KIC News
မင်းလက်ပံ ငွေလိမ်ခြံဝင်းကို ချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်း KNU ကြေညာ
ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်လုပ်သားများ ကင်းစင်သွားပြီဖြစ်သည့် မင်းလက်ပံရှိ Shunda Park ငွေလိမ်ခြံဝန်းကို ကော်သူးလေတရားရေးစနစ်နှင့်အညီ ချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်း ကေအဲန်ယူ၏ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေး ဗဟိုအဖွဲ့က ယနေ့ ဒီဇင်ဘာ (၁၇) ရက်နေ့ဖြင့် ထုတ်ပြန်ကြေညာသည်။
ထိုခြံဝင်း၌ ဒုစရိုက်မှုများထပ်မံမပြုလုပ်နိုင်ရေး၊ အများပြည်သူအကျိုးစီီးပွားအဖြစ်...
ထားဝယ်တွင် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့ ရေလမ်းက ပို့ဆောင်နေ
ဒီဇင်ဘာ ၁၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့ ရေလမ်းအသုံးပြု ပို့ဆောင်နေသည်ဟု အခြေအနေကို ကြုံတွေ့ဖူးသူ မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိပွင့်လင်းရာသီချိန် ထားဝယ်၌ ပွဲလမ်းသဘင်များပြုလုပ်နေပြီး တဘက်တွင် စစ်တပ်က ပွဲမှအပြန်လူငယ် တစ်ချို့ကို...
မုန်းတွင် အတင်းအကြပ် စစ်သားစုဆောင်းခံရသူ တပ်သား ၅ ဦး ကေအဲန်ယူထံ ဘက်ပြောင်းခိုလှုံ
ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ မူး(မုန်း) မြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း(၈) ထံသို့ အတင်းအကြပ် စစ်သားစုဆောင်းခံရသူ စစ်အုပ်စု တပ်ဖွဲ့ဝင် (၅) ဦး ဘက်ပြောင်းခိုလှုံလာသည်ဟု သိရသည်။
အဆိုပါ စစ်အုပ်စု တပ်ဖွဲ့ဝင်(၅)ဦးသည် တပ်မဟာ (၃)...
တပ်မဟာ (၂) ကေအဲန်ယူရှိ သောသီတောအူးဥယျာဥ်အတွင်း ဖက်ဒရယ်စနစ်အုပ်ချုပ်ရေး စတင်
ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)၊ တောင်ငူခရိုင်ရှိ သောသီတောအူး ဌာနေလူမျိုး စုများဥယျာဥ်အတွင်း တာဝန်ယူ၊ တာဝန်ခံမှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ် ရေးစနစ်ကို စတင် တည်ဆောက်လိုက်ပြီဖြစ်ကြောင်း ဥယျာဥ်၏တရားဝင်စာမျက်နှာမှ ယနေ့(ဒီဇင်ဘာ ၁၆ရက်) တွင် ကြေညာသည်။
တောင်ငူခရိုင်ရှိ ကျေးရွာပေါင်း (၃၁၉)...
၃၄ ကြိမ်မြောက် တောင်ကလေး ကရင်နှစ်သစ်ကူးပွဲတွင် ကရင်မောင်နှမ ရုပ်ပုံလွှာ ဖန်တီးပြသ
ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့အနီး တောင်ကလေး (ဖလုံပညာ့တဝေါင့်) ကျေးရွာတွင် ကျင်းပမည့် (၃၄) ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်တွင် အမြင့် (၄၇) ပေရှိ တိုင်းရင်းသား ကရင်မောင်နှမ ရုပ်ပုံလွှာကို ဖန်တီးပြသထားသည်ဟု သိရသည်။
ယခုနှစ် ဒီဇင်ဘာလ...
အပျက်အစီးပုံကြားရှိ KK Park ငွေလိမ်ခြံဝန်းကို ထပ်မံလာကြည့်မည်ဟု တရုတ် ကိုယ်စားလှယ်ပြော
ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာ လက်ထောက်ဝန်ကြီး လျိုကျုံးရိက စစ်အုပ်စု ဖောက်ခွဲပြမှုကြောင့် အပျက်အစီးပုံအတွင်း ရောက်နေသည့် KK Park ကျားဖြန့်လုပ်ငန်းနေရာ အလုံးစုံ ဖျက်ဆီးပြီးစီးပါက ထပ်မံလာရောက် ကြည့်ရှုဦးမည်ဟု ယနေ့ (ဒီဇင်ဘာ ၁၅ ရက်နေ့)...
ဘီးလင်းတွင် စစ်အုပ်စုတပ်က ရွာသား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်
ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော စစ်အုပ်စုတပ်မှ ရွာခံ အမျိုးသား (၅) ဦးအား အကြောင်းပြချက်မရှိ ၎င်းတို့ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဘီးလင်းမြို့နယ်သတင်းအရင်းအမြစ်မှ သိရသည်။
ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ အလူးကျေးရွာအုပ်စုနှင့် ဖိုးဝသိမ်၊...
စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဘူးသိုမြို့နယ်တွင် လေးနှစ်အရွယ် ကလေး ၁ ဦး သေဆုံး၊ ၁၂ ဦးဒဏ်ရာရ
ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့ စစ်အုပ်စုတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လေးနှစ်အရွယ် ကလေး ၁ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ခရိုင်တာဝန်ရှိသူထံမှ သိရသည်။
ပြီးခဲ့သည့်...
TNUPC မှ တစ်ခုတည်းသောထားဝယ်တပ် တည်ဆောက်မည်ဟု ဆို
ဒီဇင်ဘာ (၁၃) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထားဝယ် အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီ-TNUPC ၏ နိုင်ငံရေးဦးဆောင်မှုနှင့်အခြေခံမှုများကို သဘောတူလက်ခံသည့် ထားဝယ်တော်လှန်ရေးတပ်များကို စုစည်းပြီး တစ်ခုတည်းသောထားဝယ်တပ် တည်ဆောက်သွားမည်ဟု ကော်မတီ၏တရားဝင်လူမှုကွန်ရက်တွင် ဒီဇင်ဘာ(၁၂)ရက်နေ့က ကြေညာသည်။
ထားဝယ်တစ်မျိုးသားကို ကိုယ်စားပြုစုဖွဲ့ထားသည့် TNUPC မှ ထားဝယ်တော်လှန်ရေးအင်အားစုများ ပိုမိုစည်းလုံးညီညွှတ်ဖို့အတွက် ရည်ရွယ်ပြီး...
အရပ်သားပြည်သူများကို အကာအကွယ်ပေးဖို့ နိုင်ငံတကာသို့ KNU တောင်းဆို
ဒီဇင်ဘာ (၁၄) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုက အရပ်သားပြည်သူအပေါ်ပစ်မှတ်ထား ရာဇဝတ်မှုကျူးလွန်နေခြင်းမှ ထိရောက်သောအကာအကွယ်များ အရေးပေါ်လုပ်ဆောင်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ယမန်နေ့(ဒီဇင်ဘာ ၁၃)ရက်ဖြင့် ထုတ်ပြန်တောင်းဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ (၁၀)ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို စစ်အုပ်စုက ပေါင်(၅၀၀)ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံတွင်ရှိနေသည့် အရပ်သားပြည်သူ (၃၀)ကျော်သေဆုံးပြီး...














