KIC News
ဖလူး-ဝေါလေလမ်းမပေါ် တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီ ဗိုလ်မှူး(၁)ဦးအပါအဝင် (၂)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရ
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီတောင်ဘက် ဖလူး-ဝေါလေ လမ်းမပေါ်၌ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA မှ ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၁ ဦးနှင့်...
ကရင်တစ်မျိုးသားလုံး၏ မျက်နှာကိုထောက်ရှု၍ အချင်းချင်းတိုက်ခိုက်မှုများကို အမြန်ဆုံးအဆုံးသတ်ရန် IKO မေတ္တာရပ်ခံ
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်တစ်မျိုးသားလုံး၏ မျက်နှာကိုထောက်ရှုသည့်အနေဖြင့် လက်ရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ ၄ နယ်မြေတွင် ဖြစ်ပေါ်နေသည့် ကရင်လက်နက်ကိုင်အချင်းချင်းကြား တိုက်ခိုက်မှုကို အမြန်ဆုံး အဆုံးသတ်ပေးရန် နိုင်ငံတကာ ကရင်အဖွဲ့အစည်း- IKO က ယနေ့ ဖေဖော်ဝါရီလ...
ဝင်ရောက်စီးနင်းခံရသည့် KNLA တပ်ရင်းဌာနချုပ်ကို ပြန်တက်ယူနိုင်ပြီဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ပြော
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီတပ်၏ ဝင်ရောက် စီးနင်းမှုခံခဲ့ရသည့် မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း (၁၀၃)ဌာနချုပ်ကို ယနေ့ နေ့လည်ပိုင်းတွင် ပြန်လည်တက်ယူနိုင်ခဲ့ပြီးဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။
KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA...














