Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

ဝေါလေဒေသ ဥကရစ်ထ စစ်ကောင်စီစခန်းအား KNDO/KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ဇွန်လ ၂၆ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ဝေါလေ ဒေသ ဥကရစ်ထ စစ်ကောင်စီ စစ်ဆင်ရေးခြေကုတ်စခန်းအား ယနေ့ ဇွန်လ ၂၆ နံနက် ၈ နာရီကျော်ခန့် အချိန်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းအဖွဲ့ များက တက်ရောက်သိမ်းပိုက်လိုက်ကြောင်း မြေပြင်သတင်းအရ...

KNU နယ်မြေအတွင်းရှိ ကျေးရွာ(၁၅) ရွာကို စစ်ကောင်စီ ခြိမ်းခြောက်မောင်းထုတ်နေ

ဇွန်လ ၂၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)နယ်မြေ၊ ကျောက်ကြီးမြို့နယ်အတွင်း ရွာ(၁၅)ရွာရှိ ကျေးရွာအုပ်စု ၃ အုပ်စုမှ ဒေသခံများအား ရွာများမှ ထွက်ခွာကြရန် စစ်ကောင်စီတပ်က သတိပေးခြိမ်းခြောက် မောင်းထုတ်မှုများပြုလုပ်နေကြောင်း ယမန်နေ့ဇွန်လ ၂၄ရက်နေ့တွင် KNU က သတင်းထုတ်ပြန်ထားသည်။ ကျေးရွာတွင်းသို့ KNU၏ ဝင်ထွက်သွားလာမှုကို...

တရားမ၀င် ကုန်ပစ္စည်းတင်ဆောင်ကားများကြောင့် ကော့ကရိတ်ကျေးရွာချင်းဆက် လမ်း/တံတား များပျက်စီးနေ၍ ဒေသခံများအခက်ကြုံ

ဇွန်လ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် ဂိတ်များမှတဆင့် တရားမ၀င်တင်သွင်းလာသော ကုန်ပစ္စည်းများအား မြ၀တီ -ကော့ကရိတ်-ဖားအံ အာရှလမ်းမအတိုင်း သယ်ဆောင်ခြင်းမဟုတ်ဘဲ ဒေါနတောင်လမ်းဟောင်းဘက်မှ ကော့ကရိတ်-နဘူး-ထီလုံ-ဖားအံကျေးရွာချင်းဆက် လမ်းမကြီးဘက် သယ်ဆောင်ဖြတ်သန်းနေလာသောကြောင့် ဒေသကျေးရွာ လမ်း/တံတားများ ပြိုကျပျက်စီးနေပြီး ဒေသခံများ သွားလာရေးခက်ခဲလာနေကြောင်း ဒေသခံများက ပြောသည်။ ထီဖိုးစံရွာသားတစ်ဦးက...

ဘီးလင်း၊ ဒေါဇံကြီးတွင် အမျိုးသမီးအပါအဝင် အရပ်သား(၅)ဦးထက်မနည်း စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်

ဇွန်လ ၂၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ၊ ဘီးလင်းမြို့နယ် ဒေါဇံကြီး ကျေးရွာဘက်ကို ယမန်နေ့ ဇွန်လ၂၂ ရက်နေ့တွင် စစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီတပ်သည် အမျိုးသမီးအပါအဝင် အရပ်သား (၅)ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ အဆိုပါ ဖမ်းဆီးခံရသည့် အရပ်သားများမှာ စစ်ကြောင်းထိုးတက်လာသည့်...

ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်အများစု ကာကွယ်ဆေးထိုးနှံမှု မရကြသေးသည့်အတွက် ရောဂါကူးစက်ဖြစ်ပွားမည်ကို စိုးရိမ်နေ

ဇွန် ၂၃ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်ကျေးလက်ဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစနှင့် တစ်နှစ်အောက် ကလေးငယ်များအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံကြရမည့် ကာကွယ်ဆေးများကို အများစု မရကြသေးသည့်အတွက် ရောဂါကူးစက်ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်ဟု ကလေးမိခင်များက ပြောသည်။ ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် မေးခိုင်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံရသလို မွေးကင်းစနှင့် အသက် ၁ နှစ်ခွဲ ကလေးငယ်များအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာန၏...

မီတာခမဆောင်သောနေအိမ်များကို တရားစွဲမှုပြုလုပ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

ဇွန်လ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီနှင့် ဖားအံမြို့ပေါ်ရှိ နေအိမ်များနှင့်နေအိမ်တန်းလျားနေရာများတွင် လျှပ်စစ် မီတာခမဆောင်ပါက တရားစွဲဆိုမှုများပြုလုပ်မည်ဟု အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုနေကြောင်း မြို့ပေါ်နေဒေသခံများက ပြောသည်။ လက်ရှိတွင် မြဝတီမြို့ နှင့်ဖားအံမြို့ပေါ်ဒေသများတွင် လျှပ်စစ်မီးရရှိမှုမမှန်သော်လည်း မီတာခများကိုတိုး၍ ပေးဆောင်နေကြရပြီး မီတာခမဆောင်ပါက နေထိုင်သောနေအိမ်များကို မီးဖြတ်တောက်ပြီး...

ဖားအံတွင် ဆိုင်ကယ်တက္ကစီသမားများကို အကြောင်းပြချက်မရှိဘဲ ငွေညစ်တောင်းခံမှုများရှိနေ

ဇွန်လ ၂၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ဖားအံမြို့အတွင်းရှိ ဆိုင်ကယ်တက္ကစီသမားများကို မြို့တွင်းလုံခြုံရေးစောင့် စစ်ကောင်စီတပ် ဖွဲ့ဝင်များမှ အကြောင်းမဲ့ စစ်ဆေး ငွေညစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဆိုင်ကယ် တက္ကစီယာဉ်မောင်းသမားများက ကေအိုင်စီသို့ ပြောသည်။ အာဏာသိမ်းမှု နောက်ပြီး ဖားအံမြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ မြို့ဝင်၊ မြို့ထွက်အပြင်...

ဖားအံမြို့ပေါ်တွင် လျှပ်စစ်မီးပုံမှန်မရသောကြောင့် မီးစက်နှင့် Solar ပြားများကိုသာ အားထားနေရ

ဇွန်လ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ဖားအံမြို့တွင် လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်ခြင်းကြောင့် မြို့ခံများအနေဖြင့် လျှပ်စစ်မီးအစားထိုး မီးစက်နှင့် Solar(ဆိုလာ)ပြားများကိုသာ အားထားအသုံးပြုနေကြရကြောင်း မြို့ခံများက ပြောသည်။ ယခင် အာဏာသိမ်းမှုမတိုင်ခင် ကာလများတွင် လျှပ်စစ်မီးပြတ်တောက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိ...

စစ်ကောင်စီထောက်ခံသူက ရွာအတွင်းလက်နက်ကိုင်ဆောင်၍ ကြိမ်းမောင်းဆဲဆိုမှုများကြောင့် ဒေသခံများ စိုးရိမ်ပူပန်နေရ

ဇွန်လ ၂၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ မြ၀တီမြို့တောင်ဘက် ဖလူးကျေးရွာအုပ်စု မင်းလက်ပံ ကျေးရွာတွင် စစ်ဘေးရှောင်မိသားစုများ ပြန်လည်နေထိုင်စ ပြုလာနေဆဲအချိန်တွင် စစ်ကောင်စီ ထောက်ခံသူတစ်ဦးက ညစဉ် တုတ်၊ ဓါး လက်နက်ကိုင်ဆောင်၍ ဆူပူကြိမ်းမောင်း၊ စိန်ခေါ်ဆဲဆိုမှုများလုပ်ဆောင်သည့်အတွက် စိုးရိမ်ပူပန်နေရသည်ဟု ဒေသခံများက ပြောသည်။ အဆိုပါ စစ်ကောင်စီထောက်ခံသူသည် ကျေးရွာအတွင်း CDM...

လေးကေကော်ဒေသရှိ ပျံကျရွှေ့ပြောင်းလုပ်သား မိသားစု ၁၀၀ ခန့် နေရာထိုင်ခင်းနှင့် စားသောက်စရာ အခက်အခဲဖြစ်နေ

ဇွန်လ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ မြ၀တီမြို့တောင်ဘက် လေးကေကော်ဒေသ ဖလူးကျေးနယ်အပိုင် မင်းလက်ပံကျေးရွာရှိ ဒေသအတွင်း တောင်ယာပျံကျ လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းလုပ်သားမိသားစု ၁၀၀ ခန့်မှာ လက်ရှိတွင် နေရာထိုင်ခင်းနှင့် စားသောက်စရာ အခက်အခဲဖြစ်နေသည်ဟု သိရသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့်...
Donate