Home သတင်း ၂၃ ကြိမ်မြောက် ကရင်အမျိုးသမီးလူငယ်ခေါင်းဆောင်မှုသင်တန်း (KYWLS) သင်တန်းဆင်းပွဲပြီးစီး၊ သင်တန်းသူ ၂၉ ဦး အောင်မြင်ခဲ့

၂၃ ကြိမ်မြောက် ကရင်အမျိုးသမီးလူငယ်ခေါင်းဆောင်မှုသင်တန်း (KYWLS) သင်တန်းဆင်းပွဲပြီးစီး၊ သင်တန်းသူ ၂၉ ဦး အောင်မြင်ခဲ့

558
Photo: KWO

မေလ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ဦးစီးဖွင့်လှစ်သည့် (၂၃) ကြိမ်မြောက် ကရင်အမျိုး သမီးလူငယ် ခေါင်းဆောင်မှုသင်တန်းကျောင်း (Karen Young Women Leadership School – KYWLS) သင်တန်း ဆင်းပွဲကို ဧပြီလ ၂၉ ရက်နေ့တွင် မူတြော်(ဖာပွန်)ခရိုင်၌ ကျင်းပခဲ့ရာ အမျိုးသမီးလူငယ် ၂၉ ဦး သင်တန်းဆင်းအောင်မြင်ခဲ့သည်ဟု သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဗဟိုဥက္ကဋ္ဌ နော်ကညောဖော အပါအဝင် ကျောင်းတာဝန်ရှိသူများ၊ ဒေသခံတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

KWO မှ ဖွင့်လှစ်သည့် KYWLS သင်တန်းကျောင်းသည် ကရင်အမျိုးသမီးလူငယ်များ၏ အရည်အသွေး မြှင့်တင်ရန်နှင့် အနာဂတ်အမျိုးသမီးခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ် ၍ ဖွင့်လှစ်ပေးနေခြင်း ဖြစ်သည်။