Hay Htoo
ကျေးရွာကာကွယ်ရေးအတွက်ဆိုကာ BGF မှ ကာကွယ်ရေးတပ်ဖွဲ့ဖွဲ့စည်းရန် စည်းရုံးပြောဆိုမှုများ ပြုလုပ်နေ
ဩဂုတ်လ ၂၄ ရက် ၊ ၂၀၂၂ ခုနှစ်၊၊ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့များသည် ကျေးရွာကာကွယ်ရေးအတွက်ဟုဆိုကာ ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းရန် လိုက်လံ စည်းရုံးပြောဆိုမှုများပြုလုပ်နေကြောင်း ဒေသခံရွာသားများထံမှ သိရသည်။
လှိုင်းဘွဲမြို့နယ်၊ ကော့ဝန်းကျေးရွာတွင် ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့က...
ကတိုင်တိ BGF ဂိတ်စခန်းငယ်တစ်ခုကို (KNLA)ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းခဲ့
ဩဂုတ်လ ၂၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
KNU−ကရင်အမျိူးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅)နယ်မြေ ကတိုင်တိကျေးရွာအုပ်စုရှိ နယ်ခြား စောင့်တပ် (BGF)ဂိတ်စခန်းငယ်တစ်ခုကို သြဂုတ်လ (၂၃)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ ကို သိမ်းဆည်းရမိခဲ့ကြောင်း KNU တပ်မဟာ (၅)ဘက်က သတင်းထုတ်ပြန်လိုက်သည်။
ကတိုင်တိကျေးရွာအုပ်စု၊ ဘောကျို့ထကျေးရွာအနီး၊ ကညင်ဒုံတံတားရှိ ကတိုင်တိကျေးရွာအခြေစိုက်အမှတ်...
ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ် ခရီးသွားပြည်သူများ BGF ၏ ခြိမ်းခြောက် ငွေညှစ်မှုများကြုံတွေ့နေရ
ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၂ ခုနှစ် ၊၊ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီဆက်သွယ်ထားသော အာရှလမ်းမကို အသုံးပြုသွားလာနေသည့်ခရီးသွား ပြည်သူများနှင့် ကုန်တင်ကားသမားများအား လမ်းကြောင်းတစ်လျှောက် ဂိတ်ချထားသော စစ်ကောင်စီ လက်အောက် ခံနယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်ငွေညှစ်တောင်းခံရမှု ကြုံတွေ့နေရကြောင်းကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ခရီးသွားပြည်သူများက ပြောသည်။...
အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးသင်တန်းကျောင်းတည်ထောင်သူ နှင့် မေးမြန်းချက်
တွေ့ဆုံမေးမြန်းခန်းကဏ္ဍ
အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးသင်တန်းကျောင်းတည်ထောင်သူ နှင့် မေးမြန်းချက်
“ဒီဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းအပေါ်မှာ အခြေခံပြီးတော့ ပညာရေးစနစ်ကို အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ယူဆတာက ဒီပညာရေးစနစ်သည် စစ်ကောင်စီလက်အောက်မှာ အကောင်အထည်ဖော်နေတဲ့ ပညာရေးစနစ်ထက် သာဖို့ရှိတယ်” (စောကပိ တည်ထောင်သူ၊ အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး သင်တန်းကျောင်း)
ဩဂုတ် ၂၄ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
စစ်ဏာသိမ်းပြီးနောက်ပိုင်း...
မြဝတီကုန်သွယ်ရေးဇုန်တွင် စစ်ကောင်စီတပ်က စည်းကမ်းချက်များနှင့် စစ်ဆေးတင်းကြပ်မှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေ
ဩဂုတ်လ ၂၃ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်စပ်ကုန်သွယ်ရေးဇုန်တွင် သြဂုတ်လ (၂၂) ရက်နေ့မှစပြီး စစ်ကောင်စီတပ်များက ကုန်တင် ကားကြီးနှင့် ပို့ကုန်သွင်းကုန်ယာဉ်များကို စစ်ဆေးမှုများ လုပ်ဆောင်လာသောကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်ဟု မြဝတီမြို့ခံများက ပြောသည်။
မြဝတီကုန်သွယ်ရေးဇုန်ရှိ အတက်အဆင်းပြုလုပ်နေသည့်ကားများနှင့် အနယ်နယ်အရပ်ရပ်ရှိ...
ကုလအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာများကို ရုပ်သိမ်းရန် အရပ်ဖက် ၈၆၄ ဖွဲ့ တောင်းဆို
ဩဂုတ်လ ၂၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်၏ လုပ်ကိုင်ခွင့် အာဏာများကို လာမည့် စက်တင်ဘာလတွင် ပြုလုပ်ကျင်းပသွားမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ရုပ်သိမ်းပေးရန် အရပ်ဖက်အဖွဲ့ (၈၆၄)ဖွဲ့ ပါဝင်၍ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နေ့စွဲဖြင့် ပူးတွဲထုတ်ပြန်တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံ၏ ဆိုးရွားလှသော...
ကုန်ဈေးနှုန်းမြင့်တက်နေချိန် ကရင်ပြည်နယ် ကွမ်းသီးနု ဈေးနှုန်းကျဆင်း
ဩဂုတ်လ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
လတ်တလော ကုန်ဈေးနှုန်း အလွန်မြင့်တက်နေချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ ကွမ်းသီးနုဈေးနှုန်းသည် ကျဆင်းလာပြီး ရရာစျေးနှုန်းဖြင့်သာ ရောင်းချပေးနေရသည်ဟု ကွမ်းစိုက်ခြံပိုင်ရှင်များက ကေအိုင်စီသို့ ပြော သည်။
ပြီးခဲ့သည့် ဇွန်လတွင် ကွမ်းသီးနုဈေးကွက်သည် တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၆၀ ကျော်ခန့်ပေါက်ဈေးရှိပြီး ယခု...
ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီတပ်မှလေယာဉ်နှင့် နှစ်ကြိမ်တိုင် လာရောက်ပစ်ခတ်တိုက်ခိုက်
ဩဂုတ် ၂၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၏ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ၊ မုန်းမြို့နယ်ထဲတွင် ယနေ့နံနက် ၈နာရီဝန်းကျင်၌ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် (၂)ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်တိုက်မှုလုပ်ဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
မုန်းမြို့နယ်ရှိ ကနစိုးပင်ကျေးရွာတွင် ယနေ့ နံနက်က နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း(၈)နှင့်...
ဖလူး-ဝေါလေ ၃ ထပ်ကွေ့အား မြေပြင်နှင့်လေကြောင်း ပူးပေါင်းတိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်အကျအဆုံးရှိနေ
ဩဂတ် ၂၃ ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ
မြ၀တီမြို့တောင်ဘက်ဝေါလေလမ်းပိုင်း ၃ထပ်ကွေ့နေရာအား ယနေ့သြဂုတ် ၂၃ ရက်နံနက် ၁၀ နာရီခန့်မှ စတင်၍ စစ်ကောင်စီက မြေပြင်စစ်ကြောင်းများ၊ လေကြောင်းမှဂျက်တိုက်လေယာဉ်များ၊ လက်နက်ကြီးပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေကြောင်း သိရသည်။
"တိုက်ပွဲက...
ကျုံဒိုးနယ်ထဲတွင် ကလေးငယ်များအကြား အရေပြားအဖုအပိတ်ဖြစ်ပွားမှုများနေ
ဩဂုတ်လ ၂၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကျုံဒိုမြို့နယ်(ကော့ကရိတ်မြို့နယ်)ရှိ ကျေးရွာအချို့တွင် ကလေးသူငယ်များအကြား အရေပြားပေါ်တွင် အရည်ကြည်အဖုအပိတ်ဖြစ်ပွားမှုများနေသည်ဟု ဒေသခံများထံမှ သိရသည်။
(၅)နှစ်အောက် ကလေးငယ်များကိုသာ အများစုဖြစ်ပွားလျက်ရှိပြီး ပါးစပ်အတွင်းပိုင်းနှင့် ခန္ဓကိုယ်အနှံ့တွင် အရည်ကြည်ဖုများပေါက်ကာ အဖုများစထွက်သည့်အချိန်တွင် အချို့ကလေးငယ်များမှာ ကိုယ်ပူခြင်းနှင့်အတူ နှာရည်ယိုခြင်းစသည့်လက္ခဏာများတွေ့ရှိရသည်ဟု ကလေးမိဘများ၏ ပြောဆိုချက်အရ...















