KIC News
MOU အစီအစဉ် မသမာမှုရှိနေသဖြင့် အလုပ်သမားစာရွက်စာတမ်းအထောက်အထားရရန် စောင့်ဆိုင်းနေရသူ လူရာချီရှိနေ
ဇွန်လ ၁၀ ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မြ၀တီဘက်အခြမ်း MOU အလုပ်သမားပို့ဆောင်ရေး အစီအစဉ်များတွင် အလုပ်သမား အေဂျင်စီဘက်နှင့် အလုပ်သမားဌာန၏ ရုံးလုပ်ငန်းစဉ်များတွင် မသမာမှုများရှိနေသဖြင့် ဗီဇာပတ်စ်ပို့နှင့် အလုပ် သမားအထောက်အထား စာရွက်စာတမ်းများရရှိရန် စောင့်နေရသူ လူရာချီရှိနေသည်ဟု သိရှိရသည်။...
လေးကေကော်ဒေသ စစ်ရှောင်စခန်းအတွင်း ပိတ်မိနေသည့် ပြည်မမှ ရွှေ့ပြောင်းလုပ်သားအချို့နေရပ်ပြန်
ဇွန်လ ၁၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက် လေးကေ့ကော် မြို့ အနီး စစ်ရှောင်စခန်းများတွင် နေရပ်မပြန်နိုင်သေးဘဲ ပိတ်မိနေသည့် မြန်မာပြည်မခြမ်းမှ ရွှေ့ပြောင်းအလုပ်သမားအချို့သည် ယခုရက်ပိုင်း အတွင်းနေရပ်သို့ ပြန်နေကြကြောင်း စစ်ဘေးရှောင်း အသိုင်းအဝိုင်းများထံမှ သိရသည်။
မြန်မာနိုင်ငံပြည်မဘက်ခြမ်း ပဲခူး၊ ရန်ကုန်၊ မန္တလေး နှင့်...
ပုလောမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်း ထိုးလာ၍ ဒေသခံ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
ဇွန်လ ၁၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ မြိတ်(ဘိတ်)ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ပုလောကုန်း၊နတ်အိမ်တောင်နှင့် ရှမ်းဒွတ် ကျေးရွာ ဘက်သို့ ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း ထိုးတက်လာ၍ ဒေသခံအရပ်သားပြည်သူများ ဘေး လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ထွက်ပြေးတိမ်းရှောင်သူများကို ကူညီပေးနေသူ ဒေသခံ အမျိုးသမီးတစ်ဦးထံမှ...
စစ်အုပ်စုက မျက်လှည့်ပြနေတဲ့ “ဖက်ဒရယ်အတု သတိပြုပါ”
စစ်အုပ်စုက မျက်လှည့်ပြနေတဲ့ “ဖက်ဒရယ်အတု သတိပြုပါ”
မောင်ကျော်စွာ
(၂၀၂၂ခုနှစ်၊ ဇွန်လ ၁၀ရက်)
ဇွန်လ ၈ရက်နေ့အထိဆိုလျှင် အကြမ်းဖက် (စကစ) စစ်အုပ်စုနဲ့သွားရောက်ဆွေးနွေးကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၅ဖွဲ့ ရှိလာပြီဖြစ်ပါတယ်။ သူတို့ ဘာတွေဆွေးနွေးကြသလဲ - ဘာတွေညှိနှိုင်းကြသလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ နှစ်ဖက်စလုံးက တိတိကျကျ မထုတ်ပြန်သဖြင့်...
ဖားအံအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ ညှင်းပမ်းနှိပ်စက်ခံရပြီး ဆေးကုသခွင့်မရ
ဇွန်လ ၉ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံ အကျဉ်းထောင်အတွင်း ထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများကို အခန်းတံခါးပိတ် ကာ ညှင်းပမ်းနှိပ်စက်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာမှု များစွာရှိသလို ထိုရက်အတွင်း ထောင်ဝင်စာပိတ်ထားပြီး ဆေးကု သခွင့်မရကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက "သိရသလောက်က နိုင်ကျဉ်းအားလုံးကို အခန်းထဲပိတ်ပြီး လေးခွနဲ့...
စစ်ရှောင်များအတွက် ရိက္ခာသယ်ယူပို့ဆောင်ရေးတွင် သွားလာရေးအခက်အခဲများနှင့်ကြုံတွေ့နေရ
ဇွန်လ ၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) နယ်မြေ၊ လေးကေကော် အနီးပတ်ဝန်း ကျင်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာသယ်ဆောင်ရာတွင် သွားရေးလာရေး အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးသူများထံမှ သိရသည်။
စစ်ဘေးရှောင်နေရသည်မှာ ၆ လကျော်ကြာမြင့်လာပြီးဖြစ်သော သောင်ရင်းမြစ်ကမ်းဘေးတစ်လျှောက်ရှိ စစ်ဘေးရှောင်များအတွက်...















