KIC News
ကုန်တင်တွဲကားကြီးများ သွားလာမရသောကြောင့် ကုန်ပစ္စည်းပို့ဆောင်ရာ၌ ကြန့်ကြာမှုများရှိလာ
ဇန်နဝါရီလ ၃ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီ−ကော့ကရိတ် အာရှလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားရသောကြောင့် လမ်းကြောင်းပြောင်းလဲ အသုံးပြုရသည့် မြဝတီ−ထို့ကော်ကိုး ကျုံဒိုးလမ်းပိုင်းမှ ကုန်ကားကြီးများ သွားလာ၍မရသည့်အတွက် ကုန်ပစ္စည်းပို့ဆောင်ရာ၌ ကြန့်ကြာမှုများရှိနေကြောင်း ကုန်ပစ္စည်းပို့ ဆောင်သူတစ်ဦးက ပြောသည်။
မြဝတီ−ကော့ကရိတ် အာရှလမ်းအနီးတစ်ဝိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့များနှင့်...
နိုင်ငံရေးကိစ္စကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းရန် တော်လှန်ရေးအင်အားစုများအား ပဒိုရွှေမောင်း မေတ္တာရပ်ခံ
ဇန်နဝါရီ ၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
နိုင်ငံရေးကိစ္စကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုကြရန် KNU -ကရင်အမျိုးသားအစည်း အရုံးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG တို့ကို လိပ်မူ၍ ယခင် KNU ဒူးပလာယာခရိုင် ဥက္ကဌ ဟောင်းဖြစ်သူ ပဒိုစောရွှေမောင်းက ဇန်နဝါရီလ ၂ရက်နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံစာပေးပို့သည့် စာတစ်စောင်...
စစ်ကောင်စီတပ် လက်နက်ကြီး အလှူအိမ်ပေါ်သို့ ကျရောက်၍ ထိခိုက်ဒဏ်ရာရရှိသူ အချို့ရှိ
ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးကျေးနယ် ကော့ဝါလဲကျေးရွာအတွင်းသို့ ယနေ့ ဇန်နဝါရီလ ၃ရက်နေ့ နံနက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်သည့်အတွက် အလှူပြုလုပ်နေသည့် နေအိမ် တစ်လုံးပေါ် ကျရောက်သဖြင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာ ရရှိမှုရှိကြောင်း သိရှိရသည်။
ကျုံဒိုးမြို့နယ်ခွဲ အခြေစိုက်...
ပိတ်မိနေသည့် စစ်ရှောင်ပြည်သူအချို့ နှစ်ရက်ကြာအထိ အစာရေစာ မရကြသေး
ဇန်နဝါရီလ ၃ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) တောင်စွန်းကျေးရွာ ဘုန်း ကြီးကျောင်း ပုရဝုဏ်တွင် စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၁၆ တို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့မှစ၍...
နယ်မြေအတွင်းရှိ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ထွက်ခွာပေးရန် နောက်ဆုံးသတိပေးချက် KNU တပ်မဟာ(၅) ထုတ်ပြန်
ဇန်နဝါရီလ ၂ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ရာထူးနှင့် တာဝန်များမှ အမြန်ဆုံးနုတ်ထွက်ပေးရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ(၅) ဌာနချုပ် စစ်ရေးချုပ်ရုံးက ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့တွင် နောက်ဆုံးသတိပေးစာ...
ကရင်နီ(ကယား)ပြည်နယ် အနောက်ဖက်ခြမ်းရှိ စစ်ရှောင်ပြည်သူများ ဆေးဝါး အရေးပေါ်လိုအပ်နေ
ဇန်နဝါရီ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား) ပြည်နယ် အနောက်ဖက်ခြမ်းရှိတောများတွင် စစ်ဘေးရှောင်နေကြသော အရပ်သားပြည်သူများသည် ရာသီအကူးအပြောင်းနှင့် သောက်သုံးရေရှားပါးမှုကြောင့် အဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ အဖြစ်များလာပြီး ဆေးဝါး အရေးပေါ်လိုအပ်လျက်ရှိသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။
စစ်ရှောင်ကူညီသူတစ်ဦးက “ဒီမှာအရမ်းအေးပြီး ရေလည်းရှားတော့ ကလေး၊ လူကြီးကအစ ဖျားကြတယ်။...
ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံးဟု ရေးဘီလူးတပ်ဖွဲ့ပြော
ဇန်နဝါရီ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယနေ့ဇန်နဝါရီလ ၂ ရက်နေ့နံနက်က ဖြစ်ပွားသည့် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည့် ရေးဘီလူးအဖွဲ့နှင့် စစ်ကောင်စီတပ်များ ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်းက ပြောသည်၊၊
ရေးမြို့နယ်၊ ကျုံလောင်း ရွာဟောင်းရှိ...
တော်လှန်ရေးတွင် ဆက်လက်ပူးပေါင်းပါဝင်ကြရန် NUG နှင့် NUCC တိုက်တွန်း
ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
တိုင်းပြည်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် လက်ရှိဆင်နွှဲနေသော တော်လှန်ရေးတွင် လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံမှ မြန်မာပြည်သူများအနေဖြင့် အစွမ်းကုန် ဆက်လက် ပူးပေါင်းပါဝင်ဆင်နွဲကြရန် ၂၀၂၃ ခုနှစ် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ(NUCC)တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
ဇန်နဝါရီလ...














