KIC News
၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) တောင်စွန်းကျေးရွာတွင် ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အရပ်သား ၃,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
အဆိုပါ တောင်စွန်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီက စစ်သုံးလေယာဥ်အကြိမ် ၂၀ နီးပါ လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက်...
တောင်စွန်းရွာအတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်နေ
ဇန်နဝါရီ ၁ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် တောင်စွန်းကျေးရွာတွင် ယမန်နေ့ နံနက် ၄ နာရီကျော်အချိန်မှစ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီက ကျေးရွာအတွင်းသို့ စစ်သုံးလေယာဉ် များဖြင့် ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်...
တော်လှန်ရေးရန်ပုံငွေအတွက် မင်းအောင်လှိုင်မျက်နှာပုံစံဖြင့် ခြေသုတ်ခုံ ထုတ်လုပ်ရောင်းချ
ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တော်လှန်ရေးအတွက် ရန်ပုံငွေရရှိရန်ရည်ရွယ်ပြီး Five S.E.T အဖွဲ့က အာဏာသိမ်းစစ်ခေါင်းဆောင် မင်း အောင်လှိုင်မျက်နှာပုံစံဖြင့် ခြေသုတ်ခုံများအား ဒီဇင်ဘာလ(၂၅)ရက်နေ့မှစ၍ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ၎င်းအဖွဲ့၏ ပြောစကားအရ သိရသည်။
အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက “ ဒီထုတ်ကုန်က ကျနော်တို့ကိုယ်တိုင် တော်လှန်ရေးအတွက်...
ဖားအံမြို့ပေါ်ရပ်ကွက်အချို့တွင် ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ရွေးကောက်ပွဲ မဲစာရင်း ကောက်ယူ
ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီကျင်းပမည့် ၂၀၂၃ ခုနှစ် PR (အချိုးကျ)စနစ်ဖြင့် ပါတီစုံ ရွေးကောက်ပွဲအတွက် လူနေရပ်ကွက်များအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲနှင့် အုပ်ချုပ် ရေး အဖွဲ့များက ဧည့်စာရင်းစစ်သည့် အစီအစဉ်ဖြင့် မဲစာရင်းကောက်ခံမှုကို...
အုပ်ချုပ်ရေးယန္တရားကို ဝင်ရောက်စွက်ဖက်မှုမလုပ်ရန် ကော်သူးလေတပ်မတော်အား KNU တပ်မဟာ ၄ ပြောဆို
ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေ ဘိတ်-ထားဝယ်ခရိုင်၏ အုပ်ချုပ်ရေးယန္တရားများကို နှောင့်ယှက်ဝင်ရောက်စွက်ဖက်မှုလုပ်ရပ်များမပြုလုပ်ရန် Kaw Thoo Lie Army ၏ ဆာကဆော တပ်မဟာထံ ကေအဲန်ယူ တပ်မဟာ(၄)ဗျူဟာမှူးက အသိပေးစာတစ်စောင်ပေးပို့ခဲ့သည်။
ကရင်ဘာသာဖြင့် ရေးသားထားပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ရက်နေ့ရက်စွဲဖြင့်...














