Home သတင်း ပိတ်မိနေသည့် စစ်ရှောင်ပြည်သူအချို့ နှစ်ရက်ကြာအထိ အစာရေစာ မရကြသေး

ပိတ်မိနေသည့် စစ်ရှောင်ပြည်သူအချို့ နှစ်ရက်ကြာအထိ အစာရေစာ မရကြသေး

602

ဇန်နဝါရီလ ၃ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) တောင်စွန်းကျေးရွာ ဘုန်း ကြီးကျောင်း ပုရဝုဏ်တွင် စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၁၆ တို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့မှစ၍ ယနေ့ဇန်နဝါရီ ၃ ရက်အထိဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ပိတ်မိနေသော ဌာနေစစ်ရှောင်အချို့ ယနေ့အထိ အစာရေစာ မရကြသေးဟု ဒေသခံများထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့် ၄ ရက်အတွင်း စစ်ကောင်စီဘက်မှ စစ်သုံး လေယာဉ် များဖြင့် အကြိမ် ၂ဝ ကျော် နေ့စဉ်လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် တောင်စွန်းရွာ လူနေအိမ် အများအပြားနှင့် ဘာသာရေးအဆောက် အဦးအချို့ မီးလောင်ပြာကျခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ထို့အတူ ကျေးရွာအသီးသီးမှ စစ်ရှောင်လူထုဦးရေ ၃,ဝဝဝ နီးပါးမှာလည်း အစာရေစာများ အခက်အခဲရှိလာနေပြီး ပိတ်မိနေသည့်စစ်ရှောင်အချို့မှာ ၂ ရက်ကြာလာသည့်အထိ အစာရေဆာ မရကြသေးဟု စစ်ရှောင် ဒေသခံများက ပြောသည်။

“တောတောင်တွေမှာနဲ့ ရွာမှာပိတ်မိနေသူတွေရှိတယ်။ ရက်ကြာလာတော့ သူတို့မှာစား စရာလည်း မရှိတော့ဘူး။ ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေလည်း အဝတ် အထည်တွေ သိပ်မပါကြဘူးလေ။ ဆောင်းတွင်းလည်း ဖြစ်နေတောလေး တောတောင် တွေမှာဆို အရမ်းအေးကြတယ်။ ဖျားနာလာတာတွေလည်း ရှိတယ်။ ဆေးဝါး လည်းလို အပ်နေတယ်။ တစ်ချို့ထမင်းမစားရတာ ၂ ရက်ရှိနေပြီး။ အကူညီလိုအပ်နေတယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

စစ်ရှောင်ပြည်သူများတွင် မွေးကင်စကလေးငယ်များနှင့် သက်ကြီးရွယ်အို အများ အပြားရှိနေပြီး ၎င်းတို့စစ်ရှောင်နေကြသည့် နေရာများအထိ စစ်ကောင်စီမှ ဗုံးကြဲ တိုက်ခိုက်မှုရှိသည့်အတွက် အစားအစာများ ကူညီပေးဆောင်ရန် အခက်အခဲရှိနေသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

တောင်စွန်းကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီမှ ရဟတ် ယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်နေဆဲဖြစ်ပြီး ကျေးရွာလူနေအိမ်အချို့ မီးလောင်နေလျက်ရှိသည်ဟု စစ်ရှောင်ဒေသခံများက ပြောသည်။

၎င်းအပြင် အနန်းကွင်း၊ လွတ်ရှမ်း၊ တံခွန်တိုင်ရွာတွင် စခန်းချနေထိုင်သည့် စစ်ကောင်စီ တပ်မှ နေ့စဉ် လက်နက်ကြီးများ ခြိမ်းခြောက်ပစ်ခတ်နေသလို မွန်ပြည်နယ် အဘစ်ရွာရှိ စစ်ကောင်စီအမြှောက်တပ်မှလည်း လက်နက်ကြီးလှမ်းပစ်ခတ် ခြိမ်းခြောက်နေလျက်ရှိသည့်အတွက် ဝင်းရော်ဒေသတစ်ခုလုံး စစ်ရေးပိုမိုဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေလျက်ရှိသည်ဟု သိရသည်။