တစ်ဦးကို ထိုင်းနိုင်ငံတွင် လက်နက်နှင့်တကွ ဖမ်းဆီးရမိကြောင်း သတင်းအမှားဖြန့် ဖေဖော်ဝါရီ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ KIC/ The Red Flag/ MFCN KNU/PDF တပ်ဖွဲ့ဝင်တစ်ဦးကို ထိုင်းနိုင်ငံမှာ လက်နက်များနှင့်အတူတကွ ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များနှင့်တရားခံဖြစ်သူအမျိုးသားတစ်ဦးအပါအဝင် လက်နက်ပြထားသည့် ဓာတ်ပုံ(၂)ပုံဖြင့် ဇန်နဝါရီ(၃၁)ရက်နေ့က လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ဖြန့်ဝေလာသည်။ ဓာတ်ပုံ၏မူလအရင်းအမြစ်နှင့်ပတ်သက်၍...
Donate